သပိတ္က်င္းၿမိဳ႔နယ္၊ တြင္းငယ္ေက်းရြာရွိ ေရေဘးသင္႕ျပည္သူမ်ားကို ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၈

ျမန္မာႏုိင္ငံေျမာက္ပုိင္းေဒသမ်ားတြင္ မုိး အဆက္မျပတ္ ရြာသြန္းၿပီး ဧရာဝတီျမစ္ေရ ျမင့္တက္မႈေၾကာင့္ မႏၲေလးတုိင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္၊ တြင္းငယ္ေက်းရြာ၌ ဇူလုိင္ ၁၅ ရက္မွစတင္၍ ေရႀကီးေရလွ်ံမႈ မ်ားျဖစ္ေပၚခဲ့သျဖင့္ ေက်းရြာရွိ လူေနအိမ္ ၁ဝဝ၆ လံုးအနက္ လူေနအိမ္ ၄ဝဝ လံုး ေရနစ္ ျမဳပ္မႈမ်ားျဖစ္ေပၚလ်က္ရွိသည္။

အဆုိပါ ေရေဘး အႏၲရာယ္ႀကံဳေတြ႕ခဲ့ရသူ မ်ားထဲမွ ေရေဘးသင့္ျပည္သူ ၁ဝဝ၈ ဦးကို  သပိတ္က်င္းတပ္နယ္မွ တပ္မေတာ္သားမ်ားက ဇူလုိင္ ၁၆ ရက္ႏွင့္ ၁၇ ရက္တုိ႔တြင္ ယာယီ ကယ္ဆယ္ေရးစခန္းဖြင့္လွစ္ထားရွိသည့္ ရြာဦး ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ေရႊ႕ေျပာင္းေပးျခင္း၊ စားေသာက္ဖြယ္ရာမ်ား၊ ေသာက္သံုးေရမ်ား လွဴဒါန္းေပးျခင္းႏွင့္ လုိအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပး ခဲ့သည္။

ယေန႔တြင္ ေရနစ္ျမဳပ္လ်က္ရွိသည့္ က်န္ရွိ ေနသည့္ေနအိမ္ ၅၁ လံုးရွိ ေရေဘးသင့္ ျပည္သူ ၂ဝ၉ ဦးကိုလည္း ယာယီ ကယ္ဆယ္ ေရးစခန္းသို႔   ဆက္လက္ ကူညီေရႊ႕ေျပာင္း ေပးျခင္းမ်ား   ေဆာင္ရြက္ေပးခဲ့ေၾကာင္း  သတင္းရရွိသည္။

(Unicode Version)

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုး အဆက်မပြတ် ရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ၌ ဇူလိုင် ၁၅ ရက်မှစတင်၍ ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့သဖြင့် ကျေးရွာရှိ လူနေအိမ် ၁ဝဝ၆ လုံးအနက် လူနေအိမ် ၄ဝဝ လုံး ရေနစ် မြုပ်မှုများဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ ရေဘေး အန္တရာယ်ကြုံတွေ့ခဲ့ရသူ များထဲမှ ရေဘေးသင့်ပြည်သူ ၁ဝဝ၈ ဦးကို  သပိတ်ကျင်းတပ်နယ်မှ တပ်မတော်သားများက ဇူလိုင် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည့် ရွာဦး ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ သောက်သုံးရေများ လှူဒါန်းပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။

ယနေ့တွင် ရေနစ်မြုပ်လျက်ရှိသည့် ကျန်ရှိ နေသည့်နေအိမ် ၅၁ လုံးရှိ ရေဘေးသင့် ပြည်သူ ၂ဝ၉ ဦးကိုလည်း ယာယီ ကယ်ဆယ် ရေးစခန်းသို့   ဆက်လက် ကူညီရွှေ့ပြောင်း ပေးခြင်းများ   ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။

Recent News