ဧရာဝတီျမစ္ေရျမင့္တက္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚႏုိင္သည့္ အမရပူရၿမိဳ႕နယ္၊ ယင္တုိးအုပ္စုႏွင့္ ယဥ္ေတာ္အုပ္စုတို႕ ၌ သဲအိတ္ႏွင့္ေရတားလမ္းခင္းက်င္းျခင္းမ်ားျပဳလုပ္

ဧရာဝတီျမစ္ေရျမင့္တက္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚႏုိင္သည့္ အမရပူရၿမိဳ႕နယ္၊ ယင္တုိးအုပ္စုႏွင့္ ယဥ္ေတာ္အုပ္စုတို႕ ၌ သဲအိတ္ႏွင့္ေရတားလမ္းခင္းက်င္းျခင္းမ်ားျပဳလုပ္

ေနျပည္ေတာ္   ဇူလုိင္   ၂ဝ

ျမန္မာႏုိင္ငံ ေျမာက္ပုိင္းေဒသမ်ားတြင္ မုိးအဆက္မျပတ္ရြာသြန္းၿပီး ဧရာဝတီျမစ္ေရ ျမင့္တက္မႈေၾကာင့္ ျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ေနရာအခ်ဳိ႕တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ ေပၚလ်က္ရွိရာ မႏၲေလး တုိင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္မွ စစ္ကုိင္းၿမိဳ႕သို႔ သြားရာ ကမ္းနားလမ္းရွိ ယင္တုိးအုပ္စုႏွင့္ ယဥ္ေတာ္အုပ္စုတုိ႔၌ ေရႀကီးေရလွ်ံျခင္းမ်ား ျဖစ္ေပၚ လာႏုိင္သျဖင့္ ယေန႔ နံနက္ပုိင္းတြင္ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက အဆုိပါေနရာမ်ား၌ သဲအိတ္မ်ားႏွင့္ ေရတားလမ္းခင္းက်င္း ျခင္းတို႔ကို ကူညီေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သည့် အမရပူရမြို့နယ်၊ ယင်တိုးအုပ်စုနှင့် ယဉ်တော်အုပ်စုတို့ ၌ သဲအိတ်နှင့်ရေတားလမ်းခင်းကျင်းခြင်းများပြုလုပ်

နေပြည်တော်   ဇူလိုင်   ၂ဝ

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြောင်းတစ်လျှောက်ရှိ နေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ် ပေါ်လျက်ရှိရာ မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ စစ်ကိုင်းမြို့သို့ သွားရာ ကမ်းနားလမ်းရှိ ယင်တိုးအုပ်စုနှင့် ယဉ်တော်အုပ်စုတို့၌ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ် လာနိုင်သဖြင့် ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အဆိုပါနေရာများ၌ သဲအိတ်များနှင့် ရေတားလမ်းခင်းကျင်း ခြင်းတို့ကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

Recent News