AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ႏွင့္ ပတ္သက္ဆက္ႏြယ္ေနသူမ်ားအား ဖမ္းဆီးရမိ

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ႏွင့္ ပတ္သက္ဆက္ႏြယ္ေနသူမ်ားအား ဖမ္းဆီးရမိ

ေနျပည္ေတာ္ ၊ ဇူလုိင္  ၁၆

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕၀င္မ်ားသည္ ဇူလုိင္ ၁၅ ရက္ နံနက္ ၆ နာရီခြဲခန္႕တြင္ ကန္ေစာက္ေက်းရြာ၏  အေရွ႕ဘက္ ၁ မုိင္ခန္႕အကြာေနရာ၌ လုံၿခံဳေရးေဆာင္ရြက္ေနစဥ္ ပုဏၰားကြၽန္းဘက္မွ ေက်ာက္ေတာ္ဘက္သို႕ ေစတီနန္းေက်းရြာေန ယာဥ္ေမာင္း ေက်ာ္ျမင့္(ဘ)ဦးေမာင္သိန္း ေမာင္းႏွင္လာၿပီး ယာဥ္ေပၚတြင္  ယိုးတ႐ုတ္ေက်းရြာ ေနသူမ်ားျဖစ္သည့္ မင္းႏိုင္ေ႒း(ဘ) ဦးေက်ာ္ဇင္ေအာင္ႏွင့္ ေမာင္ဦးၿငိမ္းေ၀(ဘ) ဦးဘသန္း တုိ႕ လိုက္ပါလာသည့္ Starex အမ်ဳိးအစား ယာဥ္အမွတ္၊ BGO- 3P/---------ေမာ္ေတာ္ ယာဥ္အား ရပ္တန္႕ စစ္ေဆးရာ ယာဥ္ေပၚတြင္ လက္လုပ္ခါးခ်ဳိး ၁ လံုးထုိးေသနတ္ ၁ လက္၊ ၅ ဒသမ ၅၆ မမက်ည္ ၂၈ ေတာင့္၊ အ႐ိုးအသြား ၉ လက္မခန္႕ရွိ ဓား ၁ ေခ်ာင္း၊ အ႐ိုးအသြား ၃ ေပ ၆ လက္မခန္႕ရွိ ဓားရွည္ ၁ ေခ်ာင္း၊ WY စာတမ္းပါစိတ္ႂကြ႐ူးသြပ္ ေဆးျပား ၂၀၀၀ ျပား (စုစုေပါင္းမူးယစ္ ေဆး၀ါးတန္ဖုိး ေငြက်ပ္သိန္း ၄၀ ခန္႔)၊ လက္ကုိင္ဖုန္း ၅ လံုးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူမ်ားအား စစ္ေဆးေမးျမန္းခ်က္အရ ယိုးတ႐ုတ္ေက်းရြာေန ထြန္း၀င္း (ဘ)ဦးေမာင္ေရႊဇံ သည္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ႏွင့္ ပတ္သက္ဆက္ႏြယ္မႈရွိေၾကာင္း သိရွိရသျဖင့္ ၎၏ေနအိမ္အား လုံၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက ၀င္ေရာက္ရွာေဖြရာ ေနအိမ္အတြင္း ၎ႏွင့္အတူ ဦးသန္းေရႊ(ဘ)ဦးေ၀ျဖဴေအာင္ တို႕အား AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕၏ ဒဏ္ရာရရွိမႈ မွတ္တမ္းဓာတ္ပံုမ်ားႏွင့္ ဗီြဒီယုိဖုိင္မ်ားအား Viber  ျဖင့္ အျပန္အလွန္ေပးပုိ႕ထားသည့္ KAMBO အမ်ဳိးအစား လက္ကိုင္ဖုန္း ၁ လံုး၊ ျပည္ပေငြလႊဲ Western Union ေငြလဲႊေျပစာမ်ား၊ မူးယစ္ေဆး၀ါး သံုးစြဲရာတြင္ အသံုးျပဳထား သည့္ ဆက္စပ္ပစၥည္း မ်ားႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သည္။

အဆုိပါဖမ္းဆီးရမိသူမ်ား၊ လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆး၀ါးမ်ားႏွင့္ ေမာ္ေတာ္ယာဥ္တုိ႕အား ကန္ေစာက္နယ္ေျမရဲစခန္းႏွင့္ ယုိးတ႐ုတ္နယ္ေျမရဲစခန္းမ်ားသို႕ စနစ္တက်လႊဲေျပာင္းအပ္ႏွံ၍ တရား ဥပေဒအရအေရးယူႏိုင္ေရး လုပ္ထံုးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူများအား ဖမ်းဆီးရမိ

နေပြည်တော် ၊ ဇူလိုင်  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကန်စောက်ကျေးရွာ၏  အရှေ့ဘက် ၁ မိုင်ခန့်အကွာနေရာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် ပုဏ္ဏားကျွန်းဘက်မှ ကျောက်တော်ဘက်သို့ စေတီနန်းကျေးရွာနေ ယာဉ်မောင်း ကျော်မြင့်(ဘ)ဦးမောင်သိန်း မောင်းနှင်လာပြီး ယာဉ်ပေါ်တွင်  ယိုးတရုတ်ကျေးရွာ နေသူများဖြစ်သည့် မင်းနိုင်ဋ္ဌေး(ဘ) ဦးကျော်ဇင်အောင်နှင့် မောင်ဦးငြိမ်းဝေ(ဘ) ဦးဘသန်း တို့ လိုက်ပါလာသည့် Starex အမျိုးအစား ယာဉ်အမှတ်၊ BGO- 3P/---------မော်တော် ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် လက်လုပ်ခါးချိုး ၁ လုံးထိုးသေနတ် ၁ လက်၊ ၅ ဒသမ ၅၆ မမကျည် ၂၈ တောင့်၊ အရိုးအသွား ၉ လက်မခန့်ရှိ ဓား ၁ ချောင်း၊ အရိုးအသွား ၃ ပေ ၆ လက်မခန့်ရှိ ဓားရှည် ၁ ချောင်း၊ WY စာတမ်းပါစိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ပြား (စုစုပေါင်းမူးယစ် ဆေးဝါးတန်ဖိုး ငွေကျပ်သိန်း ၄၀ ခန့်)၊ လက်ကိုင်ဖုန်း ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ယိုးတရုတ်ကျေးရွာနေ ထွန်းဝင်း (ဘ)ဦးမောင်ရွှေဇံ သည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ၎င်းနှင့်အတူ ဦးသန်းရွှေ(ဘ)ဦးဝေဖြူအောင် တို့အား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များအား Viber  ဖြင့် အပြန်အလှန်ပေးပို့ထားသည့် KAMBO အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ပြည်ပငွေလွှဲ Western Union ငွေလွဲှပြေစာများ၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုထား သည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်တို့အား ကန်စောက်နယ်မြေရဲစခန်းနှင့် ယိုးတရုတ်နယ်မြေရဲစခန်းများသို့ စနစ်တကျလွှဲပြောင်းအပ်နှံ၍ တရား ဥပဒေအရအရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

 

Recent News