
 


နေပြည်တော်  ဇူလိုင်  ၂၁



(Unicode Version)

ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်း တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်ဆေးကုသရေး အဖွဲ့ကဒေသခံတိုင်းရင်းသားပြည်သူ ၁၂၂ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊အရိုး/အကြောရောဂါ၊ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊နှလုံးခုန်နှုန်း စစ်ဆေးခြင်းနှင့်သွေးဖောက်စစ်ဆေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

Recent News