က်ဳံေပ်ာ္ၿမိဳ႔နယ္၊ သင္ေတာႀကီးေတာင္ဖီလာေက်ာင္းတိုက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၈

ဧရာဝတီတုိင္းေဒသႀကီး၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ သင္ေတာႀကီးေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖဲြ႕က   အဆုိပါ ေက်းရြာရွိ သင္ေတာႀကီး ေတာင္ဖီလာေက်ာင္း တိုက္၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ ေဆာင္ရြက္ေပးရာတြင္   ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူ  စုစုေပါင္း ၃၃၅ ဦးတို႔ကို ေသြးလြန္တုပ္ေကြးေရာဂါ၊ မ်က္စိ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊  ႏွလံုးေရာဂါ၊   အဆုတ္ ေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြေရာဂါတို႔ ႏွင့္ပတ္သက္၍    လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔     ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး  ဗိုလ္ခ်ဳပ္ရဲဝင္းဦးႏွင့္အဖြဲ႕ဝင္မ်ားက သြားေရာက္ ၾကည့္႐ႈ အားေပးၿပီး ဆရာ၊ ဆရာမ မ်ားအတြက္   ေက်ာင္းဝတ္စံုမ်ားႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူမ်ားအတြက္ ဗလာစာအုပ္ မ်ား၊   တပ္မေတာ္စက္႐ံုမွထုတ္လုပ္သည့္ ေဘာလံုးမ်ားေပးအပ္သည္။

ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖဲြ႕ဝင္မ်ားသည္ သင္ေတာႀကီးေတာင္ဖီလာေက်ာင္းဆရာေတာ္ ဘဒၵႏၲ တိကၡဥာဏအား ဖူးေျမာ္၍ ဝါဆိုသကၤန္း၊ ဆန္၊ ဆီႏွင့္နဝကမၼအလွဴေငြမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း   သတင္းရရွိသည္။ 

(Unicode Version)

ကျုံပျော်မြို့နယ်၊ သင်တောကြီးတောင်ဖီလာကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သင်တောကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က   အဆိုပါ ကျေးရွာရှိ သင်တောကြီး တောင်ဖီလာကျောင်း တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်   ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ  စုစုပေါင်း ၃၃၅ ဦးတို့ကို သွေးလွန်တုပ်ကွေးရောဂါ၊ မျက်စိ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊  နှလုံးရောဂါ၊   အဆုတ် ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍    လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့     ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး  ဗိုလ်ချုပ်ရဲဝင်းဦးနှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးပြီး ဆရာ၊ ဆရာမ များအတွက်   ကျောင်းဝတ်စုံများနှင့် ကျောင်း သား၊ ကျောင်းသူများအတွက် ဗလာစာအုပ် များ၊   တပ်မတော်စက်ရုံမှထုတ်လုပ်သည့် ဘောလုံးများပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် သင်တောကြီးတောင်ဖီလာကျောင်းဆရာတော် ဘဒ္ဒန္တ တိက္ခဉာဏအား ဖူးမြော်၍ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီနှင့်နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း   သတင်းရရှိသည်။ 

Recent News