ျမစ္ႀကီးနားၿမိဳ့ႏွင့္ တႏုိင္းၿမိဳ႔နယ္အတြင္း ေရႀကီး၊ ေရလွ်ံျဖစ္ပြားမႈအား ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္

 

ေနျပည္ေတာ္  ဇူလုိင္  ၁၁

ကခ်င္ျပည္နယ္၊  ျမစ္ႀကီးနားၿမိဳ႕တြင္    မိုးအဆက္မျပတ္ရြာသြန္းကာ ဧရာ၀တီျမစ္ေရ တုိးျမင့္လ်က္ရွိၿပီး ယေန႔တြင္ အလယ္ကုန္းရပ္ကြက္၊ ရမ္ပူ ရပ္ကြက္၊ ၿမိဳ႕သစ္ႀကီးရပ္ကြက္ႏွင့္ ေရၾကည္ေက်းရြာမ်ားသို႔ ေရမ်ား၀င္ေရာက္ခဲ့၍ ေရႀကီး၊ ေရလွ်ံမႈမ်ားျဖစ္ပြားခဲ့သည္။

အဆုိပါ ေရႀကီး၊ ေရလွ်ံမႈျဖစ္ပြားရာေနရာသို႔ ျမစ္ႀကီးနားတပ္နယ္မွ တပ္မေတာ္သားမ်ားက သြားေရာက္၍ ေရလြတ္ကင္းမႈ မရွိေသာ အိမ္ေထာင္စု  ၁၆၀ စု၊ လူဦးေရ စုစုေပါင္း ၇၁၀ ဦးအား ျမစ္ႀကီးနားၿမိဳ႕ရွိ ခ်မ္းသာႀကီး၊ ေခမာသီရိ၊ ေအာင္သိဒ္ၶီမာမက၊ ဆုထူးပန္၊ ေအာင္ေဇ ရန္ေအာင္ဘုန္းႀကီး ေက်ာင္းမ်ားႏွင့္ အမွတ္(၄)အေျခခံပညာအထက္တန္းေက်ာင္းသို႔ ကူညီေရႊ႕ေျပာင္းေပးၾကသည္။ ထုိ႔ျပင္ ေရလြတ္ ကင္းရာသို႔ ေျပာင္းေရႊ႕ေနထုိင္ ရေသာ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား  ေဆာင္ရြက္ ေပးႏုိင္ရန္ အတြက္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕မ်ားႏွင့္ ေရေဘး ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္အတြက္ ျမစ္ႀကီးနားတပ္နယ္မွ တပ္မေတာ္သားတုိ႔ကုိလည္း အသင့္စုဖြဲ႕ထားရွိေၾကာင္း သိရွိရသည္။

အလားတူ တႏုိင္းၿမိဳ႕နယ္၊ ပႏၷက္ေက်းရြာ အနီး တႏုိင္း-ရွင္ေဗြယန္လမ္းမႀကီးေပၚရွိ မုိင္တုိင္အမွတ္ ၁၄၀ ႏွင့္ ၁၄၁ ၾကား၊ ၁၆၉ႏွင့္ ၁၇၁ ၾကားတုိ႔တြင္ ကားလမ္းမေပၚသုိ႔ ေခ်ာင္းေရမ်ားျမင့္တက္မႈမ်ား ျဖစ္ပြားလ်က္ရွိျခင္းေၾကာင့္ တႏုိင္းတပ္နယ္မွ တပ္မေတာ္ သားမ်ားက ဌာနဆုိင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ စက္ေလွမ်ားျဖင့္ ျဖတ္သန္းသြား လာႏုိင္ေရးကူညီေဆာင္ရြက္ေပးခဲ့သည္။ ထုိ႔ျပင္ တႏုိင္းၿမိဳ႕ ပခံုး ကြက္သစ္ႏွင့္ ဆင္မဆာ့ရပ္ ကြက္တုိ႔တြင္ ေရႀကီး၊ ေရလွ်ံျခင္းမ်ား ျဖစ္ေပၚလ်က္ရွိျခင္းေၾကာင့္ ရပ္ကြက္မ်ားသို႔ ထမင္းဘူးႏွင့္ ေသာက္သံုးေရမ်ား လုိက္လံျဖန္႔ေ၀ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့နယ်အတွင်း ရေကြီး၊ ရေလျှံဖြစ်ပွားမှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၁၁

ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့တွင်    မိုးအဆက်မပြတ်ရွာသွန်းကာ ဧရာဝတီမြစ်ရေ တိုးမြင့်လျက်ရှိပြီး ယနေ့တွင် အလယ်ကုန်းရပ်ကွက်၊ ရမ်ပူ ရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်နှင့် ရေကြည်ကျေးရွာများသို့ ရေများဝင်ရောက်ခဲ့၍ ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့သည်။

အဆိုပါ ရေကြီး၊ ရေလျှံမှုဖြစ်ပွားရာနေရာသို့ မြစ်ကြီးနားတပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ ရေလွတ်ကင်းမှု မရှိသော အိမ်ထောင်စု  ၁၆၀ စု၊ လူဦးရေ စုစုပေါင်း ၇၁၀ ဦးအား မြစ်ကြီးနားမြို့ရှိ ချမ်းသာကြီး၊ ခေမာသီရိ၊ အောင်သိဒ်္ဓီမာမက၊ ဆုထူးပန်၊ အောင်ဇေ ရန်အောင်ဘုန်းကြီး ကျောင်းများနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ ကူညီရွှေ့ပြောင်းပေးကြသည်။ ထို့ပြင် ရေလွတ် ကင်းရာသို့ ပြောင်းရွှေ့နေထိုင် ရသော ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် ပေးနိုင်ရန် အတွက် နယ်လှည့် ဆေးကုသရေး အဖွဲ့များနှင့် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် မြစ်ကြီးနားတပ်နယ်မှ တပ်မတော်သားတို့ကိုလည်း အသင့်စုဖွဲ့ထားရှိကြောင်း သိရှိရသည်။

အလားတူ တနိုင်းမြို့နယ်၊ ပန္နက်ကျေးရွာ အနီး တနိုင်း-ရှင်ဗွေယန်လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၁၄၀ နှင့် ၁၄၁ ကြား၊ ၁၆၉နှင့် ၁၇၁ ကြားတို့တွင် ကားလမ်းမပေါ်သို့ ချောင်းရေများမြင့်တက်မှုများ ဖြစ်ပွားလျက်ရှိခြင်းကြောင့် တနိုင်းတပ်နယ်မှ တပ်မတော် သားများက ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်လှေများဖြင့် ဖြတ်သန်းသွား လာနိုင်ရေးကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် တနိုင်းမြို့ ပခုံး ကွက်သစ်နှင့် ဆင်မဆာ့ရပ် ကွက်တို့တွင် ရေကြီး၊ ရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ရပ်ကွက်များသို့ ထမင်းဘူးနှင့် သောက်သုံးရေများ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News