ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)တံခြန္စိုက္ဒိုင္း စစ္တုရင္ၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)တံခြန္စိုက္ဒိုင္း စစ္တုရင္ၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ေနျပည္ေတာ္  ဇူလိုင္  ၂၂

၂၀၁၉ ခုႏွစ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) တံခြန္စိုက္ဒိုင္း စစ္တုရင္ၿပိဳင္ပြဲဖြင့္ပြဲကို ယေန႔ နံနက္ပိုင္းတြင္ အေနာက္ ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ တပ္နယ္အားကစား႐ံု၌ျပဳလုပ္ရာ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ကိုယ္စား ပုသိမ္ ေလတပ္ စခန္း ဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴး ဗုိလ္မွဴးခ်ဳပ္ ေအာင္ေက်ာ္စိုးႏွင့္ အဖြဲ႕၀င္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ တိုင္းအား ကစားႏွင့္ ကာယပညာ ဦးစီးဌာနမွ တာ၀န္ရွိသူမ်ား၊ ပုသိမ္ၿမိဳ႕နယ္စစ္တုရင္ ဆပ္ေကာ္မတီမွ တာ၀န္ရွိသူမ်ားႏွင့္ ၿပိဳင္ပြဲ၀င္ အသင္းသားမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ကိုယ္စား ပုသိမ္ေလတပ္ စခန္းဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴးက အဖြင့္အမွာစကား ေျပာၾကားၿပီး ခံုအမွတ္(၁)ရွိ ပထမေရႊ႕ကြက္ကို ေရႊ႕၍ ၿပိဳင္ပြဲကို ဖြင့္လွစ္ ေပးသည္။ ထို႔ေနာက္ တက္ေရာက္လာၾက သူမ်ားႏွင့္အတူ ၿပိဳင္ပြဲ၀င္ အားကစားသမား မ်ား၏ ယွဥ္ၿပိဳင္ကစားေနမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။

အဆိုပါစစ္တုရင္ၿပိဳင္ပြဲအား အႀကီးတန္း၊ လူသစ္တန္းႏွင့္ အျမန္ေရႊ႕ၿပိဳင္ပြဲ အမ်ဳိးအစားမ်ားျဖင့္ က်င္းပမည္ျဖစ္ၿပီး ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ေလ) ကြပ္ကဲမႈေအာက္ရွိ တပ္၊ ဌာနခ်ဳပ္မ်ားမွ ၿပိဳင္ပြဲ၀င္အသင္း ကိုးသင္းတို႔ျဖင့္ ဇူလိုင္ ၂၇ ရက္အထိ ယွဥ္ၿပိဳင္ ကစားသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။  

(Unicode Version)

ကာကွယ်ရေး ဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  ဇူလိုင်  ၂၂

၂၀၁၉ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အနောက် တောင်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အားကစားရုံ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စား ပုသိမ် လေတပ် စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တိုင်းအား ကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုသိမ်မြို့နယ်စစ်တုရင် ဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသင်းသားများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ကိုယ်စား ပုသိမ်လေတပ် စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက အဖွင့်အမှာစကား ပြောကြားပြီး ခုံအမှတ်(၁)ရှိ ပထမရွှေ့ကွက်ကို ရွှေ့၍ ပြိုင်ပွဲကို ဖွင့်လှစ် ပေးသည်။ ထို့နောက် တက်ရောက်လာကြ သူများနှင့်အတူ ပြိုင်ပွဲဝင် အားကစားသမား များ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါစစ်တုရင်ပြိုင်ပွဲအား အကြီးတန်း၊ လူသစ်တန်းနှင့် အမြန်ရွှေ့ပြိုင်ပွဲ အမျိုးအစားများဖြင့် ကျင်းပမည်ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ တပ်၊ ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းတို့ဖြင့် ဇူလိုင် ၂၇ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။   

 

Recent News