

နေပြည်တော်  ဇူလိုင်  ၂၂




(Unicode Version)

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  ဇူလိုင်  ၂၂

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင် များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက  အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ် ယှဉ်ပြိုင် ကစားနေမှုများကိုကြည့်ရှု အားပေးကြသည်။

အဆိုပါပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲ မှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၃၆ သင်းဖြင့် ဇူလိုင် ၂၆ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News