ျပည္ၿမိဳ႕နယ္၊နဝင္းရပ္ကြက္၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ျပည္ၿမိဳ႕နယ္၊နဝင္းရပ္ကြက္၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ဇူလုိင္  ၂၁

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္ ၊ နဝင္းရပ္ကြက္ရွိ ေဒသခံျပည္သူမ်ားအား ဇူလုိင္ ၂ဝ ရက္ နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၊နယ္လွည့္ေဆးကုသေရးအဖြဲ႕ကအဆုိပါရပ္ကြက္ရွိ သီရိမဂၤလာဓမၼာ႐ံု၌ က်န္းမာ ေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူ ၂ဝ၆ ဦးကို ႏွလံုး ေရာဂါ၊ ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊သြားႏွင့္ခံတြင္းေရာဂါ၊အစာအိမ္ႏွင့္အူလမ္းေၾကာင္း ဆုိင္ရာေရာဂါ၊ကေလးေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လုိအပ္သူငါးဦးကိုျပည္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔တက္ေရာက္ကုသႏုိင္ေရး စီစဥ္ ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ ျပည္သူမ်ားအား   မုိးရာသီတြင္ ျဖစ္ပြားတတ္ေသာ ေသြးလြန္တုပ္ေကြး ေရာဂါႏွင့္ H1N1 ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပး သည္။

ထုိ႔ေနာက္ ေဒသခံျပည္သူမ်ားကို တပ္မေတာ္သား မိသားစုဝင္မ်ား၏ တပ္ပိုင္ႏွင့္ တစ္ပိုင္တစ္ႏုိင္ ေမြးျမဴေရး လုပ္ငန္းမွထြက္ရွိသည့္အသားငါး၊ဟင္းသီးဟင္းရြက္၊ၾကက္ဥႏွင့္ စားေသာက္ဖြယ္ရာမ်ားအား ျပင္ပေပါက္ေစ်း ထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ပြည်မြို့နယ်၊နဝင်းရပ်ကွက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ၊ နဝင်းရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဇူလိုင် ၂ဝ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါရပ်ကွက်ရှိ သီရိမင်္ဂလာဓမ္မာရုံ၌ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၂ဝ၆ ဦးကို နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူငါးဦးကိုပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က ဒေသခံ ပြည်သူများအား   မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါနှင့် H1N1 ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေး သည်။

ထို့နောက် ဒေသခံပြည်သူများကို တပ်မတော်သား မိသားစုဝင်များ၏ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းမှထွက်ရှိသည့်အသားငါး၊ဟင်းသီးဟင်းရွက်၊ကြက်ဥနှင့် စားသောက်ဖွယ်ရာများအား ပြင်ပပေါက်ဈေး ထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

Recent News