ငါ့သေရာက္ၿမိဳ႕နယ္၊ ကမၼေက်းရြာအုပ္စု၊ သနပၸင္ေက်းရြာ၌ တူးေဖာ္ၿပီးစီးခဲ့သည့္ ၄ လက္မအ၀ီစိ စက္ေရတြင္း ဖြင့္ပြဲႏွင့္ေရစက္ခ် လွဴဒါန္းပြဲျပဳလုပ္

ငါ့သေရာက္ၿမိဳ႕နယ္၊ ကမၼေက်းရြာအုပ္စု၊ သနပၸင္ေက်းရြာ၌ တူးေဖာ္ၿပီးစီးခဲ့သည့္ ၄ လက္မအ၀ီစိ စက္ေရတြင္း ဖြင့္ပြဲႏွင့္ေရစက္ခ် လွဴဒါန္းပြဲျပဳလုပ္

ေနျပည္ေတာ္  ဇူလိုင္  ၂၁

ႏွစ္စဥ္ေႏြရာသီတြင္ ေရရွားပါးမႈႏွင့္ႀကံဳေတြ႕ ေနရေသာေဒသမ်ားရွိေက်းရြာ၊ ရပ္ကြက္မ်ားအား ေသာက္သံုးေရ ရရွိေစရန္အတြက္   အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ဦးေဆာင္မႈျဖင့္ ေမတၱာေရစင္ေက်းလက္ေဒသ ေရရရွိေရး အသင္းမွ  တူးေဖာ္လွဴဒါန္း ေပးလ်က္ရွိရာ  ယေန႔နံနက္ပိုင္းတြင္ မႏၱေလးတိုင္း ေဒသႀကီး၊ ငါ့သေရာက္ၿမိဳ႕နယ္၊ ကမၼေက်းရြာအုပ္စု သနပၸင္ေက်းရြာ၌ တူးေဖာ္ၿပီးစီးခဲ့သည့္  ၄ လက္မ အ၀ီစိစက္ေရတြင္းဖြင့္ပြဲႏွင့္ ေရစက္ခ်လွဴဒါန္းျခင္းကို  အဆိုပါေက်းရြာရွိဇမၺဴဒီပေက်ာင္းတိုက္၌ျပဳလုပ္ရာ တိုင္းစစ္ဌာနခ်ဳပ္မွတာ၀န္ရွိ သူမ်ား၊ ဌာနဆိုင္ရာမ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံ ျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာတာ၀န္ရွိသူမ်ားကစက္ေရတြင္းအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး ကမၸည္းေက်ာက္ျပားအား အေမႊးနံ႔သာရည္ မ်ားပက္ဖ်န္းေပးသည္။

ထို႔ေနာက္  တက္ေရာက္လာၾကသူမ်ားက ဇမၺဴဒီပေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၱေကာလႅထံမွ    ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး  သံဃာေတာ္မ်ားထံမွ ပရိတ္တရားေတာ္မ်ား နာယူၾကကာ သံဃာေတာ္မ်ားအား သကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ယင္းေနာက္ တက္ေရာက္လာၾကသူမ်ားက စက္ေရတြင္း လွဴဒါန္းမႈအတြက္ အႏုေမာဒနာ တရားနာၾကား၍  ေရစက္ သြန္းခ် အမွ်ေပးေ၀ ၾကသည္။ အဆိုပါစက္ေရတြင္းသည္ တစ္နာရီလွ်င္ ေရဂါလန္ ၂၀၀၀ ထြက္ရွိ၍ ေက်းရြာေန ျပည္သူမ်ား ေသာက္သံုးေရ လုံေလာက္စြာသံုးစြဲႏိုင္ေၾကာင္း သတင္းရရွိသည္။  

(Unicode Version)

ငါ့သရောက်မြို့နယ်၊ ကမ္မကျေးရွာအုပ်စု၊ သနပ္ပင်ကျေးရွာ၌ တူးဖော်ပြီးစီးခဲ့သည့် ၄ လက်မအဝီစိ စက်ရေတွင်း ဖွင့်ပွဲနှင့်ရေစက်ချ လှူဒါန်းပွဲပြုလုပ်

နေပြည်တော်  ဇူလိုင်  ၂၁

နှစ်စဉ်နွေရာသီတွင် ရေရှားပါးမှုနှင့်ကြုံတွေ့ နေရသောဒေသများရှိကျေးရွာ၊ ရပ်ကွက်များအား သောက်သုံးရေ ရရှိစေရန်အတွက်   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ဦးဆောင်မှုဖြင့် မေတ္တာရေစင်ကျေးလက်ဒေသ ရေရရှိရေး အသင်းမှ  တူးဖော်လှူဒါန်း ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ငါ့သရောက်မြို့နယ်၊ ကမ္မကျေးရွာအုပ်စု သနပ္ပင်ကျေးရွာ၌ တူးဖော်ပြီးစီးခဲ့သည့်  ၄ လက်မ အဝီစိစက်ရေတွင်းဖွင့်ပွဲနှင့် ရေစက်ချလှူဒါန်းခြင်းကို  အဆိုပါကျေးရွာရှိဇမ္ဗူဒီပကျောင်းတိုက်၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာတာဝန်ရှိသူများကစက်ရေတွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းကျောက်ပြားအား အမွှေးနံ့သာရည် များပက်ဖျန်းပေးသည်။

ထို့နောက်  တက်ရောက်လာကြသူများက ဇမ္ဗူဒီပကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောလ္လထံမှ    ငါးပါးသီလ ခံယူဆောက်တည်ကြပြီး  သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြကာ သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက စက်ရေတွင်း လှူဒါန်းမှုအတွက် အနုမောဒနာ တရားနာကြား၍  ရေစက် သွန်းချ အမျှပေးေ၀ ကြသည်။ အဆိုပါစက်ရေတွင်းသည် တစ်နာရီလျှင် ရေဂါလန် ၂၀၀၀ ထွက်ရှိ၍ ကျေးရွာနေ ပြည်သူများ သောက်သုံးရေ လုံလောက်စွာသုံးစွဲနိုင်ကြောင်း သတင်းရရှိသည်။ 

 

Recent News