ေနျပည္ေတာ္ရွိ တပ္မေတာ္ စစ္သမိုင္းျပတိုက္၌ တပ္မေတာ္သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္

ေနျပည္ေတာ္ရွိ တပ္မေတာ္ စစ္သမိုင္းျပတိုက္၌ တပ္မေတာ္သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္

ေနျပည္ေတာ္  ဇူလိုင္  ၂၃

၂ဝ၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၁ ရက္မွ ၂ဝ၁၉ ခုႏွစ္၊ ဇူလိုင္ ၂၁ ရက္အထိ ခုနစ္လတာ ကာလအတြင္း အပစ္အခတ္ ရပ္စဲထားေသာ တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ ငါးခုအတြင္း လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ ေဆာင္ရြက္မႈအေျခအေနမ်ား၊   ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အတြက္ ေဆာင္ရြက္ေနမႈ အေနျဖင့္ NRPC ႏွင့္  EAO မ်ား ေတြ႕ဆံုေဆြးေႏြးမႈ၊  တပ္မေတာ္ညိႇႏိႈင္းေဆြးေႏြးေရး အဖြဲ႕ႏွင့္ EAO မ်ားေတြ႕ဆံုေဆြးေႏြးမႈ    စသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းစာ ရွင္းလင္းပြဲကို ယေန႔ေန႔လယ္ပိုင္းတြင္  ေနျပည္ေတာ္ရွိတပ္မေတာ္ စစ္သမိုင္းျပတိုက္၌ ျပဳလုပ္သည္။

အဆိုပါသတင္းစာ ရွင္းလင္းပြဲသို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦး၊   ဒုတိယဥကၠ႒  ဗိုလ္ခ်ဳပ္ထြန္းထြန္းညီ၊ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျပည္တြင္း သတင္းဌာနမ်ား၊ ေန႔စဥ္ထုတ္ သတင္းစာမ်ား၊ ဂ်ာနယ္မ်ား၊ ျပည္တြင္း ႐ုပ္ျမင္သံၾကား သတင္းဌာနမ်ား၊ ျပည္တြင္းအေျခစိုက္ ျပည္ပသတင္းဌာနမ်ား စုစုေပါင္းသတင္းဌာန ၂၂ ခု မွ သတင္းေထာက္ ၄၄ ဦး တက္ေရာက္ခဲ့ၾကသည္။

၎ေနာက္ တက္ေရာက္လာၾကသည့္ သတင္းဌာနအသီးသီးတို႔က သိရွိလိုသည္မ်ား ေမးျမန္းမႈအေပၚ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕က ျပန္လည္ရွင္းလင္း ေျပာၾကားခဲ့ၿပီး ေမးျမန္းေျဖၾကားမႈ အျပည့္အစံုကို ျမဝတီမီဒီယာ (YouTube Channel)တြင္ ဗီဒီယိုဖိုင္အား ၾကည့္႐ႈႏုိင္ၿပီး ေန႔စဥ္ထုတ္ သတင္းစာမ်ားတြင္ ေဖာ္ျပသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော်  ဇူလိုင်  ၂၃

၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ခုနှစ်၊ ဇူလိုင် ၂၁ ရက်အထိ ခုနစ်လတာ ကာလအတွင်း အပစ်အခတ် ရပ်စဲထားသော တိုင်းစစ်ဌာနချုပ်နယ်မြေ ငါးခုအတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုအခြေအနေများ၊   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် ဆောင်ရွက်နေမှု အနေဖြင့် NRPC နှင့်  EAO များ တွေ့ဆုံဆွေးနွေးမှု၊  တပ်မတော်ညှိနှိုင်းဆွေးနွေးရေး အဖွဲ့နှင့် EAO များတွေ့ဆုံဆွေးနွေးမှု    စသည့် အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင်  နေပြည်တော်ရှိတပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊   ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်းသတင်းဌာန ၂၂ ခု မှ သတင်းထောက် ၄၄ ဦး တက်ရောက်ခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး မေးမြန်းဖြေကြားမှု အပြည့်အစုံကို မြဝတီမီဒီယာ (YouTube Channel)တွင် ဗီဒီယိုဖိုင်အား ကြည့်ရှုနိုင်ပြီး နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News