၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ တကၠသုိလ္၀င္စာေမးပြဲတြင္ ထူးခြၽန္စြာေအာင္ျမင္ခဲ႕ၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအားဂုဏ္ျပဳခ်ီးျမႇင့္

 

ေနျပည္ေတာ္ ဇူလုိင္ ၁၂

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ တကၠသိုလ္၀င္စာေမးပြဲတြင္ ထူးခြၽန္စြာေအာင္ျမင္ခဲ့ေသာ တပ္မေတာ္သားမိသားစု၀င္ သားသမီးမ်ား၊ စစ္မႈထမ္းေဟာင္းမိသားစု၀င္ သားသမီးမ်ားႏွင့္ စစ္သည္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းခန္းမ၌ျပဳလုပ္ရာ တုိင္းမွဴးဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးႏွင့္ အဖြဲ႕၀င္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ မိဘမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အဖြင့္အမွာစကားေျပာၾကားသည္။ ထို႔ေနာက္ ဆုေပးပြဲကိုဆက္လက္ျပဳလုပ္ရာ တပ္မေတာ္အေျခခံပညာအထက္တန္းေက်ာင္းမ်ားတြင္ ေအာင္ခ်က္အေကာင္းဆံုး တတိယဆု ရရွိသည့္ အမွတ္(၂)အေျခခံပညာအထက္တန္းေက်ာင္း(သိန္းနီ)ႏွင့္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ တကၠသိုလ္၀င္စာေမးပြဲ၌ ထူးခြၽန္စြာေအာင္ျမင္ခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ စစ္သည္မ်ားကို တုိင္းမွဴးႏွင့္တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

အဆိုပါဂုဏ္ျပဳဆုခ်ီးျမႇင့္ပြဲတြင္ ၆ ဘာသာဂုဏ္ထူးရွင္တစ္ဦး၊ ၅ ဘာသာဂုဏ္ထူးရွင္ႏွစ္ဦး၊ ၄ ဘာသာဂုဏ္ထူးရွင္ႏွစ္ဦး၊ ၃ ဘာသာဂုဏ္ထူးရွင္ငါးဦး၊ ၂ ဘာသာဂုဏ္ထူးရွင္ကိုးဦး၊ ၁ ဘာသာဂုဏ္ထူးရွင္ ၂၂ ဦး၊ တကၠသိုလ္၀င္စာေမးပြဲေအာင္ျမင္သည့္ စစ္သည္ခုနစ္ဦးတို႔အား အသီးသီးဆုမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်

နေပြည်တော် ဇူလိုင် ၁၂

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော တပ်မတော်သားမိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများနှင့် စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများတွင် အောင်ချက်အကောင်းဆုံး တတိယဆု ရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(သိန်းနီ)နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များကို တိုင်းမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ ၅ ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်ငါးဦး၊ ၂ ဘာသာဂုဏ်ထူးရှင်ကိုးဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် စစ်သည်ခုနစ်ဦးတို့အား အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News