မုိးေကာင္းၿမိဳ႕ႏွင့္ဟုိပင္ၿမိဳ႕တုိ႕၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

မုိးေကာင္းၿမိဳ႕ႏွင့္ဟုိပင္ၿမိဳ႕တုိ႕၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ဇူလုိင္  ၂ဝ

ကခ်င္ျပည္နယ္၊ မုိးေကာင္းၿမိဳ႕ေပၚႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ ေဒသခံျပည္သူ မ်ားကုိ ယေန႔နံနက္ပုိင္းတြင္ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆုိပါၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံျပည္သူ ၆၇ဝ ဦးကုိ ဆင္တုပ္ေကြးေရာဂါ၊ ေသြးတုိးေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတုိ႔ ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က ဟုိပင္ၿမိဳ႕ႏွင့္ပတ္ဝန္း က်င္ေက်းရြာမ်ားရွိ ေက်ာင္းသား၊ ေက်ာင္းသူ ၈၉ ဦးႏွင့္ ေဒသခံျပည္သူ ၄၁၅ ဦးတို႔ကုိ ဟုိပင္ၿမိဳ႕၊ အမွတ္(၁)အေျခခံပညာအထက္ တန္းေက်ာင္းရွိ ေတဇခန္းမ၌ ဆင္တုပ္ ေကြးေရာဂါ၊ ေသြးတုိးေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္   က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မိုးကောင်းမြို့နှင့်ဟိုပင်မြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂ဝ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ များကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ မြို့တော်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၆၇ဝ ဦးကို ဆင်တုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့ နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ဟိုပင်မြို့နှင့်ပတ်ဝန်း ကျင်ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူ ၈၉ ဦးနှင့် ဒေသခံပြည်သူ ၄၁၅ ဦးတို့ကို ဟိုပင်မြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းရှိ တေဇခန်းမ၌ ဆင်တုပ် ကွေးရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်   ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News