အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၌ တကၠသိုလ္၀င္ စာေမးပြဲတြင္ ထူးခၽြန္စြာ ေအာင္ျမင္ခဲ႕ၾကေသာ စစ္သည္မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္

 

ေနျပည္ေတာ္  ဇူလုိင္ ၁၁

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ တကၠသိုလ္္၀င္ စာေမးပြဲတြင္ ထူးခၽြန္စြာ ေအာင္ျမင္ခဲ့ ေသာ စစ္သည္မ်ား၊  တပ္မေတာ္သား မိသားစု၀င္ သားသမီးမ်ား၊ စစ္မႈထမ္းေဟာင္းမိသားစု ၀င္သားသမီး ေက်ာင္းသား၊ ေက်ာင္းသူမ်ား ႏွင့္  ဘက္စုံပညာ ထူးခၽြန္ဆုရ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဂုဏ္ျပဳဆုေပးအပ္ျခင္းကို ယေန႔နံနက္ပိုင္းတြင္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ အမ္းေတာင္ခန္းမ၌ျပဳလုပ္ရာ ဒုတိယတိုင္းမွဴး ဗိုလ္မွဴးခ်ဳပ္ဆန္နီအုန္းႏွင့္ အရာရိွ၊ စစ္သည္၊ မိသားစုမ်ား၊ စစ္မႈထမ္း ေဟာင္းအဖြဲ႕၀င္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ဆုရ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ မိဘမ်ားႏွင့္  ဖိတ္ၾကား ထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ဒုတိယတိုင္းမွဴးက အဖြင့္အမွာ စကားေျပာၾကားသည္။ ထုိ႔ေနာက္ ဆုေပးပြဲကို  ဆက္လက္ျပဳလုပ္ရာ  ၂၀၁၈-၂၀၁၉  ပညာသင္ႏွစ္တြင္ တကၠသိုလ္၀င္ စာေမးပြဲ၌ ၆ ဘာသာဂုဏ္ထူးရွင္ ေလးဦး၊ ၅ ဘာသာ ဂုဏ္ထူးရွင္ တစ္ဦး၊ ၄ ဘာသာဂုဏ္ထူးရွင္ ေလးဦး၊ ၃ ဘာသာဂုဏ္ထူးရွင္ ႏွစ္ဦး၊ ၂ ဘာသာဂုဏ္ထူးရွင္ ေလးဦး၊ ၁ ဘာသာ ဂုဏ္ထူးရွင္ ၁၂ ဦးႏွင့္ စစ္သည္ေျခာက္ဦးႏွင့္   ဘက္စုံထူးခၽြန္ဆုရွင္  သုံးဦးတို႔အား ဒုတိယတိုင္းမွဴးႏွင့္ အဖြဲ႕၀င္မ်ားက ဂုဏ္ျပဳ ဆုမ်ားႏွင့္ ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ား အသီးသီး ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကေၾကာင္း  သတင္းရရွိသည္။  

(Unicode Version)

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော စစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်  ဇူလိုင် ၁၁

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ သော စစ်သည်များ၊  တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစု ဝင်သားသမီး ကျောင်းသား၊ ကျောင်းသူများ နှင့်  ဘက်စုံပညာ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းတောင်ခန်းမ၌ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဆန်နီအုန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်  ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို  ဆက်လက်ပြုလုပ်ရာ  ၂၀၁၈-၂၀၁၉  ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ၆ ဘာသာဂုဏ်ထူးရှင် လေးဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် လေးဦး၊ ၃ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် လေးဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦးနှင့် စစ်သည်ခြောက်ဦးနှင့်   ဘက်စုံထူးချွန်ဆုရှင်  သုံးဦးတို့အား ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြု ဆုများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း  သတင်းရရှိသည်။ 

Recent News