

နေပြည်တော်၊ ဇူလိုင် - ၂၂


စစ်ဆေးမေးမြန်းချက်အရ အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စပါးဆိပ်ကျေးရွာနေသူများဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေစဉ် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း မှော်စီဆာ ရပ်ကွက်၊ ဘုရားကုန်းနေ ကိုစိုးနိုင်ဆိုသူက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ဝင်ရန် စည်းရုံးပြောဆိုခဲ့သဖြင့် ၄င်းနှင့် အတူ မန္တလေး- လားရှိုး-မူဆယ်လမ်းကြောင်းအတိုင်း ထွက်ခွာခဲ့ကြောင်း၊ မူဆယ်မှတစ်ဆင့် တစ်ဖက်နိုင်ငံလမ်းကြောင်းအတိုင်း လိုင်ဇာသို့ သွားရောက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ(ပထမပတ်) အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖွင့်လှစ်သည့် တပ်သားသစ် သင်တန်း အမှတ်စဉ်(၅၁)အား ၂ လခန့်တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် (ဒေသအခေါ်)ကဒုံကစင်စခန်းသို့ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အဆိုပါ စခန်း၌ တာဝန် ထမ်းဆောင်နေစဉ် ၄င်းတို့၏အထက်အရာရှိများမှ နေ့စဉ်အလုပ်ကြမ်းများစေခိုင်းခြင်း၊ ဆူဆဲ ရိုက်နှက်ခြင်း၊ လစာမရရှိခြင်းတို့အပြင် ရခိုင်ပြည်နယ်ဘက်ရှိ သူငယ်ချင်း များထံမှ တပ်မတော်နှင့် တိုက်ပွဲဖြစ်စဉ်များအတွင်း AA အကြမ်းဖက် သောင်းကျန်းသူများ ကျဆုံး/ဒဏ်ရာရရှိမှုများပြားကြောင်း သတင်းများကြားသိရပြီး ၄င်းဒေသသို့ အင်အား ဖြည့်တင်းရန်အတွက် တပ်သားသစ်များပို့ဆောင်ရန် စီစဉ်နေကြောင်း ကြားသိရသဖြင့် ယခုကဲ့သို့ထွက်ပြေးလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိ ရသည်။


(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူ ၂ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် - ၂၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် ဝိုင်းမော်မြို့၏တောင်ဘက် ၁၅ မိုင်ခန့်အကွာ၌ မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးနေစဉ် ဇူလိုင်လ ၂၁ ရက် နံနက် ၈ နာရီချိန်ခန့်တွင် ဗန်းမော်မြို့ဘက်မှ မြစ်ကြီးနားမြို့ ဘက်သို့ ဦးဇော်လွင်(ဘ)ဦးကြီးငွေ မောင်းနှင်လာသော  NOAH  အမျိုးအစား ယာဉ်အမှတ်၊ 4L/------ အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ကဒုံကစင်စခန်းမှ ထွက်ပြေးလာသော AA အကြမ်းဖက် သောင်းကျန်းသူများဖြစ်သည့် တပ်သားအဆင့်ရှိ လှအောင်ထွန်း(ဘ)ဦးဒိုးအောင် နှင့် ကျော်နိုင်စိုး(ဘ) ဦးကျော်သိန်းမောင် တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စပါးဆိပ်ကျေးရွာနေသူများဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေစဉ် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း မှော်စီဆာ ရပ်ကွက်၊ ဘုရားကုန်းနေ ကိုစိုးနိုင်ဆိုသူက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ဝင်ရန် စည်းရုံးပြောဆိုခဲ့သဖြင့် ၎င်းနှင့် အတူ မန္တလေး- လားရှိုး-မူဆယ်လမ်းကြောင်းအတိုင်း ထွက်ခွာခဲ့ကြောင်း၊ မူဆယ်မှတစ်ဆင့် တစ်ဖက်နိုင်ငံလမ်းကြောင်းအတိုင်း လိုင်ဇာသို့ သွားရောက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ(ပထမပတ်) အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖွင့်လှစ်သည့် တပ်သားသစ် သင်တန်း အမှတ်စဉ်(၅၁)အား ၂ လခန့်တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် (ဒေသအခေါ်)ကဒုံကစင်စခန်းသို့ ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အဆိုပါ စခန်း၌ တာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့၏အထက်အရာရှိများမှ နေ့စဉ်အလုပ်ကြမ်းများစေခိုင်းခြင်း၊ ဆူဆဲ ရိုက်နှက်ခြင်း၊ လစာမရရှိခြင်းတို့အပြင် ရခိုင်ပြည်နယ်ဘက်ရှိ သူငယ်ချင်း များထံမှ တပ်မတော်နှင့် တိုက်ပွဲဖြစ်စဉ်များအတွင်း AA အကြမ်းဖက် သောင်းကျန်းသူများ ကျဆုံး/ဒဏ်ရာရရှိမှုများပြားကြောင်း သတင်းများကြားသိရပြီး ၎င်းဒေသသို့ အင်အား ဖြည့်တင်းရန်အတွက် တပ်သားသစ်များပို့ဆောင်ရန် စီစဉ်နေကြောင်း ကြားသိရသဖြင့် ယခုကဲ့သို့ထွက်ပြေးလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိ ရသည်။

အဆိုပါဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Recent News