ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) တံခြန္စိုက္ဒိုင္း စားပြဲတင္တင္းနစ္ၿပိဳင္ပြဲဖြင္႕ပြဲျပဳလုပ္

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) တံခြန္စိုက္ဒိုင္း စားပြဲတင္တင္းနစ္ၿပိဳင္ပြဲဖြင္႕ပြဲျပဳလုပ္

ေနျပည္ေတာ္  ဇူလိုင္  ၂၂

ျမန္မာ့အားကစားေလာကတြင္ ထူးခၽြန္ ထက္ျမက္ၿပီး အရည္အေသြးျပည့္မီေသာ တပ္မေတာ္(ေလ) လက္ေရြးစင္ စားပြဲတင္ တင္းနစ္ အားကစားသမားမ်ား ေပၚထြက္လာ ေစရန္ရည္ရြယ္၍ ၂၀၁၉ ခုႏွစ္၊ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေလ) တံခြန္စိုက္ဒိုင္း စားပြဲတင္ တင္းနစ္ၿပိဳင္ပြဲ ဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ ေလတပ္ဆြယ္(ေနျပည္ေတာ္)၌  ျပဳလုပ္ရာ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ကိုယ္စား ေတာင္ငူ ေလတပ္စခန္းဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴး ဗိုလ္မွဴးခ်ဳပ္  ေဇာ္၀င္းျမင့္၊   ေလတပ္ဆြယ္ (ေနျပည္ေတာ္)မွ ေလတပ္ဆြယ္မွဴး၊    တပ္မေတာ္(ေလ)မွ အရာရွိ၊ စစ္သည္၊ မိသားစု၀င္မ်ား၊ နည္းျပ မ်ား၊ ၿပိဳင္ပြဲ၀င္အသင္းမ်ားႏွင့္ အားကစား ၀ါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ကိုယ္စား ေတာင္ငူေလတပ္စခန္းဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴးက  အဖြင့္အမွာ စကား ေျပာၾကားၿပီး ၿပိဳင္ပြဲကို ဖြင့္လွစ္ေပးသည္။ ထို႔ေနာက္ တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ ၿပိဳင္ပြဲ၀င္ အသင္းမ်ား၏ ယွဥ္ၿပိဳင္ ကစား ေနမႈမ်ားကို ၾကည့္႐ႈအားေပး ၾကသည္။

အဆုိပါ စားပြဲတင္တင္းနစ္ၿပိဳင္ပြဲတြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ေလ) ကြပ္ကဲမႈ ေအာက္ရွိ တပ္၊ ဌာနခ်ဳပ္မ်ားမွ ၿပိဳင္ပြဲ၀င္ အသင္း ၁၀ သင္းတုိ႔ျဖင့္ ဇူလိုင္ ၂၇ ရက္ အထိ ယွဥ္ၿပိဳင္ကစား သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။  

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်  ဇူလိုင်  ၂၂

မြန်မာ့အားကစားလောကတွင် ထူးချွန် ထက်မြက်ပြီး အရည်အသွေးပြည့်မီသော တပ်မတော်(လေ) လက်ရွေးစင် စားပွဲတင် တင်းနစ် အားကစားသမားများ ပေါ်ထွက်လာ စေရန်ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ ကာကွယ် ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လေတပ်ဆွယ်(နေပြည်တော်)၌  ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား တောင်ငူ လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်  ဇော်ဝင်းမြင့်၊   လေတပ်ဆွယ် (နေပြည်တော်)မှ လေတပ်ဆွယ်မှူး၊    တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ နည်းပြ များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစား ၀ါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား တောင်ငူလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက  အဖွင့်အမှာ စကား ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့်အတူ ပြိုင်ပွဲဝင် အသင်းများ၏ ယှဉ်ပြိုင် ကစား နေမှုများကို ကြည့်ရှုအားပေး ကြသည်။

အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကွပ်ကဲမှု အောက်ရှိ တပ်၊ ဌာနချုပ်များမှ ပြိုင်ပွဲဝင် အသင်း ၁၀ သင်းတို့ဖြင့် ဇူလိုင် ၂၇ ရက် အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

Recent News