AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က ရေသ့ေတာင္ၿမိဳ႕အနီး ေက်ာက္ခ်ရပ္နားထားေသာ စစ္ေရယာဥ္ ၃ စီး အား ေရွာ့တုိက္ဒုံးျဖင့္ လာေရာက္ပစ္ခတ္

 

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က ရေသ့ေတာင္ၿမိဳ႕အနီး ေက်ာက္ခ်ရပ္နားထားေသာ စစ္ေရယာဥ္ ၃ စီး အား ေရွာ့တုိက္ဒုံးျဖင့္ လာေရာက္ပစ္ခတ္

ေနျပည္ေတာ္ ဇူလုိင္္  ၂၁

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားသည္ ရခုိင္ျပည္နယ္အတြင္း နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပား ေစေရးအတြက္ အဖ်က္အေမွာင့္လုပ္ရပ္အမ်ဳိးမ်ဳိးအား လုပ္ေဆာင္လ်က္ရွိၿပီး ရခုိင္ျပည္နယ္အနီးရွိ ျမန္မာ့ ပင္လယ္ျပင္အတြင္းႏွင့္ ပင္လယ္ကမ္းစပ္တစ္ေလွ်ာက္၌ေျပးဆြဲလ်က္ရွိသည့္ ေဒသခံျပည္သူမ်ား၏ ေရယာဥ္ မ်ားစက္ခြၽတ္ယြင္းမႈတစ္စုံတစ္ရာျဖစ္ပြားပါက ကူညီကယ္ဆယ္ေရးေဆာင္ရြက္ႏုိင္ရန္ႏွင့္ သဘာ၀ေဘး အႏၲရာယ္မ်ား က်ေရာက္လာပါကကူညီႏုိင္ရန္ အသင့္စုဖြဲ႕ထားရွိသည့္ တပ္မေတာ္(ေရ)မွစစ္ေရယာဥ္မ်ားကုိ လည္း ပစ္ခတ္ေႏွာင့္ယွက္မႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ထုိသုိ႕ အဖ်က္အေမွာင့္လုပ္ရပ္မ်ား ျပဳလုပ္လ်က္ရွိရာ ဇူလုိင္ ၂၀ ရက္ နံနက္ပုိင္း တြင္လည္း ရေသ့ေတာင္ၿမိဳ႕၏ အေနာက္ဘက္ မီတာ ၃၀၀၀ ခန္႕အကြာရွိ ေမယုျမစ္ကမ္း အနီးတြင္ ေက်ာက္ခ်ရပ္နားထားေသာ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္ ၃ စီးအား AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားက စစ္ေရယာဥ္၏ အေနာက္ဘက္ကမ္းစပ္မွ ေရွာ႕တုိက္ဒုံး ၂ လုံးျဖင့္လာေရာက္ပစ္ခတ္ခဲ့ေသာေၾကာင့္ စစ္ေရယာဥ္အမႈထမ္းမ်ား က ျပန္လည္ပစ္ခတ္ခဲ့ရသည္။

ျဖစ္စဥ္တြင္ စစ္ေရယာဥ္အမႈထမ္းမ်ားႏွင့္ စစ္ေရယာဥ္မ်ား ထိ္ခုိက္ပ်က္စီးမႈမရွိပဲ  လာေရာက္ပစ္ခတ္ခဲ့သည့္ ပတ္၀န္းက်င္ေနရာတစ္၀ုိက္အား ရွင္းလင္းေဆာင္ရြက္ရာ၌ ပစ္ခတ္ရန္ အသင့္အေနအထားရွိသည့္ Type 63 ၁၀၇ မီလီမီတာအမ်ဳိးအစားဒုံးသီး ၃ လုံးအား ဘတၳရီအုိး၊ ၀ါယာႀကိဳးမ်ားႏွင့္ ခ်ိတ္ဆက္လ်က္ ထပ္မံ ေတြ႕ရွိရသျဖင့္ ေဘးအႏၲရာယ္မရွိေစေရး စနစ္တက်သက္မဲ့ျပဳလုပ္ခဲ့သည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားအေနျဖင့္ ဇြန္ ၂၂ ရက္ေန႕တြင္လည္း စစ္ေတြၿမိဳ႕အေရွ႕ဘက္ ဆတ္႐ုိးက်ေခ်ာင္း၀အနီးေက်ာက္ခ်ရပ္နားထားသည့္ ပင္လယ္ သြားတြဲဆြဲေရယာဥ္တစ္စီးကုိ အလားတူ ေရွာ႕တုိက္ဒုံး ၃ လုံးျဖင့္ လာေရာက္ ပစ္ခတ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရသေ့တောင်မြို့အနီး ကျောက်ချရပ်နားထားသော စစ်ရေယာဉ် ၃ စီး အား ရှော့တိုက်ဒုံးဖြင့် လာရောက်ပစ်ခတ်

နေပြည်တော် ဇူလိုင်  ၂၁

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြား စေရေးအတွက် အဖျက်အမှောင့်လုပ်ရပ်အမျိုးမျိုးအား လုပ်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်အနီးရှိ မြန်မာ့ ပင်လယ်ပြင်အတွင်းနှင့် ပင်လယ်ကမ်းစပ်တစ်လျှောက်၌ပြေးဆွဲလျက်ရှိသည့် ဒေသခံပြည်သူများ၏ ရေယာဉ် များစက်ချွတ်ယွင်းမှုတစ်စုံတစ်ရာဖြစ်ပွားပါက ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါကကူညီနိုင်ရန် အသင့်စုဖွဲ့ထားရှိသည့် တပ်မတော်(ရေ)မှစစ်ရေယာဉ်များကို လည်း ပစ်ခတ်နှောင့်ယှက်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ အဖျက်အမှောင့်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ ဇူလိုင် ၂၀ ရက် နံနက်ပိုင်း တွင်လည်း ရသေ့တောင်မြို့၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ မေယုမြစ်ကမ်း အနီးတွင် ကျောက်ချရပ်နားထားသော တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စီးအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက စစ်ရေယာဉ်၏ အနောက်ဘက်ကမ်းစပ်မှ ရှော့တိုက်ဒုံး ၂ လုံးဖြင့်လာရောက်ပစ်ခတ်ခဲ့သောကြောင့် စစ်ရေယာဉ်အမှုထမ်းများ က ပြန်လည်ပစ်ခတ်ခဲ့ရသည်။

ဖြစ်စဉ်တွင် စစ်ရေယာဉ်အမှုထမ်းများနှင့် စစ်ရေယာဉ်များ ထိခိုက်ပျက်စီးမှုမရှိပဲ  လာရောက်ပစ်ခတ်ခဲ့သည့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်အား ရှင်းလင်းဆောင်ရွက်ရာ၌ ပစ်ခတ်ရန် အသင့်အနေအထားရှိသည့် Type 63 ၁၀၇ မီလီမီတာအမျိုးအစားဒုံးသီး ၃ လုံးအား ဘတ္ထရီအိုး၊ ဝါယာကြိုးများနှင့် ချိတ်ဆက်လျက် ထပ်မံ တွေ့ရှိရသဖြင့် ဘေးအန္တရာယ်မရှိစေရေး စနစ်တကျသက်မဲ့ပြုလုပ်ခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဇွန် ၂၂ ရက်နေ့တွင်လည်း စစ်တွေမြို့အရှေ့ဘက် ဆတ်ရိုးကျချောင်းဝအနီးကျောက်ချရပ်နားထားသည့် ပင်လယ် သွားတွဲဆွဲရေယာဉ်တစ်စီးကို အလားတူ ရှော့တိုက်ဒုံး ၃ လုံးဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News