က်ဳိင္းတံုၿမိဳ႔၊ အမွတ္(၃)ရပ္ကြက္၌ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၈

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕၊ ဓေမၼာဒယ ေက်ာင္းတိုက္မွ သံဃာေတာ္မ်ား ႏွင့္ အမွတ္(၃)ရပ္ကြက္ရွိ ေဒသခံျပည္သူမ်ား အား ယေန႔နံနက္ပိုင္းတြင္ ႀတိဂံေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆိုပါ ရပ္ကြက္ရွိ ဓေမၼာဒယ ေက်ာင္းတိုက္ ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္ ၂၇၃ ပါးႏွင့္ ေဒသခံ ျပည္သူ ၈၃ ဦးတို႔ကို မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ခြဲစိတ္ကုသ မႈဆုိင္ရာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍     လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္စစ္ေဆးေပးျခင္းႏွင့္ Ultrasound ႐ိုက္ကူးေပးျခင္းမ်ား ေဆာင္ရြက္ ေပးသည္။ ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္ ခင္လႈိင္ ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ ၾကည့္႐ႈ အားေပးၿပီး ဓေမၼာဒယ ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲနႏၵေမဒါအား ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား    ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၌ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဓမ္မောဒယ ကျောင်းတိုက်မှ သံဃာတော်များ နှင့် အမှတ်(၃)ရပ်ကွက်ရှိ ဒေသခံပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ရပ်ကွက်ရှိ ဓမ္မောဒယ ကျောင်းတိုက် ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၂၇၃ ပါးနှင့် ဒေသခံ ပြည်သူ ၈၃ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍     လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်းနှင့် Ultrasound ရိုက်ကူးပေးခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင် နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးပြီး ဓမ္မောဒယ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒမေဒါအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ    ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News