ကေလးၿမိဳ့နယ္၊ သာစည္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းခြဲ၌ က်န္းမာေရး စစ္ေဆးကုသ

 

ေနျပည္ေတာ္   ဇူလုိင္  ၁၁

စစ္ကုိင္းတုိင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္၊ သာစည္ေက်းရြာ အေျခခံပည ာအထက္တန္း ေက်ာင္းခြဲရွိ ဆရာ၊ ဆရာမမ်ား၊  ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပုိင္းတြင္ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆုိပါေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ ေပးသည္။

ထုိသုိ႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမ ၂၄ ဦးႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူ ၂၅၇ ဦးတုိ႔ကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္းႏွင့္ မ်က္စိေရာဂါ၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ ကေလး ေရာဂါ၊ အေထြေထြေရာဂါ တုိ႔ႏွင့္ပတ္သက္၍ လုိအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ ေပးသည္။ ယင္းသုိ႔ ေဆာင္ရြက္ ေပးေနမႈမ်ားကို တုိင္းစစ္ဌာနခ်ဳပ္မွ တာ၀န္ရွိသူမ်ားက  သြားေရာက္ၾကည့္႐ႈ အားေပးၿပီး အဆုိပါ ေက်းရြာရွိ ပရဟိတ ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ မဟာသဒၶမၼ ေဇာတိကဓဇ ဘဒၵႏၱ ကုသလအား ဖူးေျမာ္ ၍ ဆန္၊ ဆီႏွင့္ လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။

ထုိ႔ျပင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား တပ္ပိုင္ႏွင့္ မိသားစုတစ္ပုိင္ တစ္ႏုိင္    ေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိ သည့္ ၾကက္ဥႏွင့္ အသားမ်ားကို  သက္သာ ေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

ကလေးမြို့နယ်၊ သာစည်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျန်းမာရေး စစ်ဆေးကုသ

နေပြည်တော်   ဇူလိုင်  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာ အခြေခံပည ာအထက်တန်း ကျောင်းခွဲရှိ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ၂၄ ဦးနှင့် ကျောင်း သား၊ ကျောင်းသူ ၂၅၇ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းနှင့် မျက်စိရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးပြီး အဆိုပါ ကျေးရွာရှိ ပရဟိတ ဘုန်းတော်ကြီးကျောင်း ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ကုသလအား ဖူးမြော် ၍ ဆန်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့ပြင် ဆရာ၊ ဆရာမများနှင့် ဒေသခံ ပြည်သူများအား တပ်ပိုင်နှင့် မိသားစုတစ်ပိုင် တစ်နိုင်    မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိ သည့် ကြက်ဥနှင့် အသားများကို  သက်သာ သောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။  

Recent News