ကသာၿမိဳ႔ရွိ ေရေဘးေရွာင္စခန္း၌ ေခတၲေရႊ႔ေျပာင္းေနထိုင္လ်က္ ရွိေသာ ေရေဘးသင့္ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ကသာၿမိဳ႔ရွိ ေရေဘးေရွာင္စခန္း၌ ေခတၲေရႊ႔ေျပာင္းေနထိုင္လ်က္ ရွိေသာ ေရေဘးသင့္ျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ဇူလုိင္  ၂၂

ဧရာဝတီျမစ္ေရျမင့္တက္မႈေၾကာင့္ ကသာၿမိဳ႕၊ မဟာေလးထပ္ဘုန္းႀကီးေက်ာင္း၊ ေရေဘး ေရွာင္စခန္းတြင္ ေခတၱေရႊ႕ေျပာင္းေနထိုင္လ်က္ရွိေသာ ေရေဘးသင့္ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၊  နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေရေဘးသင့္ျပည္သူ ၄၄၁ ဦးတို႔အား ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ ေခ်ာင္းဆုိး ေရာဂါ၊  ေသြးတုိးေရာဂါ၊  ဖ်ားနာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ နယ္ေျမခံတပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ားက ေရေဘးသင့္ျပည္သူမ်ား အတြက္ ထမင္းဘူးမ်ားႏွင့္ ေသာက္ေရသန္႔ဘူးမ်ားအား သြားေရာက္ျဖန္႔ေဝ လွဴဒါန္းျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကသာမြို့ရှိ ရေဘေးရှောင်စခန်း၌ ခေတ္တရွှေ့ပြောင်းနေထိုင်လျက် ရှိသော ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၂

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကသာမြို့၊ မဟာလေးထပ်ဘုန်းကြီးကျောင်း၊ ရေဘေး ရှောင်စခန်းတွင် ခေတ္တရွှေ့ပြောင်းနေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ရေဘေးသင့်ပြည်သူ ၄၄၁ ဦးတို့အား ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ချောင်းဆိုး ရောဂါ၊  သွေးတိုးရောဂါ၊  ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များက ရေဘေးသင့်ပြည်သူများ အတွက် ထမင်းဘူးများနှင့် သောက်ရေသန့်ဘူးများအား သွားရောက်ဖြန့်ဝေ လှူဒါန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News