

နေပြည်တော်   ဇူလိုင်   ၂ဝ



(Unicode Version)

 

ကော့သောင်း-ဘုတ်ပြင်းသွား ကားလမ်းရေကျော်မှုအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၂ဝ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဆယ်မိုင်ကျေးရွာအနီး ကော့သောင်း-ဘုတ်ပြင်းသွား ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားပေါ် သို့ ချောင်းရေ ကျော်လွန်မှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါ တံတားရေကျော်မှုကြောင့် အများပြည်သူများ အန္တရာယ်မဖြစ်စေရေးနှင့် လွယ်ကူစွာသွားလာနိုင်ရေးတို့ အတွက် ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကော့သောင်းတပ်နယ်မှ တပ်မတော်သားများက ယာဉ်ကြောရှင်းလင်းခြင်းနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

Recent News