

နေပြည်တော်   ဇူလိုင်   ၂ဝ




(Unicode Version)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နှင့်ရေးမြို့တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၂ဝ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊  သာသနာ့ အနွယ်ဝင်သီလရှင်များနှင့်  ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က   အဆိုပါကျေးရွာရှိ တောင်ပေါ်ကျောင်းတိုက်  ဥပေါသထာဂါရဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်နှင့်သီလရှင် ၂၅ ပါး၊ ဒေသခံပြည်သူ ၂၈၁ ဦးတို့ကို နှလုံးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ဆီးချို၊ သွေးချိုရော ဂါ၊ ကလေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊  ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း နှင့် Ultrasound ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ်၊  နယ်လှည့် ဆေးကုသရေးအဖွဲ့က  ရေးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမ ၆၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၄၃၇ ဦးတို့ကို အဆိုပါကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသပေးပြီး နယ်မြေခံ တပ်မတော်သားများက  ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ   စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News