ပုသိမ္ၿမိဳ႕ရွိ ဌာနဆိုင္ရာ ၀န္ထမ္းမ်ားႏွင့္ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ မိသားစု ၀င္မ်ားအား ၾကက္ဥ၊ ဘဲဥ၊ ဟင္းသီးဟင္း ရြက္မ်ားႏွင့္ႏြားႏို႕မ်ားကို သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ေရာင္းခ်

ပုသိမ္ၿမိဳ႕ရွိ ဌာနဆိုင္ရာ ၀န္ထမ္းမ်ားႏွင့္ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ မိသားစု ၀င္မ်ားအား ၾကက္ဥ၊ ဘဲဥ၊ ဟင္းသီးဟင္း ရြက္မ်ားႏွင့္ႏြားႏို႕မ်ားကို သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ေရာင္းခ်

ေနျပည္ေတာ္  ဇူလိုင္   ၂၁

ဧရာ၀တီတိုင္း ေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ ျမန္မာ ႏိုင္ငံ ရဲတပ္ဖြဲ႕ မိသားစု၀င္မ်ားသို႔   ဇူလိုင္ ၁၈ရက္ နံနက္ပိုင္းတြင္ အေနာက္ ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ စခန္း႐ံုးစံျပ ဘက္စံုစိုက္ပ်ဳိး ေမြးျမဴေရးၿခံႏွင့္ ကြပ္ကဲမႈေအာက္ တပ္ရင္း/ တပ္ဖြဲ႕မ်ားရွိ တပ္မေတာ္သား မိသားစုမ်ား၏ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိေသာ သန္႔ရွင္းလတ္ဆတ္ သည့္ ၾကက္ဥ ၇၀၀လံုး၊ ဘဲဥ ၃၀၀ လံုး၊ ႏြားႏို႔ ၁၀ ဘူးႏွင့္ ဟင္းသီး ဟင္းရြက္မ်ားအား ေရာင္းခ်ေပးခဲ့သည္။

ထို႔အတူ ဇူလိုင္ ၁၅ ရက္မွ ၁၇ ရက္အထိ က်န္းမာေရး ဦးစီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ အမ်ဳိးသား မွတ္ပံုတင္ေရးဦးစီးဌာနရွိမိသားစု၀င္မ်ားႏွင့္ ပုသိမ္ၿမိဳ႕ေပၚရွိ တကၠသုိလ္မ်ားႏွင့္ အထက္တန္း ေက်ာင္းမ်ားမွ ပညာေရး၀န္ထမ္းမ်ားသုိ႔  စုစုေပါင္း ၾကက္ဥ ၆၄၀၀လံုး၊ ဘဲဥ ၁၆၈၀ လံုး၊ ႏြားႏို႔ ၂၅ ဘူးႏွင့္ ဟင္းသီးဟင္းရြက္မ်ားအား ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ် ေပးခဲ့ေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

ပုသိမ်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မိသားစု ဝင်များအား ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်း ရွက်များနှင့်နွားနို့များကို သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချ

နေပြည်တော်  ဇူလိုင်   ၂၁

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ မိသားစုဝင်များသို့   ဇူလိုင် ၁၈ရက် နံနက်ပိုင်းတွင် အနောက် တောင်တိုင်း စစ်ဌာနချုပ်၊ စခန်းရုံးစံပြ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသော သန့်ရှင်းလတ်ဆတ် သည့် ကြက်ဥ ၇၀၀လုံး၊ ဘဲဥ ၃၀၀ လုံး၊ နွားနို့ ၁၀ ဘူးနှင့် ဟင်းသီး ဟင်းရွက်များအား ရောင်းချပေးခဲ့သည်။

ထို့အတူ ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အထိ ကျန်းမာရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနရှိမိသားစုဝင်များနှင့် ပုသိမ်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့် အထက်တန်း ကျောင်းများမှ ပညာရေးဝန်ထမ်းများသို့  စုစုပေါင်း ကြက်ဥ ၆၄၀၀လုံး၊ ဘဲဥ ၁၆၈၀ လုံး၊ နွားနို့ ၂၅ ဘူးနှင့် ဟင်းသီးဟင်းရွက်များအား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News