စစ္ကိုင္းတိုင္း ေဒသႀကီး အတြင္းရွိ ေဒသခံျပည္သူ မ်ားအား တပ္မေတာ္နယ္လွည့္ အထူး ေဆးကုသေရး အဖြဲ႔က က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

စစ္ကိုင္းတိုင္း ေဒသႀကီး အတြင္းရွိ ေဒသခံျပည္သူ မ်ားအား တပ္မေတာ္နယ္လွည့္ အထူး ေဆးကုသေရး အဖြဲ႔က က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

ေနျပည္ေတာ္  ဇူလိုင္  ၂၂

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းေရာက္ရွိေန  ေသာ တပ္မေတာ္နယ္လွည့္အထူးေဆးကုသ ေရးအဖြဲ႕သည္ ယေန႔တြင္ ေရႊဘိုၿမိဳ႕ရွိ နယ္ေျမခံ သင္တန္းေက်ာင္း၌ အေျချပဳ၍လည္းေကာင္း၊  နယ္လွည့္ေဆးကုသေရးအဖြဲ႕သည္ ေရႊဘိုၿမိဳ႕ နယ္၊ နေမာေက်းရြာ၌လည္းေကာင္း ပတ္၀န္း က်င္ေက်းရြာမ်ားမွ ေဒသခံျပည္သူစုစုေပါင္း ၁၇၉၃ ဦးကို က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ မႈဆိုင္ရာေရာဂါ ၃၅၃ ဦး၊ ခြဲစိတ္ေရာဂါ ၁၃၉ဦး၊ ကေလးေရာဂါ ၁၇၅ ဦး၊ သားဖြား/ မီးယပ္ ေရာဂါ ၈၂ ဦး၊ အ႐ိုးေရာဂါ ၁၉၆ ဦး၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၁၂၃ ဦး၊ မ်က္စိ ေရာဂါ ၄၀၂ ဦး၊ သြားေရာဂါ ၆၆ ဦးႏွင့္  အေထြေထြေရာဂါ ၂၅၇ ဦးတို႔ကို လိုအပ္သည့္ ေဆး၀ါးကုသမႈမ်ားေဆာင္ရြက္ေပးၿပီး ၎တို႔ အနက္မွ မ်က္စိခြဲစိတ္လူနာ ၁၈ ဦးႏွင့္ အေထြေထြခြဲစိတ္လူနာ ၁၈ ဦးတို႔ကို ေရြ႕လ်ား ခြဲစိတ္ ယာဥ္ျဖင့္  ခြဲစိတ္ကုသမႈ မ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၂၁ ဦး၊ တယ္ လီေဗးရွင္း ဓာတ္မွန္႐ိုက္လူနာ ၆၂ ဦး၊ ECG စက္ျဖင့္ ႏွလံုး စမ္းသပ္လူနာ ၄၁ ဦးႏွင့္ ဓာတ္ခြဲ စမ္းသပ္လူနာ  ၉၂ဦးတို႔ကို ေရာဂါရွာေဖြ စမ္းသပ္ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပး ခဲ့ေၾကာင္း သတင္း ရရွိသည္။  

(Unicode Version)

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံပြည်သူ များအား တပ်မတော်နယ်လှည့် အထူး ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရောက်ရှိနေ  သော တပ်မတော်နယ်လှည့်အထူးဆေးကုသ ရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ အခြေပြု၍လည်းကောင်း၊  နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ရွှေဘိုမြို့ နယ်၊ နမောကျေးရွာ၌လည်းကောင်း ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၁၇၉၃ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ မှုဆိုင်ရာရောဂါ ၃၅၃ ဦး၊ ခွဲစိတ်ရောဂါ ၁၃၉ဦး၊ ကလေးရောဂါ ၁၇၅ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၈၂ ဦး၊ အရိုးရောဂါ ၁၉၆ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁၂၃ ဦး၊ မျက်စိ ရောဂါ ၄၀၂ ဦး၊ သွားရောဂါ ၆၆ ဦးနှင့်  အထွေထွေရောဂါ ၂၅၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့ အနက်မှ မျက်စိခွဲစိတ်လူနာ ၁၈ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၈ ဦးတို့ကို ရွေ့လျား ခွဲစိတ် ယာဉ်ဖြင့်  ခွဲစိတ်ကုသမှု များ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၁ ဦး၊ တယ် လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၆၂ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၄၁ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ  ၉၂ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။  

Recent News