ေကာ့ေသာင္းၿမိဳ႔နယ္၊ တာညံဳပါဒေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေကာ့ေသာင္းၿမိဳ႔နယ္၊ တာညံဳပါဒေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇူလုိင္  ၂ဝ

တနသၤာရီတုိင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ဆယ္မုိင္ေက်းရြာအုပ္စု၊ တာညံဳပါဒေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားကိုယေန႔နံနက္ပုိင္းတြင္ ကမ္း႐ိုးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆုိပါေက်းရြာဓမၼာ႐ံု၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ခုနစ္ပါးႏွင့္ ေဒသခံျပည္သူ ၁၃၈ ဦးကို ေသြးတုိးေရာဂါ၊ ခြဲစိတ္ကုသမႈ ဆုိင္ရာေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အစာအိမ္ႏွင့္အူလမ္းေၾကာင္းဆုိင္ရာေရာဂါ၊ အဆုတ္ႏွင့္အသက္႐ွဴ လမ္းေၾကာင္းဆုိင္ရာေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ပတ္သက္၍က်န္းမာေရးစစ္ေဆးကုသေပးျခင္း၊ႏွလံုးခုန္ႏႈန္းႏွင့္ဆီးခ်ဳိ၊ ေသြးခ်ဳိစစ္ေဆး ေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

 

ကော့သောင်းမြို့နယ်၊ တာညုံပါဒကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂ဝ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကိုယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ခုနစ်ပါးနှင့် ဒေသခံပြည်သူ ၁၃၈ ဦးကို သွေးတိုးရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆုတ်နှင့်အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊နှလုံးခုန်နှုန်းနှင့်ဆီးချို၊ သွေးချိုစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News