သပိတ္က်င္းၿမိဳ႕နယ္၊ ပုဏၰားေက်းရြာရွိ ေရေဘးသင့္ျပည္သူမ်ားအား ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္ ဇူလုိင္ ၁၉

ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမ်ားတြင္ မိုးအဆက္မျပတ္ရြာသြန္းၿပီး ဧရာ၀တီျမစ္ေရျမင့္တက္မႈေၾကာင့္ မႏၲေလးတုိင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္၊ ပုဏၰားေက်းရြာ၌ ဇူလိုင္ ၁၇ ရက္ ညပိုင္းမွစတင္၍ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့သျဖင့္ ေက်းရြာရွိ လူေနအိမ္ ၈၀ လံုးအနက္ လူေနအိမ္ ၄၀ လံုး ေရနစ္ျမဳပ္မႈမ်ားျဖစ္ေပၚလ်က္ရွိသည္။

အဆိုပါေရေဘးအႏၲရာယ္ႀကံဳေတြ႕ခဲ့ရသူမ်ားထဲမွ ေရေဘးသင့္ျပည္သူ ၂၀၉ ဦးကို အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ သပိတ္က်င္းတပ္နယ္မွ တပ္မေတာ္သားမ်ားက ဇူလိုင္ ၁၈ ရက္ နံနက္ပိုင္းတြင္ ေရေဘးကင္းလြတ္ရာေနရာမ်ားသို႔ေရႊ႕ေျပာင္းေပးၿပီး တပ္နယ္မွတာ၀န္ရွိသူမ်ားက စားေသာက္ ဖြယ္ရာမ်ားေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၉

မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကျေးရွာ၌ ဇူလိုင် ၁၇ ရက် ညပိုင်းမှစတင်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ကျေးရွာရှိ လူနေအိမ် ၈၀ လုံးအနက် လူနေအိမ် ၄၀ လုံး ရေနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသူများထဲမှ ရေဘေးသင့်ပြည်သူ ၂၀၉ ဦးကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ တပ်မတော်သားများက ဇူလိုင် ၁၈ ရက် နံနက်ပိုင်းတွင် ရေဘေးကင်းလွတ်ရာနေရာများသို့ရွှေ့ပြောင်းပေးပြီး တပ်နယ်မှတာဝန်ရှိသူများက စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News