ေတာင္ငူၿမိဳ႕နယ္၊ အင္ဒိုင္းေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေတာင္ငူၿမိဳ႕နယ္၊ အင္ဒိုင္းေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ဇူလိုင္  ၂ဝ

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ အင္ဒိုင္းေက်းရြာ၊ သာသနာ့သိပၸံသာမေဏေက်ာ္ စာသင္တိုက္ရွိ စာခ်သံဃာေတာ္မ်ား၊ စာသင္ရွင္သာမေဏမ်ား၊ ေက်းရြာေန ေဒသခံ ျပည္သူမ်ားႏွင့္ ၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားအား ယေန႔နံနက္ပိုင္းတြင္  ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါ စာသင္တုိက္၌ က်န္းမာေရးေစာင့္ ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ရွစ္ပါး၊ ရွင္သာမေဏ ၅၃ ပါး၊ ေဒသခံျပည္သူ ၂၅၂ ဦးႏွင့္ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္ ၂၅ ဦးတို႔ကို ေသြးတိုး ေရာဂါ၊ ႏွလံုးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါ၊ သားဖြား/ မီးယပ္ ေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္း၊ ECG စက္ျဖင့္ႏွလံုးစမ္းသပ္ေပးျခင္း၊ Ultrasound ႐ိုက္ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံု တက္ေရာက္ကုသရန္   လိုအပ္သူရွစ္ဦးကို  ေတာင္ငူၿမိဳ႕ရွိ  တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏိုင္ေရး   စီစဥ္ေဆာင္ရြက္ေပး သည္။ ထို႔ျပင္ ေဆးကုသေရးအဖြဲ႕က မ်က္စိေရာဂါအေၾကာင္း က်န္းမာေရး အသိပညာ ေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားက သြား ေရာက္ ၾကည့္႐ႈအားေပးၿပီး စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ထို႔ေနာက္ သာသနာ့ သိပၸံသာမေဏ ေက်ာ္စာသင္တုိက္ဆရာေတာ္ ဘဒၵႏၲပုညနႏၵအား ဖူးေျမာ္၍ သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။

အလားတူ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုၿမိဳ႕၊ အမွတ္ (၅) ရပ္ကြက္ရွိ ေဒသခံျပည္သူ ၂ဝ၂ ဦးကို လိပ္သိုၿမိဳ႕၊ ၿငိမ္းခ်မ္းေရးကုန္းရွိ ျပည္သူ႔စစ္(ဌာေန)႐ံုး၌ အစာအိမ္အူလမ္းေၾကာင္း ဆုိင္ရာေရာဂါ၊ ေသြးတိုးေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ မ်က္စိေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆး ကုသေပးျခင္း မ်ားေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂ဝ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာ၊ သာသနာ့သိပ္ပံသာမဏေကျော် စာသင်တိုက်ရှိ စာချသံဃာတော်များ၊ စာသင်ရှင်သာမဏေများ၊ ကျေးရွာနေ ဒေသခံ ပြည်သူများနှင့် မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင်  တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ စာသင်တိုက်၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ရှစ်ပါး၊ ရှင်သာမဏေ ၅၃ ပါး၊ ဒေသခံပြည်သူ ၂၅၂ ဦးနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၂၅ ဦးတို့ကို သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ သားဖွား/ မီးယပ် ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ECG စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်   လိုအပ်သူရှစ်ဦးကို  တောင်ငူမြို့ရှိ  တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး   စီစဉ်ဆောင်ရွက်ပေး သည်။ ထို့ပြင် ဆေးကုသရေးအဖွဲ့က မျက်စိရောဂါအကြောင်း ကျန်းမာရေး အသိပညာ ပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွား ရောက် ကြည့်ရှုအားပေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် သာသနာ့ သိပ္ပံသာမဏေ ကျော်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပုညနန္ဒအား ဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ဒေသခံပြည်သူ ၂ဝ၂ ဦးကို လိပ်သိုမြို့၊ ငြိမ်းချမ်းရေးကုန်းရှိ ပြည်သူ့စစ်(ဌာနေ)ရုံး၌ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ မျက်စိရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း များဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News