ပင္လံုၿမိဳ႕၊ ေနာင္လႈိင္ေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ပင္လံုၿမိဳ႕၊ ေနာင္လႈိင္ေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ဇူလုိင္   ၂ဝ      

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ပင္လံုၿမိဳ႕၊ ေနာင္လႈိင္ေက်းရြာရွိေဒသခံျပည္သူမ်ားကို ယေန႔နံနက္ပုိင္းတြင္ အေရွ႕ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၊နယ္လွည့္ေဆးကုသေရး အဖြဲ႕ကအဆုိပါေက်းရြာရွိ  သီရိမဂၤလာေနာင္လႈိင္ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာ ေရးေစာင့္ ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပး သည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၉၇ ဦးကို နား/ ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ ေသြးအားနည္းေရာဂါ၊ ရာသီတုပ္ေကြးေရာဂါ၊ အသက္႐ွဴ လမ္းေၾကာင္းဆုိင္ရာေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ မ်က္စိေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း မ်ား ေဆာင္ရြက္ေပးသည္။ ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို တုိင္းမွဴး ဗုိလ္ခ်ဳပ္ သန္းလႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး ေက်ာင္းထုိင္ဆရာေတာ္ ဘဒၵႏၲဆုဝဏၰအား ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ လြိဳင္လင္ၿမိဳ႕၊ နယ္ေျမခံတပ္ခန္းမ၌ လြိဳင္လင္၊ ပင္လံု၊ မုိင္းပြန္ၿမိဳ႕ နယ္တုိ႔ရွိ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားအား ေတြ႕ဆံု၍ စစ္မႈထမ္း ေဟာင္းအဖြဲ႕ဝင္မ်ား၏ တင္ျပခ်က္မ်ား အေပၚ လုိအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိ သည္။

(Unicode Version)

ပင်လုံမြို့၊ နောင်လှိုင်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၂ဝ      

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လုံမြို့၊ နောင်လှိုင်ကျေးရွာရှိဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေး အဖွဲ့ကအဆိုပါကျေးရွာရှိ  သီရိမင်္ဂလာနောင်လှိုင် ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာ ရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၉၇ ဦးကို နား/ နှာခေါင်း/လည်ချောင်း ရောဂါ၊ သွေးအားနည်းရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဆုဝဏ္ဏအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လွိုင်လင်မြို့၊ နယ်မြေခံတပ်ခန်းမ၌ လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်မြို့ နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ၍ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။    

   

Recent News