ေရေဘးသင့္ျပည္သူမ်ားကိုစားေသာက္ဖြယ္ရာမ်ားလွဴဒါန္း၊က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေရေဘးသင့္ျပည္သူမ်ားကိုစားေသာက္ဖြယ္ရာမ်ားလွဴဒါန္း၊က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ဇူလိုင္  ၂၁

ခ်င္းတြင္းျမစ္ေရျမင့္တက္မႈေၾကာင့္ ခႏ္ၲီးၿမိဳ႕ ေျမနိမ့္ပိုင္းရပ္ကြက္မ်ားမွ ေဒသခံျပည္သူမ်ားသည္ ေရေဘး လြတ္ရာေနရာမ်ားသို႔ ေခတၱေျပာင္းေရႊ႕ေနထိုင္လ်က္ရွိရာ ဇူလိုင္ ၂၀ ရက္ နံနက္ပိုင္းတြင္ အေနာက္ေျမာက္ တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမခံ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားက ခႏ္ၲီးၿမိဳ႕၊ ျမသိန္းတန္ဘုရား   ေရေဘးေရွာင္စခန္းႏွင့္ ေပါမိုင္းဘုန္းႀကီးေက်ာင္းတို႔ရွိ ေရေဘးသင့္ျပည္သူ ၃၅၀ ဦးတို႔ကို  ထမင္း၊ ဟင္းႏွင့္ ေသာက္ေရသန္႔ဘူးမ်ား သြားေရာက္ လွဴဒါန္းၾကသည္။

အလားတူ ဧရာ၀တီျမစ္ေရျမင့္တက္မႈေၾကာင့္ စစ္ကိုင္းၿမိဳ႕၊ ဒါး၀ယ္ေစ်းရပ္ကြက္၊ ေ၀ဠဳ၀န္ငါးထပ္ႀကီးဘုရား    ေရေဘးေရွာင္ စခန္းတြင္ေခတၱေျပာင္းေရႊ႕ေနထိုင္လ်က္ရွိေသာ ေရေဘးသင့္ျပည္သူ ၁၄၇ ဦးအား ယေန႔နံနက္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္နယ္လွည့္ေဆးကုသေရးအဖြဲ႕ကဖ်ားနာေရာဂါ၊ ေခ်ာင္းဆိုးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးခဲ့ၿပီး နယ္ေျမခံ တပ္မေတာ္သားမ်ားက ေသာက္ေရ သန္႔ဘူးမ်ား  ျဖန္႔ေ၀လွဴဒါန္းခ့ဲၾကေၾကာင္း   သတင္းရရွိသည္။ 

(Unicode Version)

ရေဘေးသင့်ပြည်သူများကိုစားသောက်ဖွယ်ရာများလှူဒါန်း၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၁

ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ခန်္တီးမြို့ မြေနိမ့်ပိုင်းရပ်ကွက်များမှ ဒေသခံပြည်သူများသည် ရေဘေး လွတ်ရာနေရာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိရာ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက ခန်္တီးမြို့၊ မြသိန်းတန်ဘုရား   ရေဘေးရှောင်စခန်းနှင့် ပေါမိုင်းဘုန်းကြီးကျောင်းတို့ရှိ ရေဘေးသင့်ပြည်သူ ၃၅၀ ဦးတို့ကို  ထမင်း၊ ဟင်းနှင့် သောက်ရေသန့်ဘူးများ သွားရောက် လှူဒါန်းကြသည်။

အလားတူ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်၊ ဝေဠုဝန်ငါးထပ်ကြီးဘုရား    ရေဘေးရှောင် စခန်းတွင်ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူ ၁၄၇ ဦးအား ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့ကဖျားနာရောဂါ၊ ချောင်းဆိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး နယ်မြေခံ တပ်မတော်သားများက သောက်ရေ သန့်ဘူးများ  ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း   သတင်းရရှိသည်။

 

 

Recent News