ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ထိုင္းဘုရင့္တပ္မေတာ္မွ ပူးေပါင္းစစ္ဆင္ေရးၫႊန္ၾကားေရးမွဴးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇူလိုင္ - ၁၈

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ထိုင္းဘုရင့္တပ္မေတာ္မွ ပူးေပါင္းစစ္ဆင္ေရးၫႊန္ၾကားေရးမွဴး Lieutenant General Suphot Malaniyom အား ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထိုင္းဘုရင့္တပ္မေတာ္မွ ပူးေပါင္းစစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး Lieutenant General Suphot Malaniyom ႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆံုရာတြင္ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံသည္ အိမ္နီးခ်င္းေကာင္းႏိုင္ငံမ်ား ျဖစ္သည္ႏွင့္အညီ ႏွစ္ႏိုင္ငံအစိုးရ၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံႏိုင္မႈအေျခအေနမ်ား၊ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရး၊ မူးယစ္ေဆး၀ါးပေပ်ာက္ေရးတုိ႔အတြက္ ႏွစ္ႏိုင္ငံသတင္းဖလွယ္ ပူေပါင္းေဆာင္ရြက္ႏိုင္မႈအေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ အျပန္အလွန္ ေလးစားမႈ၊ ႐ိုးသားမႈ၊ ယံုၾကည္မႈတုိ႔ကို အေျခခံ၍ ပူးေပါင္းေျဖရွင္းေဆာင္ရြက္သြားမည့္ကိစၥရပ္မ်ားႏွင့္ ျမန္မာ-ထိုင္း Senior Staff  Talks  အစည္းအေ၀း ေအာင္ျမင္စြာ က်င္းပႏိုင္မႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ထိုင္းဘုရင့္တပ္မေတာ္မွ ပူးေပါင္းစစ္ဆင္ေရး ၫႊန္ၾကားေရးမွဴးတို႔သည္ အမွတ္တရ လက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး အဖြဲ႕၀င္မ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် - ၁၈

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအစိုးရ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်မှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးတို့အတွက် နှစ်နိုင်ငံသတင်းဖလှယ် ပူပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံ အပြန်အလှန် လေးစားမှု၊ ရိုးသားမှု၊ ယုံကြည်မှုတို့ကို အခြေခံ၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် မြန်မာ-ထိုင်း Senior Staff  Talks  အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

Recent News