ကသာၿမိဳ႕၊ မဟာေလးထပ္ဘုန္းေတာ္ႀကီးေက်ာင္း၌ ေရေဘးသင့္ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္၊ ခင္ဦးၿမိဳ႕နယ္ႏွင့္ ခႏၲီးၿမိဳ႕နယ္တုိ႔ရွိ ေရေဘးသင့္ ျပည္သူမ်ားအား ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္ ဇူလုိင္ ၁၉

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ဧရာ၀တီျမစ္ေရ ေရႀကီးေရလွ်ံမႈေၾကာင့္ ကသာၿမိဳ႕၊ မဟာေလးထပ္ဘုန္းေတာ္ႀကီးေက်ာင္း ေရေဘးကယ္ဆယ္ေရးစခန္းသို႔ ေခတၱေရႊ႕ေျပာင္း ေနထိုင္လ်က္ရွိေသာ ေရေဘးသင့္ျပည္သူမ်ားအား ဇူလိုင္ ၁၈ ရက္တြင္ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါစခန္း၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေရေဘးသင့္ျပည္သူ ၁၀၀ ဦးတို႔ကို ေခ်ာင္းဆုိးေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ ဖ်ားနာေရာဂါ၊ ေသြးတိုး ေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ ဧရာ၀တီျမစ္ေရတုိးမႈေၾကာင့္ ေရ၀င္လ်က္ရွိသည့္ ခင္ဦးၿမိဳ႕နယ္၊ ကဘြက္ေက်းရြာတြင္ ေရနစ္ျမဳပ္ အိမ္ေျခ ၇၈ လံုးမွ အိမ္ေထာင္စု ၇၈ စု၊ လူဦးေရ ၂၈၁ ဦးတို႔အား ေရႊဘုိတပ္နယ္ရွိ နယ္ေျမခံတပ္မေတာ္သားမ်ားက ေရေဘးလြတ္ရာ ဘုရားကုန္းျမင့္သို႔ ကူညီေရႊ႕ေျပာင္းေပးၿပီး ေရေဘးသင့္ျပည္သူမ်ားအတြက္ ေသာက္သံုးေရဂါလန္ ၁၂၀၀ ႏွင့္ ေရသန္႔ဘူးႀကီးမ်ား ေပးအပ္လွဴဒါန္းသည္။

ထို႔အတူ ခ်င္းတြင္းျမစ္ေရ၀င္ေရာက္ခဲ့ေသာ ခႏီၲးၿမိဳ႕အတြင္း ေျမနိမ့္ပုိင္းရွိရပ္ကြက္မ်ားတြင္ ေရျပန္လည္ က်ဆင္းသြားခဲ့ၿပီး တင္က်န္ခဲ့ေသာ အမိႈက္သရိုက္မ်ား၊ ရႊံ႕ၫြန္မ်ားကို ခႏၲီးတပ္နယ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားကသန္႔ရွင္းေရးျပဳလုပ္ေပးသည္။

ထုိ႔ျပင္ ခႏီၲးၿမိဳ႕နယ္၊ ဆင္ေသေက်းရြာ၊ တ႐ုတ္ဘံုေက်ာင္းတြင္ ယာယီေျပာင္းေရႊ႕ေနထိုင္လ်က္ရွိေသာ ေရေဘးသင့္ျပည္သူ အိမ္ေထာင္စု ၂၁ စု၊ လူဦးေရ ၉၆ ဦး တို႔အား ယေန႔တြင္ ခႏီၲးတပ္နယ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက စားေသာက္ဖြယ္ရာမ်ားႏွင့္ ေသာက္ေရသန္႔မ်ား ေပးအပ္လွဴဒါန္းၿပီး ေနအိမ္မ်ားအား  သန္႔ရွင္းေရးျပဳလုပ္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကသာမြို့၊ မဟာလေးထပ်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်၊ ခင်ဦးမြို့နယ်နှင့် ခန္တီးမြို့နယ်တို့ရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ ရေကြီးရေလျှံမှုကြောင့် ကသာမြို့၊ မဟာလေးထပ်ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ ခေတ္တရွှေ့ပြောင်း နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၁၈ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါစခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ရေဘေးသင့်ပြည်သူ ၁၀၀ ဦးတို့ကို ချောင်းဆိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဖျားနာရောဂါ၊ သွေးတိုး ရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဧရာဝတီမြစ်ရေတိုးမှုကြောင့် ရေဝင်လျက်ရှိသည့် ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာတွင် ရေနစ်မြုပ် အိမ်ခြေ ၇၈ လုံးမှ အိမ်ထောင်စု ၇၈ စု၊ လူဦးရေ ၂၈၁ ဦးတို့အား ရွှေဘိုတပ်နယ်ရှိ နယ်မြေခံတပ်မတော်သားများက ရေဘေးလွတ်ရာ ဘုရားကုန်းမြင့်သို့ ကူညီရွှေ့ပြောင်းပေးပြီး ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေဂါလန် ၁၂၀၀ နှင့် ရေသန့်ဘူးကြီးများ ပေးအပ်လှူဒါန်းသည်။

ထို့အတူ ချင်းတွင်းမြစ်ရေဝင်ရောက်ခဲ့သော ခန္တီးမြို့အတွင်း မြေနိမ့်ပိုင်းရှိရပ်ကွက်များတွင် ရေပြန်လည် ကျဆင်းသွားခဲ့ပြီး တင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့ညွန်များကို ခန္တီးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများကသန့်ရှင်းရေးပြုလုပ်ပေးသည်။

ထို့ပြင် ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ၊ တရုတ်ဘုံကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၁ စု၊ လူဦးရေ ၉၆ ဦး တို့အား ယနေ့တွင် ခန္တီးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ပေးအပ်လှူဒါန်းပြီး နေအိမ်များအား  သန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News