ေတာင္ငူၿမိဳ႔နယ္ႏွင့္ ဥႆာၿမိဳ႔သစ္တုိ့၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၈

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ဇီးပင္သာေက်းရြာမွ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား    ယေန႔ နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က  အဆုိပါ ေက်းရြာရွိ မဟာေဗာဓိရိပ္သာေက်ာင္း၌  က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က   ေက်ာင္းသား၊ ေက်ာင္းသူ  ၁၂၉ ဦးကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊  တစ္ကိုယ္ေရသန္႔ရွင္းေရးစစ္ေဆးေပးျခင္း ႏွင့္ ေဒသခံျပည္သူ ၂၄၉ ဦးတုိ႔ကို ေသြးတိုး ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ႏွလံုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ေသြးလြန္ တုပ္ေကြးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ စစ္ေဆးေပးျခင္း၊   Ultrasound ႐ိုက္ကူးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံု တက္ေရာက္ကုသရန္ လုိအပ္သူ ငါးဦးကို ေတာင္ငူၿမိဳ႕ရွိ      တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးသည္။

ယင္းသို႔   ေဆာင္ရြက္ ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ ၾကည့္႐ႈ အားေပးၿပီး ေဒသခံ ျပည္သူမ်ားအား    ေဆးမ်က္မွန္မ်ား ႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဇီးပင္သာေက်ာင္းတုိက္ဆရာေတာ္ ဘဒၵႏၲ ဓမၼသာရအားဖူးေျမာ္၍ သကၤန္း၊ ဆြမ္းဆန္ ေတာ္၊ ဆီႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းသည္။

ထုိ႔ျပင္ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္၊ ရပ္ကြက္ ႀကီး(၁)ရွိ သာသနာ့အႏြယ္ဝင္ သီလရွင္ ငါးပါးႏွင့္ ေဒသခံျပည္သူ ၁၈ဝ ဦးတို႔ကို  အဆုိပါရပ္ကြက္ဓမၼာ႐ံု၌ ေဆးကုသေရးအဖြဲ႕ က ဆီးခ်ဳိေရာဂါ၊ ေသြးတိုးေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။   

(Unicode Version)

တောင်ငူမြို့နယ်နှင့် ဥဿာမြို့သစ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာမှ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံပြည်သူများအား    ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က  အဆိုပါ ကျေးရွာရှိ မဟာဗောဓိရိပ်သာကျောင်း၌  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က   ကျောင်းသား၊ ကျောင်းသူ  ၁၂၉ ဦးကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊  တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးပေးခြင်း နှင့် ဒေသခံပြည်သူ ၂၄၉ ဦးတို့ကို သွေးတိုး ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးလွန် တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်း၊   Ultrasound ရိုက်ကူးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ငါးဦးကို တောင်ငူမြို့ရှိ      တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့   ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးပြီး ဒေသခံ ပြည်သူများအား    ဆေးမျက်မှန်များ နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဇီးပင်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မသာရအားဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန် တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့ပြင် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက် ကြီး(၁)ရှိ သာသနာ့အနွယ်ဝင် သီလရှင် ငါးပါးနှင့် ဒေသခံပြည်သူ ၁၈ဝ ဦးတို့ကို  အဆိုပါရပ်ကွက်ဓမ္မာရုံ၌ ဆေးကုသရေးအဖွဲ့ က ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

Recent News