ေနျပည္ေတာ္ ဇူလုိင္ ၂၂
၂၀၁၉ ခုႏွစ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) တံခြန္စုိက္ဒုိင္း စစ္တုရင္ၿပိဳင္ပြဲဆုေပးပြဲကို ယေန႔မြန္းလြဲပုိင္းတြင္ ဧရာ၀တီ ေရတပ္ စခန္းဌာနခ်ဳပ္၊ သီဟသူရထြန္းတင္ခန္းမ၌ျပဳလုပ္ရာ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲ၀င္ အားကစားသမားမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။
ဦးစြာ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ကိုယ္စား ဧရာ၀တီေရတပ္ စခန္းဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴးက အမွာစကားေျပာၾကား သည္။ ထုိ႔ေနာက္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ ၿပိဳင္ပြဲ အမ်ဳိးအစား အလုိက္ ဆုရရွိၾကသူမ်ားအား တာ၀န္ရွိသူမ်ားက လည္းေကာင္း၊ တံခြန္စုိက္ဒုိင္းဆုရရွိေသာ အသင္းအား ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ကိုယ္စား ဌာနခ်ဳပ္မွဴးက လည္း ေကာင္းဆုမ်ား အသီးသီး ေပးအပ္ၾကသည္။
အဆုိပါ စစ္တုရင္ၿပိဳင္ပြဲကို ၿပိဳင္ပြဲ၀င္အသင္း ၁၄ သင္းျဖင့္ ဇူလုိင္ ၉ ရက္မွ ယေန႔အထိ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္း ရရွိ သည္။
(Unicode Version)
ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်
နေပြည်တော် ဇူလိုင် ၂၂
၂၀၁၉ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီ ရေတပ် စခန်းဌာနချုပ်၊ သီဟသူရထွန်းတင်ခန်းမ၌ပြုလုပ်ရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကိုယ်စား ဧရာဝတီရေတပ် စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက အမှာစကားပြောကြား သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲ အမျိုးအစား အလိုက် ဆုရရှိကြသူများအား တာဝန်ရှိသူများက လည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်းအား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ကိုယ်စား ဌာနချုပ်မှူးက လည်း ကောင်းဆုများ အသီးသီး ပေးအပ်ကြသည်။
အဆိုပါ စစ်တုရင်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ဇူလိုင် ၉ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိ သည်။