

နေပြည်တော်   ဇူလိုင်   ၂၁


ထိုသို့ဆောင်ရွက်ပေးရာတွင်  ဆေးကုသ ရေးအဖွဲ့က သံဃာတော်  ၃၀၆  ပါးတို့ကို ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊သွား နှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊သွေး အုပ်စုခွဲခြားပေးခြင်း၊ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊အာထရာဆောင်းရိုက်ကူးပေးခြင်းနှင့်  ECG စက်ဖြင့်နှလုံးစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင် ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ 

(Unicode Version)

မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိစာချ/စာသင်သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်   ဇူလိုင်   ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ စာချ/စာသင် သံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ    အောင်မြေသာစည် အလယ်တိုက်ကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  ဆေးကုသ ရေးအဖွဲ့က သံဃာတော်  ၃၀၆  ပါးတို့ကို ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊သွား နှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတု့ိနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊သွေး အုပ်စုခွဲခြားပေးခြင်း၊ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊အာထရာဆောင်းရိုက်ကူးပေးခြင်းနှင့်  ECG စက်ဖြင့်နှလုံးစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင် ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News