၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ တကၠသိုလ္၀င္ စာေမးပြဲတြင္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာ အာခါ တုိင္းရင္းသားမ်ားအား ထူးခၽြန္ဆုေပး အပ္ပြဲျပဳလုပ္

 

ေနျပည္ေတာ္  ဇူလိုင္  ၁၆

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တကၠသိုလ္၀င္ ၀င္စာေမးပြဲတြင္ ထူးခၽြန္စြာေအာင္ျမင္ခဲ့ေသာအာခါတုိင္းရင္းသားမ်ားအား   ထူးခၽြန္ဆု ေပးအပ္ပြဲကို ဇူလုိင္ ၁၅ ရက္ ေန႔လယ္ပုိင္း တြင္ တာခ်ီလိတ္ၿမိဳ႕၊ ေအာင္ျမတ္ခန္းမ၌ျပဳလုပ္ရာ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္အဖြဲ႕၀င္မ်ား၊    အာခါ တုိင္းရင္းသားလူမ်ဳိးေရးရာ၀န္ႀကီး  ဦးအာ ေဗလွ၊ လီဆူတုိင္းရင္းသားလူမ်ဳိးေရးရာ၀န္ႀကီး  ဦးဂူဆာ၊ အာခါ တုိင္းရင္းသား အႀကီးအကဲ ဦးမင္းညိဳ၊ အာခါ အမ်ဳိးသား စာေပႏွင့္ ယဥ္ေက်းမႈ ဥကၠ႒   ဦးေသာင္းေက်ာ္၊  ဌာနဆုိင္ရာမွ တာ၀န္ရွိသူမ်ား၊   ဂုဏ္ျပဳခံေက်ာင္းသား၊ ေက်ာင္းသူ မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ အာခါ တုိင္းရင္းသား လူမ်ဳိးေရးရာ ၀န္ႀကီး၊ လီဆူတုိင္း ရင္းသား လူမ်ဳိး ေရးရာ၀န္ႀကီးႏွင့္ အာခါတုိင္းရင္းသားအႀကီးအကဲတုိ႔က အမွာစကားအသီးသီးေျပာၾကား ၾကၿပီး အာခါအမ်ဳိးသားစာေပႏွင့္ယဥ္ေက်းမႈ ဥကၠ႒က ဂုဏ္ျပဳပြဲျဖစ္ေျမာက္ေရးအတြက္ ပံ့ပိုးကူညီေပးခဲ့သူမ်ားအား  ဂုဏ္ျပဳလႊာ မ်ား ေပးအပ္သည္။

ယင္းေနာက္ ဆုေပးပြဲကုိဆက္လက္ျပဳလုပ္ရာ ၅ ဘာသာဂုဏ္ထူးရွင္ တစ္ဦး၊ ၂ ဘာသာ ဂုဏ္ထူးရွင္ သံုးဦး၊ ၁ ဘာသာဂုဏ္ထူးရွင္ ၃၀ ဦး၊ ႐ုိး႐ုိးေအာင္ျမင္သူ ၂၅၈ ဦးတို႔အား ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္ၾကသည္။

ဆက္လက္၍ တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ား သည္ ညေနပုိင္းတြင္ တာခ်ီလိတ္ၿမိဳ႕၊ နဂါး ႏွစ္ေကာင္ေက်ာင္းတုိက္ဆရာေတာ္ ႏုိင္ငံေတာ္ ၾသ၀ါဒါစရိယ   အဘိဓဇအဂၢ မဟာသဒၶမၼ ေဇာတိက၊ အဂၢမဟာ ပ႑ိတ ဂုဏ္ထူးေဆာင္ပါရဂူ ဘြဲ႕ရ  ဘဒၵႏၱ ဓမၼသီရိ၊ မဟာျမတ္မုနိဘုရားႀကီး စာသင္တုိက္ ပဓာနနာယကဆရာေတာ္  အဂၢမဟာ သဒၶမၼ ေဇာတိကဓဇ ဘဒၵႏၱ ပညာသာမိ၊ ေငြေတာင္ဦးကမ္ၼ႒ာန္းေက်ာင္းတုိက္ဆရာေတာ္ မဟာဂႏၱ၀ါစက ပ႑ိတ၊ မဟာကမၼ႒ာနာစရိယ  ဘဒၵႏၱ ၀ိေရာစန ဆရာေတာ္ႀကီးမ်ားထံသြား ေရာက္ဖူးေျမာ္ကာ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိ သည္။  

(Unicode Version)

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော အာခါ တိုင်းရင်းသားများအား ထူးချွန်ဆုပေး အပ်ပွဲပြုလုပ်

နေပြည်တော်  ဇူလိုင်  ၁၆

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင် ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောအာခါတိုင်းရင်းသားများအား   ထူးချွန်ဆု ပေးအပ်ပွဲကို ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်း တွင် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ဝင်များ၊    အာခါ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  ဦးအာ ဗေလှ၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  ဦးဂူဆာ၊ အာခါ တိုင်းရင်းသား အကြီးအကဲ ဦးမင်းညို၊ အာခါ အမျိုးသား စာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ   ဦးသောင်းကျော်၊  ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊   ဂုဏ်ပြုခံကျောင်းသား၊ ကျောင်းသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အာခါ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ လီဆူတိုင်း ရင်းသား လူမျိုး ရေးရာဝန်ကြီးနှင့် အာခါတိုင်းရင်းသားအကြီးအကဲတို့က အမှာစကားအသီးသီးပြောကြား ကြပြီး အာခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌက ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သူများအား  ဂုဏ်ပြုလွှာ များ ပေးအပ်သည်။

ယင်းနောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၃၀ ဦး၊ ရိုးရိုးအောင်မြင်သူ ၂၅၈ ဦးတို့အား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များ သည် ညနေပိုင်းတွင် တာချီလိတ်မြို့၊ နဂါး နှစ်ကောင်ကျောင်းတိုက်ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ   အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့ရ  ဘဒ္ဒန္တ ဓမ္မသီရိ၊ မဟာမြတ်မုနိဘုရားကြီး စာသင်တိုက် ပဓာနနာယကဆရာတော်  အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ပညာသာမိ၊ ငွေတောင်ဦးကမ်္မဋ္ဌာန်းကျောင်းတိုက်ဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ  ဘဒ္ဒန္တ ဝိရောစန ဆရာတော်ကြီးများထံသွား ရောက်ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။  

Recent News