မိုးေကာင္း၊ ဟိုပင္ႏွင့္နမၼတီး ၿမိဳ႔နယ္တို႔၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

 

မိုးေကာင္း၊ ဟိုပင္ႏွင့္နမၼတီး ၿမိဳ႔နယ္တို႔၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ဇူလိုင္  ၂၁

ကခ်င္ျပည္နယ္၊   မိုးေကာင္းၿမိဳ႕ေပၚႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားမွ ေဒသခံျပည္သူမ်ားအား ယေန႔တြင္ ေျမာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က မိုးေကာင္းၿမိဳ႕ေတာ္ခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူ ၉၅၈ ဦးတို႔ကို ရာသီတုပ္ေကြး ေရာဂါ၊ ဆင္တုပ္ေကြးေရာဂါ၊ ေသြးတိုးေရာဂါ၊၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊သြားႏွင့္ခံတြင္းေရာဂါ၊ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍လိုအပ္သည့္က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ားေဆာင္ရြက္ေပးသည္။

အလားတူ  ဟိုပင္ၿမိဳ႕ႏွင့္  ပတ္၀န္းက်င္ ေက်းရြာမ်ားမွ ေဒသခံျပည္သူ ၅၀၄ ဦးအား အဆိုပါၿမိဳ႕ရွိ အမွတ္(၁) အေျခခံ ပညာအထက္တန္းေက်ာင္း၌လည္းေကာင္း၊ နမၼတီးၿမိဳ႕ႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားမွ  ေဒသခံျပည္သူ ၇၅၀ ဦးအား အဆိုပါၿမိဳ႕ရွိ ဥတၱရာမပရိယတ္ၱိ စာသင္တိုက္၌လည္းေကာင္း တုိင္းစစ္ဌာနခ်ဳပ္နယ္လွည့္ ေဆးကုသေရးအဖဲြ႕က ဆင္တုပ္ေကြးေရာဂါ၊ ေသြးတိုးေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိ ေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပး ျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မိုးကောင်း၊ ဟိုပင်နှင့်နမ္မတီး မြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၁

ကချင်ပြည်နယ်၊   မိုးကောင်းမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မိုးကောင်းမြို့တော်ခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၉၅၈ ဦးတို့ကို ရာသီတုပ်ကွေး ရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ဝမ်းပျက်ဝမ်းလျှောရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးသည်။

အလားတူ  ဟိုပင်မြို့နှင့်  ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၄ ဦးအား အဆိုပါမြို့ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌လည်းကောင်း၊ နမ္မတီးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ  ဒေသခံပြည်သူ ၇၅၀ ဦးအား အဆိုပါမြို့ရှိ ဥတ္တရာမပရိယတ်္တိ စာသင်တိုက်၌လည်းကောင်း တိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က ဆင်တုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချို၊ သွေးချို ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

Recent News