မတူပီၿမိဳ႔၊ ၿမိဳ့ပတ္လမ္း အနီး၌ ေျမၿပိဳက်မႈအား ကူညီ ကယ္ဆယ္ေရး ေဆာင္ရြက္

 

ေနျပည္ေတာ္   ဇူလုိင္  ၁၁

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕၌ ဇူလုိင္လ အတြင္း မုိးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ခုိေဘြရပ္ကြက္၊ ၿမိဳ႕ပတ္လမ္း လူေနအိမ္မ်ား အနီး၌ ဇူလုိင္ ၁၀ ရက္ နံနက္ပုိင္းတြင္ ဆင္ေျခေလွ်ာမွ ေျမၿပိဳက်၍ လမ္းပိတ္ဆုိ႔ မႈျဖစ္ပြား ခဲ့သည္။ အဆုိပါေနရာသို႔ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္ မတူပီ တပ္နယ္မွ တပ္မေတာ္သားမ်ားက ျမန္မာ ႏုိင္ငံ ရဲတပ္ဖြဲ႕၀င္မ်ား၊ မီးသတ္ တပ္ဖြဲ႕၀င္မ်ား၊ ေဒသခံ ျပည္သူမ်ားႏွင့္ ပူးေပါင္း၍ ၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ ေျမထုိးယာဥ္ႏွစ္စီး တုိ႔၏အကူအညီျဖင့္ ပိတ္ဆုိ႔ေနေသာေျမစာမ်ား ဖယ္ရွား ရွင္းလင္းေပးျခင္းႏွင့္ ေျမစာမ်ား ထပ္မံၿပိဳက်မႈ မျဖစ္ေပၚ ေစေရးအတြက္ မိုးကာမ်ား အုပ္မုိးေပးျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။    

(Unicode Version)

မတူပီမြို့၊ မြို့ပတ်လမ်း အနီး၌ မြေပြိုကျမှုအား ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်

နေပြည်တော်   ဇူလိုင်  ၁၁

ချင်းပြည်နယ်၊ မတူပီမြို့၌ ဇူလိုင်လ အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ခိုဘွေရပ်ကွက်၊ မြို့ပတ်လမ်း လူနေအိမ်များ အနီး၌ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ဆင်ခြေလျှောမှ မြေပြိုကျ၍ လမ်းပိတ်ဆို့ မှုဖြစ်ပွား ခဲ့သည်။ အဆိုပါနေရာသို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မတူပီ တပ်နယ်မှ တပ်မတော်သားများက မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ မြို့နယ် လမ်းဦးစီးဌာနမှ မြေထိုးယာဉ်နှစ်စီး တို့၏အကူအညီဖြင့် ပိတ်ဆို့နေသောမြေစာများ ဖယ်ရှား ရှင်းလင်းပေးခြင်းနှင့် မြေစာများ ထပ်မံပြိုကျမှု မဖြစ်ပေါ် စေရေးအတွက် မိုးကာများ အုပ်မိုးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။     

 

Recent News