
ကလေးမြို့နယ်၊ ကံကြီးကျေးရွာ၌ ကျန်းမာရေးစောင်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၂ဝ



(Unicode Version)

 

ကလေးမြို့နယ်၊ ကံကြီးကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ ရှိ ဒေသခံပြည်သူများ ကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၇၅ ဦးကို ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ကလေးရောဂါ၊အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

 

 

Recent News