ထိန္းသိမ္းစစ္ေဆးမႈမ်ားေဆာင္ရြက္စဥ္ ေသဆံုးမႈအခ်ိဳ႕နွင့္စပ္လ်ဥ္း၍ စံုစမ္းစစ္ေဆးေရးခံုရံုး ဖြဲ႔စည္းစစ္ေဆး ေဆာင္ရြက္သြားမည္

ထိန္းသိမ္းစစ္ေဆးမႈမ်ားေဆာင္႐ြက္စဥ္ ေသဆုံးမႈအခ်ိဳ႕ႏွင့္စပ္လ်ဥ္း၍ စုံစမ္းစစ္ေဆးေရးခုံ႐ုံး ဖြဲ႕စည္းစစ္ေဆး ေဆာင္႐ြက္သြားမည္

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ရွိ ပန္းေျမာင္းေက်း႐ြာ၊ ေျမာက္ဦးၿမိဳ႕နယ္ရွိ လကၠာေက်း႐ြာ၊ ရေသ့ေတာင္ၿမိဳ႕နယ္ရွိ ေက်ာက္တန္းေက်း႐ြာ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ မင္းသားေတာင္ေက်း႐ြာႏွင့္ ေျမာက္ဦးၿမိဳ႕နယ္ရွိ ေဝသာလီဆုေတာင္းျပည့္ဘုရားအနီးေဒသမ်ားတြင္ တပ္မေတာ္သားမ်ားက ေအေအ လက္နက္ကိုင္ေသာင္းက်န္းသူမ်ားႏွင့္ ဆက္ႏြယ္ပတ္သက္သူ၊ ဆက္ႏြယ္ပတ္သက္သူဟု သံသယရွိသူမ်ားကို ထိန္းသိမ္း စစ္ေဆးမႈမ်ားေဆာင္႐ြက္စဥ္ ေသဆုံးမႈအခ်ိဳ႕ ျဖစ္ေပၚခဲ့ေၾကာင္းႏွင့္ ေသဆုံးမႈမ်ားကိုလည္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းမီဒီယာမ်ားမွတစ္ဆင့္ သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္ပါသည္။ ေသဆုံးမႈျဖစ္စဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ အမွန္အတိုင္းေပၚေပါက္ေစရန္ သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္က တပ္မေတာ္နည္းဥပေဒ ၁၇၆ ႏွင့္အညီ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ ၁၂ ရက္ေန႔မွစ၍ စုံစမ္းစစ္ေဆးေရးခုံ႐ုံး ဖြဲ႕စည္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version )

ထိန်းသိမ်းစစ်ဆေးမှုများဆောင်ရွက်စဉ် သေဆုံးမှုအချို့နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းစစ်ဆေး ဆောင်ရွက်သွားမည်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ပန်းမြောင်းကျေးရွာ၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာ၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာ ၊ ကျောက်တော်မြို့နယ်ရှိ မင်းသားတောင်ကျေးရွာနှင့် မြောက်ဦးမြို့နယ်ရှိ ဝေသာလီဆုတောင်းပြည့်ဘုရားအနီးဒေသများတွင် တပ်မတော်သားများက အေအေ လက်နက်ကိုင်သောင်းကျန်းသူများနှင့် ဆက်နွယ်ပတ်သက်သူ၊ ဆက်နွယ်ပတ်သက်သူဟု သံသယရှိသူများကို ထိန်းသိမ်း စစ်ဆေးမှုများဆောင်ရွက်စဉ် သေဆုံးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် သေဆုံးမှုများကိုလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သေဆုံးမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အမှန်အတိုင်းပေါ်ပေါက်စေရန် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်က တပ်မတော်နည်းဥပဒေ ၁၇၆ နှင့်အညီ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

 

Recent News