ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကိုယ္စားလွယ္အားလက္ခံေတြ႕ဆုံ

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကိုယ္စားလွယ္အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇူလိုင္  ၁၅

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း သည္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကိုယ္စားလွယ္ Mrs. Christine Schraner Burgener အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္ ၌ လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသုိ႕ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကိုယ္စားလွယ္ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ လတ္တေလာျဖစ္ေပၚေနသည့္ ေရႀကီးေရလွ်ံမႈမ်ားတြင္ တပ္မေတာ္သားမ်ားမွ အေရးေပၚကူညီကယ္ဆယ္ေရးႏွင့္ ေထာက္ပံ့ေရးမ်ားေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေစရန္ ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊နယ္ေျမလံုၿခံဳေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္ အေနျဖင့္ ဥပေဒႏွင့္အညီေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ တပ္မေတာ္အတြင္း အရြယ္မေရာက္ေသး သူကေလးသူငယ္မ်ား စစ္မႈထမ္းျခင္းမရွိေစေရး CTFMR ႏွင့္ ပူးေပါင္းေဆာင္ရြက္ခဲ့မႈ အေျခအေန မ်ား၊ ရခိုင္ျပည္နယ္အတြင္း ေနရပ္စြန္႔ခြာေနသူမ်ားအား ဥပေဒႏွင့္အညီ ျပန္လည္လက္ခံ ႏိုင္ေရး ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ပဋိပကၡျဖစ္ပြားရာေဒသမ်ားသို႔ လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာ အဖြဲ႕အစည္းမ်ားသြားလာႏိုင္ေရးခြင့္ျပဳထားမႈအေျခအေန မ်ားအားရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြး ခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာအထူးကိုယ္စားလွယ္တို႔သည္ အဖြဲ႕၀င္မ်ား ႏွင့္ အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်  ၁၅

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လတ်တလောဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများတွင် တပ်မတော်သားများမှ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးများဆောင်ရွက်ပေးနေမှုအခြေအနေများ၊ AA အကြမ်းဖက်သောင်းကျန်းသူများက ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ဆောင်ရွက်နေမှုအခြေအနေများ၊နယ်မြေလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် အနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်အတွင်း အရွယ်မရောက်သေး သူကလေးသူငယ်များ စစ်မှုထမ်းခြင်းမရှိစေရေး CTFMR နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေ များ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာနေသူများအား ဥပဒေနှင့်အညီ ပြန်လည်လက်ခံ နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်ပဋိပက္ခဖြစ်ပွားရာဒေသများသို့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများသွားလာနိုင်ရေးခွင့်ပြုထားမှုအခြေအနေ များအားရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့သည် အဖွဲ့ဝင်များ နှင့် အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News