
 


နေပြည်တော် ဇူလိုင်  ၂၁




(Unicode Version)

အရာတော်မြို့နယ်၊တော်လှကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသ

နေပြည်တော် ဇူလိုင်  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊  အရာတော်မြို့နယ်၊ တော်လှကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင်  အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါကျောင်း၌ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ကျောင်းသူ ၅၀ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စာသင်ခုံများပြုပြင်ပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။

 

Recent News