ေမာ္လၿမိဳင္ၿမိဳ႔၊ စစ္ကဲကုန္းရပ္ကြက္ႏွင့္ သာယာေအးရပ္ကြက္တို့ရွိ စာသင္ေက်ာင္းမ်ားမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူ မ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေမာ္လၿမိဳင္ၿမိဳ႔၊ စစ္ကဲကုန္းရပ္ကြက္ႏွင့္ သာယာေအးရပ္ကြက္တို့ရွိ စာသင္ေက်ာင္းမ်ားမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူ မ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇူလိုင္  ၂၂

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ စစ္ကဲကုန္း ရပ္ကြက္၊ အမွတ္(၅)အေျခခံပညာအလယ္ တန္းေက်ာင္းရွိ  ဆရာ၊  ဆရာမ မ်ားႏွင့္ ေက်ာင္းသား၊  ေက်ာင္းသူမ်ားအား  ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က  အဆိုပါ ေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က  ဆရာ၊  ဆရာမ  ၁၇ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၂၁ ဦးတို႔ အား တစ္ကိုယ္ ေရသန္႔ရွင္းေရးစစ္ေဆးေပးျခင္း၊  ေသြးအုပ္စု ခြဲျခားေပးျခင္း၊ သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိ ေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ႏဃြ စက္ျဖင့္ ႏွလံုး စမ္းသပ္ေပးျခင္း၊ အာထရာေဆာင္း႐ိုက္ေပး ျခင္းမ်ား ေဆာင္ရြက္ေပးၿပီး တစ္ကိုယ္ေရသန္႔ရွင္း ေရးႏွင့္  ေသြးလြန္တုပ္ေကြး ေရာဂါအေၾကာင္း သိေကာင္းစရာမ်ားအား က်န္းမာေရးအသိပညာ ေပးေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ ေပးသည္။

အလားတူ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က ယေန႔နံနက္ပိုင္းတြင္ ေမာ္လၿမိဳင္ၿမိဳ႕၊  သာယာေအး ရပ္ ကြက္၊ အမွတ္ (၆)အေျခခံပညာမူလတန္းေက်ာင္းရွိ ဆရာ၊  ဆရာမခုနစ္ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၅၀ ဦးတို႔အား က်န္းမာေရးစစ္ေဆးေပးျခင္း၊  ေသြးလြန္တုပ္ေကြးႏွင့္  တစ္ကိုယ္ေရသန္႔ရွင္းေရးအေၾကာင္း သိေကာင္းစရာ မ်ားႏွင့္ ပတ္သက္၍   က်န္းမာေရးအသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေက်ာင္းအတြက္ လိုအပ္ေသာ ေဆး၀ါးမ်ားကို  ဆရာ၊ ဆရာမမ်ားထံ ေပးအပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်နှင့် သာယာအေးရပ်ကွက်တို့ရှိ စာသင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်း ရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအလယ် တန်းကျောင်းရှိ  ဆရာ၊  ဆရာမ များနှင့် ကျောင်းသား၊  ကျောင်းသူများအား  ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က  အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က  ဆရာ၊  ဆရာမ  ၁၇ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦးတို့ အား တစ်ကိုယ် ရေသန့်ရှင်းရေးစစ်ဆေးပေးခြင်း၊  သွေးအုပ်စု ခွဲခြားပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ နဃွ စက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်း၊ အာထရာဆောင်းရိုက်ပေး ခြင်းများ ဆောင်ရွက်ပေးပြီး တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့်  သွေးလွန်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာများအား ကျန်းမာရေးအသိပညာ ပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက် ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊  သာယာအေး ရပ် ကွက်၊ အမှတ် (၆)အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ၊  ဆရာမခုနစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊  သွေးလွန်တုပ်ကွေးနှင့်  တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း သိကောင်းစရာ များနှင့် ပတ်သက်၍   ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းအတွက် လိုအပ်သော ဆေးဝါးများကို  ဆရာ၊ ဆရာမများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။  

Recent News