အေျခခံပညာေက်ာင္းမ်ား၌ ေက်ာင္းက်န္းမာေရး စစ္ေဆးကုသ

 

ေနျပည္ေတာ္   ဇူလိုင္  ၁၁

ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕မ်ားက စာသင္ေက်ာင္းမ်ားတြင္ ေက်ာင္းက်န္းမာေရး စစ္ေဆး ကုသေပးျခင္း၊ ေဒသခံျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို က်န္းမာေရးအသိပညာေပး ေဟာေျပာျခင္းမ်ား ေဆာင္ရြက္ေပးလ်က္ ရွိသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕မ်ားက ဇူလုိင္ ၁၀ ရက္တြင္ ပဲခူးတုိင္း ေဒသႀကီး၊ ျပည္ၿမိဳ႕နယ္၊ မုေ႒ာေက်းရြာအုပ္စု၊ ဘုန္းေတာ္ႀကီး ေက်ာင္း၌ ေဒသခံျပည္သူ ၁၆၂ ဦးကိုလည္း ေကာင္း၊     ပန္းေတာင္းၿမိဳ႕နယ္၊  ထိပ္ေပါက္ ေက်းရြာ၊ အေျခခံပညာအလယ္တန္းေက်ာင္း (ကၽြန္းႀကီး)ရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၆၃ ဦးကိုလည္းေကာင္း၊ ပဲခူးၿမိဳ႕၊ ထန္းပင္ေခ်ာင္း၊ အေျခခံပညာမူလတန္းေက်ာင္းရွိ ေက်ာင္း သား၊ ေက်ာင္းသူ ၅၈ ဦးႏွင့္ ေဒသခံျပည္သူ ၅၅ ဦးကိုလည္းေကာင္း၊ ငါးႀကီးအင္းေက်းရြာ၊ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းရွိ ေက်ာင္း သား၊ ေက်ာင္းသူ ၇၀ ဦးႏွင့္ ေဒသခံျပည္သူ ၃၀ ဦးတို႔ကိုလည္းေကာင္း၊ အုတ္တြင္းၿမိဳ႕နယ္၊ ေပါက္ေတာေက်းရြာအုပ္စု၊ ဘုဒလက္အေျခခံ ပညာမူလတန္းေက်ာင္းရွိ   ေက်ာင္းသား၊ ေက်ာင္းသူ ၁၈၆ ဦးကိုလည္းေကာင္း ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၃၇၇ ဦးတုိ႔ကို စာသင္ေက်ာင္းအသီးသီး၌ အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ ေက်ာင္းက်န္းမာေရး စစ္ေဆး ေပးျခင္းႏွင့္ ေဒသခံျပည္သူစုစုေပါင္း ၂၄၇ ဦးတုိ႔ကို မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေရျပားေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပး ျခင္းမ်ား ေဆာင္ရြက္ေပးၿပီး  ေသြးလြန္တုပ္ေကြး ေရာဂါအေၾကာင္း  က်န္းမာေရးအသိပညာေပး ေဟာေျပာ ေဆြးေႏြး ျခင္းမ်ား  ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ တပ္နယ္ အသီးသီးမွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေက်ာင္း၀င္းမ်ား အတြင္း/အျပင္ရွိ ခ်ဳံႏြယ္ ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊  သန္႔ရွင္းေရးျပဳလုပ္ ေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ဆရာ၊ ဆရာမ မ်ား၊ မိသားစု၀င္မ်ားႏွင့္ ပညာေရး၀န္ထမ္း မ်ားကို တပ္မေတာ္သား မိသားစု၀င္မ်ား၏ တပ္ပိုင္ႏွင့္တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမွ ထြက္ရွိေသာ အသားငါး၊ ဟင္းသီး ဟင္းရြက္၊  ၾကက္ဥႏွင့္ ဘဲဥမ်ားကို ျပင္ပေပါက္ ေစ်းထက္   သက္သာေသာ ေစ်းႏႈန္း မ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး စစ်ဆေးကုသ

နေပြည်တော်   ဇူလိုင်  ၁၁

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့များက စာသင်ကျောင်းများတွင် ကျောင်းကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဇူလိုင် ၁၀ ရက်တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့နယ်၊ မုဋ္ဌောကျေးရွာအုပ်စု၊ ဘုန်းတော်ကြီး ကျောင်း၌ ဒေသခံပြည်သူ ၁၆၂ ဦးကိုလည်း ကောင်း၊     ပန်းတောင်းမြို့နယ်၊  ထိပ်ပေါက် ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ကျွန်းကြီး)ရှိ ကျောင်းသား၊ ကျောင်းသူ ၆၃ ဦးကိုလည်းကောင်း၊ ပဲခူးမြို့၊ ထန်းပင်ချောင်း၊ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်း သား၊ ကျောင်းသူ ၅၈ ဦးနှင့် ဒေသခံပြည်သူ ၅၅ ဦးကိုလည်းကောင်း၊ ငါးကြီးအင်းကျေးရွာ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်း သား၊ ကျောင်းသူ ၇၀ ဦးနှင့် ဒေသခံပြည်သူ ၃၀ ဦးတို့ကိုလည်းကောင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ဘုဒလက်အခြေခံ ပညာမူလတန်းကျောင်းရှိ   ကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၇၇ ဦးတို့ကို စာသင်ကျောင်းအသီးသီး၌ အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ ကျောင်းကျန်းမာရေး စစ်ဆေး ပေးခြင်းနှင့် ဒေသခံပြည်သူစုစုပေါင်း ၂၄၇ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး  သွေးလွန်တုပ်ကွေး ရောဂါအကြောင်း  ကျန်းမာရေးအသိပညာပေး ဟောပြော ဆွေးနွေး ခြင်းများ  ဆောင်ရွက်ပေးသည်။

ထို့ပြင် တပ်နယ် အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊  သန့်ရှင်းရေးပြုလုပ် ပေးခြင်းများဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမ များ၊ မိသားစုဝင်များနှင့် ပညာရေးဝန်ထမ်း များကို တပ်မတော်သား မိသားစုဝင်များ၏ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိသော အသားငါး၊ ဟင်းသီး ဟင်းရွက်၊  ကြက်ဥနှင့် ဘဲဥများကို ပြင်ပပေါက် ဈေးထက်   သက်သာသော ဈေးနှုန်း များဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News