မဟာ ေအာင္ေျမၿမိဳ႔နယ္၊ မစိုးရိမ္ ေက်ာင္းတိုက္ရွိ စာခ်/စာသင္ သံဃာေတာ္မ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

မဟာ ေအာင္ေျမၿမိဳ႔နယ္၊ မစိုးရိမ္ ေက်ာင္းတိုက္ရွိ စာခ်/စာသင္ သံဃာေတာ္မ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ဇူလိုင္  ၂၂

မႏၱေလးတိုင္း ေဒသႀကီး၊ မဟာ ေအာင္ေျမၿမိဳ႕နယ္၊  မစိုးရိမ္ေက်ာင္းတိုက္ရွိ  စာခ်/ စာသင္သံဃာေတာ္ မ်ားအား  ယေန႔ ေန႔လယ္ပိုင္းတြင္ အလယ္ပိုင္းတုိင္းစစ္ ဌာနခ်ဳပ္၊  နယ္လွည့္ ေဆးကုသေရးအဖြဲ႕က  အဆိုပါ ေက်ာင္းတိုက္ရွိ သာသန-နယူ ပေဒသေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ၁၅၃ ပါးတို႔အား  ေဆးကုသမႈဆုိင္ရာေရာဂါ၊    ခြဲစိတ္ ကုသမႈ ဆုိင္ရာ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/  အေၾကာေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ေသြးအုပ္စုခြဲေပးျခင္း၊ ေသြးတိုး၊ ဆီးခ်ဳိေရာဂါ ဓာတ္ခြဲ စမ္းသပ္ေပးျခင္း၊ အာထရာေဆာင္း ႐ိုက္ေပးျခင္း၊ အီးစီဂ်ီစက္ျဖင့္ ႏွလံုး စမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။    

(Unicode Version)

မဟာ အောင်မြေမြို့နယ်၊ မစိုးရိမ် ကျောင်းတိုက်ရှိ စာချ/စာသင် သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၂

မန္တလေးတိုင်း ဒေသကြီး၊ မဟာ အောင်မြေမြို့နယ်၊  မစိုးရိမ်ကျောင်းတိုက်ရှိ  စာချ/ စာသင်သံဃာတော် များအား  ယနေ့ နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊  နယ်လှည့် ဆေးကုသရေးအဖွဲ့က  အဆိုပါ ကျောင်းတိုက်ရှိ သာသန-နယူ ပဒေသကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၅၃ ပါးတို့အား  ဆေးကုသမှုဆိုင်ရာရောဂါ၊    ခွဲစိတ် ကုသမှု ဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/  အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ သွေးအုပ်စုခွဲပေးခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါ ဓာတ်ခွဲ စမ်းသပ်ပေးခြင်း၊ အာထရာဆောင်း ရိုက်ပေးခြင်း၊ အီးစီဂျီစက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။   

Recent News