က်ဳိင္းေတာင္းၿမိဳ႔နယ္၊ အမွတ္(၅)ရပ္ကြက္ရွိ အေျခခံပညာ အထက္တန္းေက်ာင္း (တုန္ဟုန္း)၌ က်န္းမာေရး စစ္ေဆးကုသ

ေနျပည္ေတာ္၊ ဇူလိုင္ ၁၈

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ က်ဳိင္းေတာင္း ၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္ရွိ အေျခခံပညာ အထက္တန္းေက်ာင္း(တုန္ဟုန္း)မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား ယေန႔နံနက္ပိုင္း တြင္ အေရွ႕ အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က  အဆုိပါ ေက်ာင္း၌ က်န္းမာေရး စစ္ေဆး ကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၃၅၂ ဦးတုိ႔ကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊  ရာသီ တုပ္ေကြးေရာဂါ၊  အသက္႐ွဴလမ္းေၾကာင္း ဆုိင္ရာ ေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပား ေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသျခင္း မ်ားေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို တုိင္းမွဴး  ဗိုလ္ခ်ဳပ္သန္းလိႈင္ႏွင့္   အဖြဲ႕ဝင္မ်ားက   သြားေရာက္ ၾကည့္႐ႈ အားေပးၿပီး ဆရာ၊ ဆရာမ မ်ား အတြက္ ေက်ာင္းဝတ္စံုမ်ားေပးအပ္ခဲ့ ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကျိုင်းတောင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (တုန်ဟုန်း)၌ ကျန်းမာရေး စစ်ဆေးကုသ

နေပြည်တော်၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်း မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(တုန်ဟုန်း)မှ ကျောင်းသား၊ ကျောင်းသူများ အား ယနေ့နံနက်ပိုင်း တွင် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က  အဆိုပါ ကျောင်း၌ ကျန်းမာရေး စစ်ဆေး ကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၃၅၂ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊  ရာသီ တုပ်ကွေးရောဂါ၊  အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြား ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်း များဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး  ဗိုလ်ချုပ်သန်းလှိုင်နှင့်   အဖွဲ့ဝင်များက   သွားရောက် ကြည့်ရှု အားပေးပြီး ဆရာ၊ ဆရာမ များ အတွက် ကျောင်းဝတ်စုံများပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။

Recent News