(၈)ႀကိမ္ေျမာက္ ျမန္မာ-ထုိင္း Senior Staff Talks အစည္းအေ၀းက်င္းပ

ေနျပည္ေတာ္ ဇူလုိင္ ၁၈

ျမန္မာႏုိင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပသည့္ (၈)ႀကိမ္ေျမာက္ ျမန္မာထိုင္း Senior Staff Talks အစည္းအေ၀းကို ယေန႔နံနက္ပုိင္းတြင္ ၿမိတ္ၿမိဳ႕ရွိ Grand Jade Hotel ၌ျပဳလုပ္ရာ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္စုိးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ထုိင္းဘုရင့္ တပ္မေတာ္မွ ပူးေပါင္းစစ္ဆင္ေရးၫႊန္ၾကားေရးမွဴး Lieutenant General Suphot Malaniyom ဦးေဆာင္ေသာကုိယ္စားလွယ္မ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေအာင္စုိးႏွင့္ ထုိင္းဘုရင့္တပ္မေတာ္မွ ပူးေပါင္းစစ္ဆင္ေရးၫႊန္ၾကားေရးမွဴး Lieutenant General Suphot Malaniyom တုိ႔က အဖြင့္အမွာစကားမ်ား အသီးသီး ေျပာၾကားၾကသည္။ ထုိ႔ေနာက္ (၇)ႀကိမ္ေျမာက္ Senior Staff Talks အစည္းအေ၀း ဆံုးျဖတ္ခ်က္ မ်ားအား အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္း၊ (၆)ႀကိမ္ေျမာက္ ျမန္မာ-ထုိင္း High Level Committee အစည္းအေ၀းဆံုးျဖတ္ခ်က္မ်ားအား အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္း၊ (၃၃) ႀကိမ္ေျမာက္ ျမန္မာ-ထုိင္း ေဒသဆုိင္ရာအစည္းအေ၀းဆံုးျဖတ္ခ်က္မ်ားအားေဆြးေႏြးျခင္း၊ နယ္စပ္ လံုၿခံဳေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈကိစၥရပ္မ်ား၊ စုိက္ပ်ဳိးေမြးျမဴေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရးအားကစားၿပိဳင္ပြဲမ်ား ပူးေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြး ၾကသည္။

ဆက္လက္၍ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေအာင္စုိးႏွင့္ ထုိင္းဘုရင့္တပ္မေတာ္မွ ပူးေပါင္းစစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး Lieutenant General Suphot Malaniyom တုိ႔သည္ အထိမ္းအမွတ္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

(၈)ကြိမ်မြောက် မြန်မာ-ထိုင်း Senior Staff Talks အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၁၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၈)ကြိမ်မြောက် မြန်မာထိုင်း Senior Staff Talks အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ရှိ Grand Jade Hotel ၌ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom ဦးဆောင်သောကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးနှင့် ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် (၇)ကြိမ်မြောက် Senior Staff Talks အစည်းအဝေး ဆုံးဖြတ်ချက် များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (၆)ကြိမ်မြောက် မြန်မာ-ထိုင်း High Level Committee အစည်းအဝေးဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်များအားဆွေးနွေးခြင်း၊ နယ်စပ် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေး ကြသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးနှင့် ထိုင်းဘုရင့်တပ်မတော်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Suphot Malaniyom တို့သည် အထိမ်းအမှတ်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News