ေကာ့မွဴးၿမိဳ့နယ္၊ နတ္စင္ကုန္းစံျပေက်းရြာ၌ က်န္းမာေရးေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၈

ရန္ကုန္တုိင္းေဒသႀကီး၊ ေကာ့မွဴးၿမိဳ႕နယ္၊ နတ္စင္ကုန္းစံျပေက်းရြာရွိ ဂႏၶာ႐ံုေက်ာင္းတုိက္မွ သံဃာေတာ္မ်ား၊ သာသနာ့ အႏြယ္ဝင္ သီလရွင္မ်ား၊ ၿမိဳ႕နယ္စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား၊ အဆုိပါ ေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္  ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆး ကုသေရး အဖြဲ႕က သံဃာေတာ္ ငါးပါး၊ သာသနာ့ အႏြယ္ဝင္သီလရွင္ သံုးပါး၊ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူ စုစုေပါင္း ၁၅၅ ဦးတုိ႔ကို မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ ကေလးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းစံပြကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းစံပြကျေးရွာရှိ ဂန္ဓာရုံကျောင်းတိုက်မှ သံဃာတော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့်  ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေး ကုသရေး အဖွဲ့က သံဃာတော် ငါးပါး၊ သာသနာ့ အနွယ်ဝင်သီလရှင် သုံးပါး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၅၅ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News