အေရွ႔ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴးတံခြန္စိုက္ဒုိင္း ေရကူးၿပိဳင္ပြဲ ဗုိလ္လုပြဲႏွင့္ ဆုေပးပြဲျပဳလုပ္

အေရွ႔ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴးတံခြန္စိုက္ဒုိင္း ေရကူးၿပိဳင္ပြဲ ဗုိလ္လုပြဲႏွင့္ ဆုေပးပြဲျပဳလုပ္

ေနျပည္ေတာ္  ဇူလိုင္   ၂၂

အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ ၂၀၁၉ ခုႏွစ္ တိုင္းမွဴးတံခြန္စိုက္ဒိုင္းေရကူးၿပိဳင္ပြဲ ဗုိလ္လုပြဲႏွင့္ ဆုေပးပြဲကို ယေန႔ေန႔ လယ္ပိုင္းတြင္ ဗထူး တပ္ၿမိဳ႕၊  ဗထူးစမ္းေရကူးကန္၌ျပဳလုပ္ရာ တိုင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္အဖြဲ႕၀င္မ်ား၊  အရာရွိ၊ စစ္သည္၊  မိသားစုမ်ား၊  ၿပိဳင္ပြဲ၀င္ အားကစားသမားမ်ား၊ ဒိုင္အဖြဲ႕၀င္မ်ားႏွင့္ အားကစား ၀ါသနာရွင္မ်ား တက္ေရာက္ၾက သည္။

ဦးစြာ တိုင္းမွဴးႏွင့္တက္ေရာက္လာၾကသူ မ်ားက မီတာ ၅၀ လူသစ္တန္း ပက္လက္ကူး ၿပိဳင္ပြဲႏွင့္ မီတာ ၅၀ လူသစ္တန္း  လက္ဆင့္ ကမ္းအလြတ္ကူးၿပိဳင္ပြဲ    ဗုိလ္လုပြဲယွဥ္ၿပိဳင္ ကူးခပ္မႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။

ထို႔ေနာက္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ ၿပိဳင္ပြဲတြင္ တစ္ဦးခ်င္းဆုရရွိသူမ်ား၊ အသင္းလိုက္ဆုရရွိသူမ်ားႏွင့္ တံခြန္စိုက္ဒိုင္း ဆုရရွိေသာ အသင္းတို႔အား တိုင္းမွဴးႏွင့္တာ၀န္ရွိသူမ်ားက  ဒိုင္းဆုႏွင့္ ဂုဏ္ျပဳဆုမ်ား အသီးသီး ေပးအပ္ၾကသည္။

အဆိုပါေရကူးၿပိဳင္ပြဲကို တိုင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲ ၀င္အသင္း ၁၁ သင္း၊  ၿပိဳင္ပြဲ၀င္ အားကစား သမား ၁၃၂ ဦးတို႔က ၿပိဳင္ပြဲအမ်ဳိးအစား ၁၀မ်ဳိးျဖင့္ ဇူလိုင္ ၁၅ ရက္မွ ယေန႔အထိ ယွဥ္ၿပိဳင္ ကစားခဲ့ျခင္း ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်  ဇူလိုင်   ၂၂

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၁၉ ခုနှစ် တိုင်းမှူးတံခွန်စိုက်ဒိုင်းရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နေ့ လယ်ပိုင်းတွင် ဗထူး တပ်မြို့၊  ဗထူးစမ်းရေကူးကန်၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊  အရာရှိ၊ စစ်သည်၊  မိသားစုများ၊  ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစား ၀ါသနာရှင်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူ များက မီတာ ၅၀ လူသစ်တန်း ပက်လက်ကူး ပြိုင်ပွဲနှင့် မီတာ ၅၀ လူသစ်တန်း  လက်ဆင့် ကမ်းအလွတ်ကူးပြိုင်ပွဲ    ဗိုလ်လုပွဲယှဉ်ပြိုင် ကူးခပ်မှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲတွင် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် တံခွန်စိုက်ဒိုင်း ဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့်တာဝန်ရှိသူများက  ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါရေကူးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲ ဝင်အသင်း ၁၁ သင်း၊  ပြိုင်ပွဲဝင် အားကစား သမား ၁၃၂ ဦးတို့က ပြိုင်ပွဲအမျိုးအစား ၁ဝမျိုးဖြင့် ဇူလိုင် ၁၅ ရက်မှ ယနေ့အထိ ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News