အေရွ့ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ ေဒသခံတုိင္းရင္းသားမ်ား ခ်စ္ၾကည္ေရးႏွင့္ စည္းလံုးညီၫြတ္ေရး တုိင္းမွဴးဒုိင္း ဖိတ္ေခၚ ေဘာလံုးၿပိဳင္ပြဲ ဗုိလ္လုပဲြႏွင့္ဆုေပးပြဲျပဳလုပ္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၈

အေရွ႕ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ ေဒသခံ တုိင္းရင္းသားမ်ား ခ်စ္ၾကည္ေရးႏွင့္  စည္းလံုးညီၫြတ္ေရး တုိင္းမွဴးဒုိင္း ဖိတ္ေခၚ ေဘာလံုးၿပိဳင္ပြဲ ဗုိလ္လုပြဲႏွင့္ဆုေပးပြဲကို ယေန႔ညေနပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ အားကစားကြင္း၌ျပဳလုပ္ရာ  တုိင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊  ျပည္နယ္ဝန္ႀကီးမ်ား၊ အရာရွိ၊ စစ္သည္၊  မိသားစုမ်ား၊  ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ား၊ ေဒသခံ တုိင္းရင္းသားျပည္သူမ်ား၊ ၿပိဳင္ပြဲဝင္အားကစားသမားမ်ား၊ ဒုိင္အဖြဲ႕ဝင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ အားကစား ဝါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာ ၾကသူမ်ားက ဗုိလ္လုပြဲ ပြဲစဥ္ျဖစ္သည့္  ကယား(ေရႊတံခါး)အသင္းႏွင့္ ဓႏုကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ကုိယ္စားျပဳအသင္းတုိ႔၏ ယွဥ္ၿပိဳင္ကစားမႈမ်ားကိုၾကည့္႐ႈ အားေပးၾကသည္။ ထုိ႔ေနာက္ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ တစ္ဦးခ်င္းဆုရရွိ ၾကသူမ်ား၊ အသင္းလုိက္ဆုရရွိၾကသူ မ်ား၊ ဒုိင္အဖြဲ႕ဝင္မ်ားႏွင့္ ဒုိင္းဆုရရွိသည့္ ကယား(ေရႊတံခါး)အသင္းအား တုိင္းမွဴး ႏွင့္အဖြဲ႕ဝင္မ်ားက ဒုိင္းဆုႏွင့္ဂုဏ္ျပဳဆုမ်ား အသီးသီး ေပးအပ္ၾကသည္။

အဆုိပါ   ခ်စ္ၾကည္ေရးဖိတ္ေခၚ ေဘာလံုးၿပိဳင္ပြဲကို နယ္ေျမခံ တပ္မေတာ္သားမ်ား၊ ျပည္သူ႔စစ္(ဌာေန) တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံ တုိင္းရင္းသားမ်ားပါဝင္ေသာ ၿပိဳင္ပြဲဝင္အသင္း ၁၂ သင္းျဖင့္ ဇူလုိင္ ၆ ရက္မွ ယေန႔အထိ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိ သည္။          

(Unicode Version)

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒေသခံတိုင်းရင်းသားများ ချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ်ရေး တိုင်းမှူးဒိုင်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၁၈

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒေသခံ တိုင်းရင်းသားများ ချစ်ကြည်ရေးနှင့်  စည်းလုံးညီညွတ်ရေး တိုင်းမှူးဒိုင်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊  ပြည်နယ်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်၊  မိသားစုများ၊  ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့်  ကယား(ရွှေတံခါး)အသင်းနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကိုကြည့်ရှု အားပေးကြသည်။ ထို့နောက်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိ ကြသူများ၊ အသင်းလိုက်ဆုရရှိကြသူ များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသည့် ကယား(ရွှေတံခါး)အသင်းအား တိုင်းမှူး နှင့်အဖွဲ့ဝင်များက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါ   ချစ်ကြည်ရေးဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို နယ်မြေခံ တပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားများပါဝင်သော ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင် ၆ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။          

 

Recent News