ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္မႈဆုိင္ရာ ကိစၥရပ္မ်ား၊ တပ္မေတာ္၏ ေဆာင္ရြက္ခ်က္မ်ား၊ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖဲြ႔ႏွင့္ သတင္းမီဒီယာမ်ား ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲ မွတ္တမ္း

ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္မႈဆုိင္ရာ ကိစၥရပ္မ်ား၊ တပ္မေတာ္၏ ေဆာင္ရြက္ခ်က္မ်ား၊ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖဲြ႔ႏွင့္ သတင္းမီဒီယာမ်ား ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲ မွတ္တမ္း

ယမန္ေန႔မွအဆက္

ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္မႈဆုိင္ရာ ကိစၥရပ္မ်ား၊ တပ္မေတာ္၏ ေဆာင္ရြက္ခ်က္မ်ားႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပဲြကို ၂ဝ၁၉ ခုႏွစ္  ဇြန္ ၂၃ ရက္ ညေန ၃ နာရီမွ ၄ နာရီခြဲအထိ   တပ္မေတာ္ စစ္သမုိင္းျပတုိက္(ေနျပည္ေတာ္)၌ က်င္းပျပဳလုပ္ခဲ့ၿပီး တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရး ေကာ္မတီအဖဲြ႕ဝင္ ၁၅ ဦးႏွင့္  သတင္းမီဒီယာ ၂၂ ခုမွ သတင္းေထာက္ ၄၄ ဦး တက္ေရာက္ ခဲ့ၾကပါသည္။

ဦးထက္ႏုိင္ေဇာ္(ဧရာဝတီသတင္းဌာန)

ေမး။  ။လႊတ္ေတာ္ထဲမွာ (၂ဝဝ၈) ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး ျပင္ဆင္ျဖည့္စြက္ခ်က္  မူၾကမ္းမ်ားေဝခဲ့ေၾကာင္း၊ လက္ရွိအာဏာရ ပါတီကေတာ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို  လႊတ္ေတာ္လမ္းေၾကာင္းကေန စတင္ႀကိဳးစားလာေၾကာင္း၊ တပ္မေတာ္ကလည္း ဒီ ၂ဝဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ကာကြယ္ ေစာင့္ေရွာက္ပါမယ္ဆိုၿပီး ရပ္တည္လာေတာ့ တစ္ဖက္က ဒီလမ္းေၾကာင္းကို အတင္းတြန္းတင္လာရင္ ႏိုင္ငံေရး တည္ၿငိမ္မႈ ပ်က္ျပားမွာကိုလည္း စိတ္ပူတဲ့သူေတြ ရွိေၾကာင္း၊   တကယ္လို႔ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးကို ေတာက္ေလွ်ာက္ ဆက္လုပ္လာမယ္ဆိုရင္   တပ္မေတာ္က ဘယ္လိုဆက္ၿပီး  ရပ္တည္သြားမလဲ ဆိုတာ သိခ်င္ပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ေျဖၾကားရာတြင္

၂ဝဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ရဲ႕ သေဘာထားကို   တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္ကလည္း  ေျပာၾကားထားၿပီး ျဖစ္ေၾကာင္း၊ မျပင္ရဘူးလို႔ေျပာထားတာ လုံးဝ မရွိပါေၾကာင္း၊ ျပင္သင့္ျပင္ထိုက္တဲ့ အခ်က္ေတြကို ျပင္ဆင္ရမယ့္ လမ္းေၾကာင္းအတိုင္း ဥပေဒနဲ႔အညီ    ျပင္ဆင္ဖို႔ေျပာထားၿပီး ျဖစ္ေၾကာင္း၊ ယခု ၄၅ ဦးေကာ္မတီနဲ႔ ေဆာင္ရြက္ေသာကိစၥမွာ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက  သေဘာထား မွတ္ခ်က္ဆိုတာ ေဖာ္ျပထားၿပီးျဖစ္ပါေၾကာင္း၊ အခ်က္ေပါင္း ၃၇ဝဝ ေက်ာ္ရွိသည့္အတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးေဆာင္ရြက္ ရမည္ျဖစ္ပါေၾကာင္း၊ အေျခခံဥပေဒဆိုတာ ႏိုင္ငံရဲ႕ အသက္ေသြးေၾကာ ဥပေဒျဖစ္ေၾကာင္း၊ Mother Law ျဖစ္သည့္အတြက္ ဒီအေျခခံ ဥပေဒကို ေသေသခ်ာခ်ာ အခ်ိန္ယူေလ့လာေရးဆြဲ ေဆာင္ရြက္ခဲ့ပါေၾကာင္း၊ ၎အေပၚမွာ ျပင္ဆင္ဖို႔လိုအပ္တဲ့   အခ်က္အလက္ေတြကိုလည္း အခုလႊတ္ေတာ္ထဲမွာ ေဆာင္ရြက္ၾကပါေၾကာင္း၊ ၎မွာ ဥပေဒျပဳပုဂၢိဳလ္မ်ားက အေသးစိတ္ကို က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးရမွာျဖစ္ေၾကာင္း၊ လႊတ္ေတာ္ထဲမွာ ေဆာင္ရြက္ေနတဲ့ အေျခအေနေတြကို ေစာင့္ၾကည့္ေပးဖို႔ ေျပာၾကားလိုပါေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဦးထက္ႏုိင္ေဇာ္(ဧရာဝတီသတင္းဌာန)

ေမး။  ။ ဒါနဲ႔ဆက္စပ္ၿပီး ျပင္ဆင္ခ်က္ေတြ ထြက္လာတဲ့အခါမွာ လူအမ်ား စိတ္ဝင္စားတာက အာဏာရပါတီက လႊတ္ေတာ္ထဲမွာ ပါဝင္တဲ့ တပ္မေတာ္သား ရာခိုင္ႏႈန္းကိုအဆင့္ဆင့္ ေလွ်ာ့ခ်သြားဖို႔   သေဘာထားေပးပါေၾကာင္း၊ ၂ဝ၂ဝ ျပည့္ႏွစ္ကေန ၂ဝ၂၅ ခုႏွစ္မွာ ဘယ္ေလာက္ ရာခိုင္ႏႈန္း၊ ၂ဝ၃ဝ ျပည့္ႏွစ္၊ ၂ဝ၃၅ ခုႏွစ္ တျဖည္းျဖည္း ေလွ်ာ႔ခ်သြားဖို႔ သေဘာထားမ်ဳိး ေပးပါေၾကာင္း၊   တိုင္းရင္းသား ပါတီတခ်ဳိ႕ကေတာ့    တပ္မေတာ္ရဲ႕ ရာခိုင္ႏႈန္းကို ခ်က္ခ်င္းေလွ်ာ႔ခ်ထားဖို႔ သေဘာထားမ်ဳိး ေပးပါေၾကာင္း၊ တပ္မေတာ္အေနနဲ႔ ဘယ္လိုအခ်ိန္မ်ဳိးမွာ ထြက္ခြာဖို႔ရွိပါသလား၊ ဥပမာ စီးပြားေရး တိုးတက္လာရင္ပဲျဖစ္ျဖစ္၊ ၿငိမ္းခ်မ္းေရးျဖစ္ျဖစ္ ဒီလိုအခ်ိန္မ်ဳိးမွာ ဆုတ္ခြာမယ္ဆိုတဲ့ စိတ္ဆႏၵမ်ဳိးရွိပါသလား ဆိုတာ သိခ်င္ပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ေျဖၾကားရာတြင္

အႀကိမ္ႀကိမ္   ေျပာထားၿပီးသားျဖစ္ပါေၾကာင္း၊ ႏိုင္ငံရဲ႕ႏိုင္ငံေရး အေျခအေန၊ တည္ၿငိမ ေအးခ်မ္းမႈ၊ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ လက္နက္ကိုင္ပဋိပကၡေတြ လုံးဝမရွိေတာ့သည့္ အခ်ိန္မ်ဳိးကိုလည္း ေမွ်ာ္လင့္ေၾကာင္း၊ ဒီအေျခအေနမ်ဳိး ေရာက္ပါေစလို႔ ဆုေတာင္းပါေၾကာင္း၊၎ႏွင့္ပတ္သက္၍ လႊတ္ေတာ္ထဲမွာ ျပင္ဆင္ေဆာင္ရြက္ၾကတဲ့   အေျခအေနျဖစ္သည့္ အတြက္ ဒီေဆြးေႏြးမႈေတြက  အေသးစိတ္ ေတာ္ေတာ္အခ်ိန္ယူၿပီး ေဆြးေႏြးၾကရမယ့္ သေဘာမ်ဳိးလို႔ျမင္မိပါေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဦးေအာင္သူရ (BBC သတင္းဌာန)

ေမး။ ။ အပစ္ရပ္ထားသည့္ ၇ လတာကာလ အတြင္း ေကာင္းသည့္ အခ်က္မ်ားႏွင့္ ဆုိး သည့္အခ်က္မ်ားကုိ သိရွိလုိေၾကာင္း၊ လက္မွတ္ေရးထုိးထားသည့္ ၁ဝ ဖြဲ႕အတြင္း PPST  ႏွင့္ PPCMဆုိၿပီး သေဘာထား ကြဲေနေၾကာင္း၊ KNU အဖြဲ႕အေနျဖင့္ PPCM ကုိသြားလုိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ PPCM အေပၚတြင္ သေဘာထား မည္ကဲ့သို႔ရွိသနည္း၊ ယခုလုိသေဘာထား ကြဲလြဲမႈႏွင့္ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ သက္ေရာက္မႈ ရွိသလား ေမးျမန္းခဲ့ပါသည္။

ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားရာတြင္

PPST နဲ႔ PPCM ကိစၥကို ဗိုလ္ခ်ဳပ္စုိးႏိုင္ဦး က ရွင္းလင္းေျဖၾကားမည္ ျဖစ္ၿပီး ပထမဦးဆုံး အပစ္ရပ္ ၇ လတာ ကာလအတြင္း တပ္မေတာ္က အပစ္ရပ္စဲထားတဲ့ စစ္တုိင္း ၅ တုိင္း အေျခအေနကုိ သတင္းစာရွင္းလင္းပြဲတုိင္းမွာ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒က ရွင္းလင္း ေဆြးေႏြးၿပီးျဖစ္ေၾကာင္း၊  နံပါတ္တစ္အခ်က္က ကခ်င္ျပည္နယ္ဘက္မွာ တုိက္ပြဲ မရွိသေလာက္ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ IDP စခန္းတခ်ဳိ႕ကုိ ေက်းရြာေတြ၊ သူတုိ႔ ေနရပ္ဌာနေတြကုိ ျပန္ေျပာင္းဖုိ႔အတြက္ ျပန္လည္ေနရာခ်ထားျခင္း မ်ားကုိ ေဆာင္ ရြက္ႏိုင္ခဲ့ပါေၾကာင္း၊ အပစ္ရပ္ထားတဲ့ နယ္ေျမထဲမွာ ပထမဦးဆုံး အပစ္အခတ္ ရပ္စဲ လုိက္သည့္ အခ်ိန္ကာလမွာ တပ္မေတာ္ႏွင့္ ထိေတြ႕တုိက္ခုိက္မႈ ေတာ္ေတာ္ေလး နည္း သြားေၾကာင္း၊ သုိ႔ေသာ္ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္ နယ္ေျမမွာ RCSS/SSA အဖြဲ႕ႏွင့္ SSA (ဝမ္ဟုိင္းအဖြဲ႕) ထိေတြ႕တုိက္ခုိက္မႈရွိေၾကာင္း၊ သို႔ေသာ္ အခုေနာက္ပုိင္းႏွစ္လႏွင့္ ေနာက္ပုိင္းမတုိင္ခင္ ကာလတြင္ RCSS/SSA အဖြဲ႕ႏွင့္  SSA (ဝမ္ဟုိင္းအဖြဲ႕) ႏွစ္ဖြဲ႕ ေတြ႕ဆုံမႈ လုပ္ခဲ့ေၾကာင္း၊ ေတြ႕ဆုံမႈလုပ္ခဲ့ၿပီး ေနာက္ပုိင္းမွာလည္း အခ်င္းခ်င္း ထိေတြ႕ တုိက္ခုိက္မႈ ေတာ္ေတာ္ေလး ေလ်ာ့က်သြားတာကုိ ေတြ႕ရေၾကာင္း၊ ဆုိလုိတာကေတာ့ ပစ္ ခတ္တုိက္ခုိက္မႈ ရပ္စဲထားတဲ့ကာလအတြင္း  အပစ္ရပ္ထားတဲ့ စစ္တုိင္း ၅ တုိင္းတြင္ သိသိသာသာႏွင့္ မရွိသေလာက္ ေလွ်ာ့ခ်ႏိုင္ခဲ့ေၾကာင္း၊ ေလွ်ာ့ခ်ႏိုင္ခဲ့တဲ့အတြက္ အဓိက အက်ဳိးေက်းဇူး ခံစားရမွာေတာ့ ေဒသခံ တုိင္းရင္းသားျပည္သူလူထု ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္တြင္ အေရးႀကီးတာက လက္ေတြ႕ျပႏိုင္တဲ့ ဖြံ႕ၿဖိဳးတုိးတက္မႈႏွင့္ လက္ေတြ႕ မျပႏုိင္တဲ့ စိတ္ခံစားခ်က္ေတြ ရွိေၾကာင္း၊ စိတ္ခံစားခ်က္ေတြက ပုိအေရးႀကီးတယ္ ထင္ ပါေၾကာင္း၊ ဥပမာ-ကရင္ျပည္နယ္ဟာ အရင္တုန္းက မုိင္းေထာင္၊ မုိင္းဆြဲ၊ တုိက္ပြဲျဖစ္ပြား တာေတြ အမ်ားႀကီးရွိေၾကာင္း၊ အခု ၿငိမ္းခ်မ္းသြားတဲ့အခ်ိန္မွာ အားလုံးက အပစ္အခတ္ ရပ္စဲၿပီး ကရင္ျပည္နယ္မွာရွိတဲ့ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕အစည္းမ်ားနဲ႔ အပစ္ အခတ္ မရွိတာ ေတာ္ေတာ္ၾကာၿပီျဖစ္ေၾကာင္း၊ ဒီလုိအခ်ိန္မ်ဳိးျဖစ္လာတဲ့ အခ်ိန္ ယခင္ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲမွာ မီဇုိင္းေတာင္ကိစၥ DKBA ခြဲထြက္အဖြဲ႕မွ မီဇုိင္းေတာင္ေပၚမွာ သြားေရာက္အေျခခ်တဲ့ အခ်ိန္မွာ ေဒသခံျပည္သူလူထု အေနျဖင့္ ၿငိမ္းခ်မ္းေရးရဲ႕အရသာ၊ ၿငိမ္းခ်မ္းေရး၏ စိတ္ခံစားခ်က္ သူတုိ႔သိရွိလာတဲ့အခါမွာ ဒီေသာင္းက်န္းမႈအေပၚမွာ သူတုိ႔မလုိလားမႈေတြ ျဖစ္တဲ့အတြက္ သတင္းေပးခဲ့တာေတြ ရွိခဲ့ပါေၾကာင္း၊ ဒီလုိ မေထာက္ခံတဲ့ အတြက္ ဆက္လက္ရပ္တည္မႈ မရႏုိင္ေၾကာင္း၊ ကြၽန္ေတာ္တုိ႔ လုိခ်င္တာက ဒီစိတ္မ်ဳိးျဖစ္ပါေၾကာင္း၊ ၿငိမ္းခ်မ္းေရးကုိ လိုလားတဲ့စိတ္ကုိ ေမြးျမဴႏိုင္ခဲ့ၿပီး ေဒသခံ ျပည္သူေတြရဲ႕ အက်ဳိးခံစားခြင့္ႏွင့္ ၿငိမ္းခ်မ္းေရးကုိ ေဒသခံျပည္သူမ်ားက လုိလားတဲ့ ျမင့္တက္လာမႈေတြ ျဖစ္ပါေၾကာင္း၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္    ပုိၿပီးအေရးပါလိမ့္မယ္လုိ႔ ထင္ပါေၾကာင္း   ေျဖၾကားခဲ့ပါသည္။

ဗုိလ္ခ်ဳပ္စုိးႏိုင္ဦးက ဆက္လက္ေျဖၾကားရာတြင္

PPCM ႏွင့္ပတ္သက္ၿပီး သီးျခားမွတ္ခ်က္ ေပးစရာမရွိပါေၾကာင္း၊ PPCM ႏွင့္ PPST သည္ KNU အဖြဲ႕အတြင္းျဖစ္ပြားသည့္ ကိစၥရပ္ျဖစ္ပါေၾကာင္း၊ မီဒီယာမ်ား အေနျဖင့္ ပိုမိုသိရွိလိမ့္မည္ ျဖစ္ပါေၾကာင္း၊ KNU အဖြဲ႕မွ ပဒိုမန္းၿငိမ္းေမာင္ႏွင့္   ပဒိုေစာတာဒိုမူးတို႔ ေျပာၾကားခဲ့သည့္ အခ်က္မ်ားကို ျပန္ၾကည့္လွ်င္ ပိုမိုရွင္းလင္းမည္ျဖစ္ပါေၾကာင္း၊ NCA လက္မွတ္ေရးထိုးထားသည့္ EAOs ၁ဝ ဖြဲ႕အတြင္း PPST ႏွင့္ PPCM တို႔ႏွင့္ ပတ္သက္ၿပီး   ဦးခြန္ဥကၠာ ေျပာၾကားထားသည့္အခ်က္မ်ား ရွိပါေၾကာင္း၊ PPST ႏွင့္ PPCM ျပႆနာကို EAOs ၁ဝ ဖြဲ႕အတြင္း ရွင္းျပထားသည္မ်ားလည္း ရွိပါေၾကာင္း၊ အစိုးရႏွင့္ တပ္မေတာ္တို႔အေနျဖင့္   NCA လမ္းေၾကာင္းအတိုင္း သြားေနျခင္းသာျဖစ္ေၾကာင္း၊ PPCM ကိစၥရပ္သည္ KNU အဖြဲ႕အတြင္း ျဖစ္ေနသည့္ ကိစၥရပ္ျဖစ္သည့္အျပင္ EAOs ၁ဝ ဖြဲ႕အတြင္း  ျဖစ္ပြားေနျခင္းသာျဖစ္ေၾကာင္း၊ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္  သက္ဆိုင္မႈ မရွိပါေၾကာင္း၊ အစိုးရ၊ တပ္မေတာ္တို႔ အေနျဖင့္ NCA လမ္းေၾကာင္းအတိုင္းသာ သြားမည္ျဖစ္ပါေၾကာင္း၊ သီးျခား မွတ္ခ်က္ေပးရန္ မရွိပါေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဦးေအာင္သူရ (BBC သတင္းဌာန)

ေမး။ ။  Donald Trump နဲ႔ KBC ဥကၠ႒ေတြ႕တဲ့အခါ KBC ဥကၠ႒က   တပ္မေတာ္အေနနဲ႔ ျမန္မာႏိုင္ငံထဲမွာ ခရစ္ယာန္ဘာသာနဲ႔ ပတ္သက္ၿပီး    ႏွိပ္ကြပ္မႈေတြ ရွိေနတယ္လို႔ ေျပာခဲ့ပါေၾကာင္း၊  တပ္မေတာ္ရဲ႕သေဘာထားအျမင္ကို သိလိုပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားရာတြင္

အေမရိကန္သမၼတနဲ႔  KBC  ဥကၠ႒ အပါအဝင္ေလးဦးႏွင့္    ေတြ႕ဆုံခဲ့မႈအား သိရပါေၾကာင္း၊    ပထမအခ်က္ ေျပာလိုသည္မွာ တပ္မေတာ္သည္ တိုင္းရင္းသား လူမ်ဳိးေပါင္းစုံျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္ပါေၾကာင္း၊  တပ္မေတာ္ထဲမွာ   ကိုးကြယ္ရာ ဘာသာေပါင္းစုံ ရွိပါေၾကာင္း၊ ဒါ့ေၾကာင့္ တပ္မေတာ္အေနနဲ႔ ဘာသာေရး ဖိႏွိပ္မႈမရွိပါေၾကာင္း၊ ဒုတိယအခ်က္မွာ     အဆိုပါအဖြဲ႕ထဲမွာ ပါသည့္ လေဂ်ာ္ဂမ္ဆိုင္း ဆိုသူမွာ သူေျပာသည့္အတိုင္း မုံးကိုးတိုက္ပြဲတြင္ သတင္းေထာက္မ်ားအား လိုက္ျပ၍   ေထာင္က်တယ္ဆိုတာ မဟုတ္ေၾကာင္း၊ ဒီဒီေနာင္လတ္နဲ႔ လေဂ်ာ္ဂမ္ဆိုင္း တို႔သည္   တိုက္ပြဲကာလအတြင္း    KIA အတြက္ လက္နက္ခဲယမ္း သယ္ေဆာင္ေပးျခင္း၊ တပ္သားသစ္ စုေဆာင္းေပးျခင္း၊ စက္သုံးဆီနဲ႔ ရိကၡာေထာက္ပံ့ျခင္းမ်ား  ျပဳလုပ္ခဲ့တဲ့ သူမ်ားျဖစ္ေၾကာင္း၊ အဆိုပါ အခ်က္မ်ားအား စစ္ေဆးေပၚေပါက္ခဲ့ၿပီး မတရားအသင္း ဥပေဒ ၁၇(၁)နဲ႔ တရားစြဲခံရေၾကာင္း၊ တရား႐ုံး ထြက္ဆိုစစ္ေဆးခ်က္အရ ျပစ္မႈထင္ရွားသျဖင့္ ေထာင္ဒဏ္ ၄ ႏွစ္နဲ႔ ၃ လ၊   ေထာင္ဒဏ္ ၂  ႏွစ္နဲ႔ ၃ လ က်ခံခဲ့ရျခင္း ျဖစ္ေၾကာင္း၊ ေနာက္ပိုင္း ၂ဝ၁၈ ခုႏွစ္ ဧၿပီလမွာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္လာသည့္ ေသာင္းက်န္းသူမ်ားသာ ျဖစ္ေၾကာင္း၊ ေသာင္းက်န္းသူမ်ား အေနနဲ႔ေတြ႕ဆုံသည့္အခါမွာ ျဖစ္စဥ္ေတြကို အမွန္အတိုင္း မေျပာဘဲ မတရားဖမ္းဆီးခံရသေယာင္၊    ဘာသာေရး ႏွိပ္ကြပ္မႈေၾကာင့္ ဖမ္းဆီးခံရသေယာင္   ေျပာဆိုခဲ့ျခင္း ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရနဲ႔ တပ္မေတာ္ကို ဆန္႔က်င္ပုန္ကန္ေနသူေတြကို ဘာသာေရး အေရၿခံဳၿပီး Higth Light လုပ္ျပတာဟာ စဥ္းစားစရာျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဦးေမာင္ေမာင္ထြန္း(News Watch သတင္းဌာန)

ေမး။  ။ လက္ရွိ Free Burma Ranger အဖြဲ႕ဟာ ဘယ္မွာေရာက္ေနသလဲ၊ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ထိေတြ႕မႈေတြရွိသလား သိခ်င္ပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ေျဖၾကားရာတြင္

ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျဖၾကားစရာမရွိပါေၾကာင္း ေျဖၾကားခဲ့ပါသည္။ 

ဦးထက္ႏုိင္ေဇာ္(ဧရာဝတီသတင္းဌာန)

ေမး။  ။ ရခိုင္အေရးကို အေၾကာင္းျပဳၿပီးေတာ့ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ႏွစ္ေယာက္ကို အေမရိကန္က ျပည္ဝင္ခြင့္ ဗီဇာပိတ္တဲ့ အေပၚမွာ တပ္မေတာ္က ဘယ္လိုသေဘာထား ရွိသလဲ၊ ေနာက္ဆက္တြဲ ရခိုင္

အေရးကို အေၾကာင္းျပဳၿပီး  ႏိုင္ငံတကာက ဖိအားေပးမႈေတြ မ်ားလာေၾကာင္း၊ တပ္မေတာ္ကလည္း ခုံ႐ုံးေတြ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တစ္ဦးေခါင္းေဆာင္တဲ့ ေကာ္မရွင္ဖြဲ႕ၿပီးေတာ့ သတင္းထုတ္ျပန္ခ်က္ေတြက အားနည္းတယ္လို႔ ထင္ပါေၾကာင္း၊ ဘယ္လို အေရးယူလဲဆိုတာ ေဖာ္ျပႏိုင္ရင္ ႏိုင္ငံတကာ ဖိအားေတြ ေလ်ာ့မယ္လို႔ ကြၽန္ေတာ္တို႔ အႀကံျပဳပါေၾကာင္း၊ ဒါေၾကာင့္ ႏိုင္ငံတကာ ဖိအားေတြ ေက်ာ္လႊားႏုိင္ေအာင္  တပ္မေတာ္အေနနဲ႔ ဘယ္လိုလုပ္သြားမလဲ   သိလိုပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ေျဖၾကားရာတြင္

အေမရိကန္က တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အရာရွိႀကီးႏွစ္ဦးကို မိသားစုေတြနဲ႔ ျပည္ဝင္ခြင့္ဗီဇာပိတ္တဲ့ Sanction မ်ဳိးကို လုပ္ျခင္းသည္ အေမရိကန္ျပည္တြင္း ဥပေဒအရ လုပ္တာကို ဘာမွေျပာစရာ မရွိပါေၾကာင္း၊ ဒါေပမဲ့ လုပ္တဲ့ လုပ္ေဆာင္ခ်က္ အေနျဖင့္ တပ္မေတာ္သည္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒနဲ႔အညီ တည္ေဆာက္ထားတဲ့၊ တည္ေထာင္ထားတဲ့ ႏိုင္ငံေတာ္ရဲ႕ အစိတ္အပိုင္း၊ အဖြဲ႕အစည္းျဖစ္ပါေၾကာင္း၊  တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဆိုတဲ့   ပုဂၢိဳလ္ေတြကလည္း ျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္ေတြ ျဖစ္ပါေၾကာင္း၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ႏိုင္ငံေတာ္ ကာကြယ္ေရး တာဝန္ေတြကို  ဥပေဒက အပ္ႏွင္းထားတဲ့အတိုင္း  တာဝန္ထမ္းေဆာင္ေနတာ ျဖစ္ပါေၾကာင္း၊တပ္မေတာ္က  ႏိုင္ငံရဲ႕ အစိတ္အပိုင္းျဖစ္သလို ကြၽန္ေတာ္တို႔ႏိုင္ငံဟာလည္း အခ်ဳပ္အျခာအာဏာ ရွိပါေၾကာင္း၊ အခ်ဳပ္အျခာအာဏာရွိတဲ့ လြတ္လပ္တဲ့ ႏိုင္ငံျဖစ္ေၾကာင္း၊ ကြၽန္ေတာ္တို႔မွာ အစိုးရ၊ အစိုးရအဖြဲ႕၊ ဥပေဒျပဳ လႊတ္ေတာ္ႏွင့္  တရားစီရင္ေရး စနစ္ေတြရွိပါေၾကာင္း၊ ျပည္တြင္းေရး အေျခအေနမွာ အခ်ဳပ္အျခာအာဏာပိုင္   အဖြဲ႕အစည္း အသီးသီးထဲမွာမွ ဒီလိုမ်ဳိး ပုဂၢိဳလ္ေတြကို  ေရြးၿပီးေတာ့ လုပ္တာဆုိေပမယ့္လည္း   ႏိုင္ငံေတာ္ရဲ႕ အစိတ္အပိုင္း  ျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္ေတြျဖစ္လို႔ ႏိုင္ငံ၊ အခ်ဳပ္အျခာအာဏာ၊  အစိုးရ၊ တပ္မေတာ္ႏွင့္ျပည္သူလူထုအေပၚ အႏိုင္က်င့္ၿပီး လုပ္တဲ့၊ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ၿပီးေတာ့ ေဆာင္ရြက္တဲ့ လုပ္ရပ္မ်ဳိးျဖစ္တယ္လို႔ ယူဆပါေၾကာင္း၊ လူ႔အခြင့္အေရးကို ခ်ဳိးေဖာက္တဲ့ အေၾကာင္းျပခ်က္ကလည္း  ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ မဟုတ္ပါေၾကာင္း၊  တပ္မေတာ္အေနနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ အပါအဝင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာလည္း   ႏိုင္ငံသားအားလုံးနဲ႔ အေျခခံ လူ႔အခြင့္အေရး အားလုံးဟာ  အျပည္ျပည္ဆုိင္ရာ စံႏႈန္း (Internation Norms) ေတြနဲ႔ ကိုက္ညီေအာင္ ေရးဆြဲထားၿပီး ႏိုင္ငံသားအားလုံး လူ႔အခြင့္အေရး တန္းတူရရွိေအာင္ ျပ႒ာန္းေပးထားတဲ့ Rights and Responsibilities ေတြရွိေၾကာင္း၊ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ   လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈဆိုတဲ့  Norm  ကႏိုင္ငံႀကီးေတြ အေနျဖင့္  Double Standard လိုရင္တစ္မ်ဳိး၊ မလိုရင္တစ္မ်ဳိး  ဒီလိုပုံစံမ်ဳိး ေဆာင္ရြက္ေနတာ ရွိပါေၾကာင္း၊ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အမ်ားဆုံး ကိုးကြယ္ၾကတဲ့ ဗုဒၶဘာသာ  အဆုံးအမေတြ ရွိပါေၾကာင္း၊  အေျခခံအားျဖင့္ ငါးပါးသီလဆိုတာလည္း ကြၽန္ေတာ္တို႔ရဲ႕ Value ေတြျဖစ္ပါေၾကာင္း၊ တပ္မေတာ္ဟာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈကို လက္ခံတဲ့  အဖြဲ႕အစည္း မဟုတ္ပါေၾကာင္း၊ တပ္မေတာ္က တပ္မေတာ္ အက္ဥပေဒအျပင္ နယ္ဘက္ဥပေဒေတြလည္း  လိုက္နာရပါေၾကာင္း၊   သတ္မွတ္ထားတဲ့  ႏိုင္ငံတကာ ဥပေဒေတြ လိုက္နာရတဲ့ အဖြဲ႕အစည္းျဖစ္ပါေၾကာင္း၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြမွမဟုတ္  နယ္ဘက္ဥပေဒ ခ်ဳိးေဖာက္မႈေတြ၊   စစ္စည္းကမ္းဆိုင္ရာ ျပ႒ာန္းခ်က္ေတြ၊ တပ္မေတာ္ အက္ဥပေဒဆိုင္ရာ  ျပ႒ာန္းခ်က္ေတြ ခ်ဳိးေဖာက္တယ္ဆိုရင္ ဒါနဲ႔ပတ္သက္ၿပီး Immunity ကင္းလြတ္ခြင့္ေပးခဲ့တယ္ဆိုတာ မရွိပါေၾကာင္း၊  ထင္ရွားတဲ့သာဓကေတြ ရွိပါေၾကာင္း၊   စစ္ဘက္တရားစီရင္ေရးနဲ႔ ပတ္သက္လို႔   လူ႔အခြင့္အေရး ခ်ဳိးေဖာက္တယ္ဆိုတဲ့ ကိစၥေတြ၊ အင္းဒင္နဲ႔ ပတ္သက္ၿပီးပါဝင္ခဲ့တဲ့ တပ္မေတာ္သားေတြကို ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးတဲ့ ကိစၥကို  အားလုံးလည္း သိေအာင္ တပ္မေတာ္မွာ က်င့္သုံးေနတဲ့ တရားစီရင္ေရးနဲ႔ ပတ္သက္ၿပီး   ရွင္းလင္းခ်င္ပါေၾကာင္း၊ တပ္မေတာ္ရဲ႕အက္ဥပေဒက ၁၉၅၉ ခုႏွစ္ ဥပေဒျဖစ္ၿပီး ၁၉၆ဝ ျပည့္ႏွစ္ ဇြန္လမွာ ပါလီမန္ကေန ျပ႒ာန္းခဲ့တာျဖစ္ပါေၾကာင္း၊ ၁၉၁၁ ခုႏွစ္ အဂၤလိပ္ ကိုလိုနီေခတ္ကတည္းက ၿဗိတိသွ်ေတြ အိႏၵိယမွာ က်င့္သုံးခဲ့တဲ့ ဥပေဒကို   ျပန္ၿပီးေရးဆြဲထားတဲ့  ဥပေဒျဖစ္ပါေၾကာင္း၊ တပ္မေတာ္သားေတြအေနနဲ႔ နယ္ဘက္ျပစ္မႈေတြ က်ဴးလြန္တယ္ဆိုရင္ တပ္မေတာ္မွာ  အက္ဥပေဒပုဒ္မ ၇၁ နဲ႔ ၇၂ စစ္တရား႐ုံး အဆင့္ဆင့္ရွိပါေၾကာင္း၊ တပ္မေတာ္အက္ဥပေဒ ပုဒ္မ ၇၂ အရ တပ္မေတာ္သား တစ္ဦးအေနျဖင့္ အရပ္သား တစ္ဦးကို လူသတ္မႈ၊ လူေသမႈ၊ မုဒိမ္းမႈ က်ဴးလြန္ျခင္း၊ တန္းျပည့္ စစ္မႈထမ္းခ်ိန္ ဒါမွမဟုတ္ နယ္စပ္စစ္စခန္း တစ္ခုခုတြင္   ဒါမွမဟုတ္ ျပည္ေထာင္စုသမၼတ   ျမန္မာႏိုင္ငံေတာ္ ျပင္ပတြင္ျဖစ္ပါက   စစ္တရား႐ုံးျဖင့္သာ စစ္ေဆးရမွာျဖစ္ၿပီး အထက္ေဖာ္ျပပါ အမႈသုံးမ်ဳိးကို အျခားေနရာ၊ အခ်ိန္မွာ က်ဴးလြန္ခဲ့တယ္ဆိုရင္     နယ္ဘက္ တရား႐ုံးကို လႊဲေျပာင္းေပးရမွာ ျဖစ္ပါေၾကာင္း၊ တန္းျပည့္စစ္မႈထမ္းခ်ိန္ ဆိုသည္မွာ       တပ္မေတာ္ အက္ဥပေဒ ပုဒ္မ ၃ (က)အရ    ရန္သူနဲ႔ ၿပိဳင္ဆိုင္   တိုက္ပြဲဆင္ႏႊဲေနေသာ အခ်ိန္၊ တိုက္ပြဲဆင္ႏႊဲေနေသာ တပ္ဖြဲ႕တစ္ဖြဲ႕တြင္ တြဲဖက္ထားတဲ့အခ်ိန္၊ ထိုနည္းမဟုတ္ ပါဝင္တဲ့အခ်ိန္ ရန္သူက လုံးဝေသာ္လည္းေကာင္း၊ တစ္စိတ္တစ္ေဒသေသာ္ လည္းေကာင္း ပိတ္ပင္ထားတဲ့ အခ်ိန္၊ တိုက္ပြဲဆင္ႏႊဲေနတဲ့ အခ်ိန္ သို႔တည္းမဟုတ္ စစ္ခ်ီတက္ရာတြင္ ပါဝင္ေနတဲ့အခ်ိန္၊ စစ္ေၾကာင္းသြားေနတဲ့ အခ်ိန္၊ ႏိုင္ငံျခား ႏိုင္ငံတစ္ခုကို သိမ္းပိုက္ထားတဲ့ တပ္ဖြဲ႕တစ္ဖြဲ႕မွာ  တြဲဖက္ထားတဲ့ အခ်ိန္ဆိုတာကို တန္းျပည့္ စစ္မႈထမ္းခ်ိန္ဆိုၿပီး သတ္မွတ္ထားပါေၾကာင္း၊ တန္းျပည့္စစ္မႈထမ္းခ်ိန္မွာ     တပ္မေတာ္သား တစ္ဦးက နယ္ဘက္လူသတ္မႈ၊ လူေသမႈ၊ မုဒိမ္းမႈ စတဲ့ျပစ္မႈကို က်ဴးလြန္တယ္ဆိုရင္ စစ္တရား႐ုံးအေနနဲ႔ တရားစီရင္ရတာျဖစ္ပါေၾကာင္း၊ တပ္မေတာ္သားတစ္ဦး က်ဴးလြန္တဲ့ နယ္ဘက္ျပစ္မႈဟာ ရာဇဝတ္တရား႐ုံးကေန စစ္ေဆးစီရင္ၿပီးရင္ ျဖစ္ေစ၊ စစ္တရား႐ုံးက စစ္ေဆးစီရင္ရန္ ျဖစ္ေစ သတ္မွတ္ေရြးခ်ယ္ရာမွာ အက္ဥပေဒ ပုဒ္မ ၁၂၈၊ ၁၂၉ ပါျပ႒ာန္းခ်က္အရ စစ္တရား႐ုံးသို႔ အခြင့္အာဏာရ အရာရွိနဲ႔အတူ  တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔က ၫႊန္ၾကား ဆုံးျဖတ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါေၾကာင္း၊ စစ္ဘက္တရားစီရင္ေရးနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈနဲ႔ စပ္လ်ဥ္းၿပီး ေျပာရမယ္ဆိုရင္ နည္းဥပေဒ ၇၉ ၊ ၁၂၆အရ Closed Court လွ်ဳိ႕ဝွက္တရားခြင္မွာ ႐ုံးထိုင္ရန္ ၫႊန္ၾကားထားတဲ့ ကိစၥမ်ားမွအပ Opened Court လူသိရွင္ၾကား တရားခြင္နဲ႔ ႐ုံးထိုင္ စစ္ေဆးစီရင္ ရပါေၾကာင္း၊ ေနာက္တစ္ခ်က္က တပ္မေတာ္သား တစ္ဦးဦး ျပစ္မႈက်ဴးလြန္ရင္ ရဲကဖမ္းထားမယ္ ဒါမွမဟုတ္ နယ္ဘက္တရား႐ုံးမွာ စီရင္ေနတဲ့အခ်ိန္ တပ္မေတာ္သား တစ္ဦးျဖစ္တယ္ဆိုတာကို ေပၚေပါက္လာရင္ တပ္မေတာ္ကို    ျပန္လႊဲေပးရပါေၾကာင္း၊ တပ္မေတာ္အက္ဥပေဒ ပုဒ္မ ၁ဝ၆ နဲ႔ ၁ဝ၇ ၿပီးရင္  နယ္ဘက္ဆိုင္ရာ ရာဇဝတ္က်င့္ထုံး ဥပေဒ ပုဒ္မ ၅၄၉ ၊ တရား႐ုံးလက္စြဲ ပုဒ္မ ၅၁ဝ၊ ျမန္မာႏိုင္ငံရဲ လက္စြဲ (ဒုတိယတြဲ)မွာပါတဲ့ စာပိုဒ္ ၁၇၃၅ တို႔နဲ႔အညီ တရားခံစစ္သည္ကို သူက်ဴးလြန္တဲ့ ျပစ္မႈအေၾကာင္းအရာကို ေဖာ္ျပ၍ တပ္မေတာ္ကိုျပန္လည္ လႊဲေျပာင္းၿပီး  တပ္မေတာ္က စစ္ေဆးစီရင္ရတာ ျဖစ္ပါေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂ဝဝ၈ ခုႏွစ္) ပုဒ္မ ၃၁၉၊ ၃၄၃ တို႔တြင္ စစ္တရား႐ုံးမ်ားကို တပ္မေတာ္သားမ်ားအတြက္ ဖြဲ႕စည္းစီရင္ရန္ႏွင့္ စစ္ဘက္တရားစီရင္ေရးမွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဆုံးျဖတ္ခ်က္သည္ အၿပီးအျပတ္ျဖစ္သည္ဟု   ေဖာ္ျပထားပါေၾကာင္း၊ တပ္မေတာ္အက္ဥပေဒ ၁၉၅၉ ခုႏွစ္ တပ္မေတာ္အက္ဥပေဒ ပုဒ္မေပါင္း ၂၃၇ ခုပါေၾကာင္း၊ နည္းဥပေဒမွာ အပိုဒ္ေပါင္း ၂၃၆ ခု ပါေၾကာင္း၊ လက္ရွိဖြဲ႕စည္းပုံ အေျခခံဥပေဒ   ၂၉၁ မွာ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္တဲ့ တပ္မေတာ္သားမ်ားရဲ႕ လုပ္ငန္း သေဘာသဘာဝဟာ  ထူးျခားမႈ ရွိတဲ့အေလ်ာက္   တပ္မေတာ္သားမ်ားအတြက္ တပ္မေတာ္ဆိုင္ရာ   ဥပေဒမ်ားႏွင့္အညီ ေဆာင္ရြက္ရမယ္လို႔ ေဖာ္ျပထားပါေၾကာင္း၊ ဒီေနရာမွာလည္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားရဲ႕ အႀကီးအကဲျဖစ္တယ္ဆိုၿပီး ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ျပ႒ာန္းထားပါေၾကာင္း၊ Commander in Chief of Defense Services is the Supreme Commander of all Armed Forces ဒီလို အဂၤလိပ္လို ေဖာ္ျပထားတာျဖစ္ပါေၾကာင္း၊ အင္းဒင္ကိစၥမွာလည္း ဥပေဒႏွင့္အညီ ေဆာင္ရြက္ခဲ့တဲ့ အေျခအေနကို ဆက္လက္ ရွင္းျပမည္ျဖစ္ေၾကာင္း၊   အရင္တုန္းကလည္း  ရွင္းထားၿပီးသားျဖစ္ပါေၾကာင္း၊ ဒီဥပေဒႏွင့္အညီ  ေဆာင္ရြက္တဲ့ အခ်ိန္မွာ Court Martials စစ္တရား႐ုံး ေလးမ်ဳိးရွိပါေၾကာင္း၊ စစ္တရား႐ုံးေလးမ်ဳိးမွာ အနိမ့္ဆုံးျဖစ္တဲ့ တပ္တြင္းစစ္တရား႐ုံး၊ ေနာက္သူ႔ထက္ အဆင့္ျမင့္တဲ့ တိုင္းစစ္တရား႐ုံး၊အက်ဥ္းစစ္တရား႐ုံးခ်ဳပ္ႏွင့္ စစ္တရား႐ုံးခ်ဳပ္ဆိုၿပီးေတာ့ ရွိပါေၾကာင္း၊ အေျခခံဥပေဒပုဒ္မ-၂၃၉ မွာလည္း စစ္ဘက္တရား႐ုံးမ်ား ဆိုၿပီးေတာ့ ျပ႒ာန္းထားၿပီးသား ျဖစ္ပါေၾကာင္း၊ စစ္တရား႐ုံးမ်ား Court Martials မွ ျပစ္မႈ၊ ျပစ္ဒဏ္ စစ္ေဆးစီရင္ၿပီးေတာ့ ျပစ္ဒဏ္ခ်မွတ္တဲ့ တပ္မေတာ္သားေတြ အက်ဥ္းေထာင္ေရာက္ၿပီဆိုရင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဆီကို သူတို႔က်ခံတဲ့ျပစ္ဒဏ္နဲ႔ ပတ္သက္ၿပီး အသနားခံလို႔ ရပါေၾကာင္း၊ ဒီခ်မွတ္ထားတဲ့ ျပစ္ဒဏ္ကို  ေလွ်ာ့ေပးဖို႔ လည္းေကာင္း၊ ညႇာတာေပးဖို႔ လည္းေကာင္း  စသည္ျဖင့္ ျပစ္ဒဏ္က်တဲ့ တပ္မေတာ္သားတစ္ဦးက နယ္ဘက္   အက်ဥ္းေထာင္မွာပဲျဖစ္ျဖစ္၊က်န္တဲ့   အက်ဥ္းေထာင္မွာပဲျဖစ္ျဖစ္ ျပစ္ဒဏ္က်ခံရၿပီဆိုလွ်င္ ဒီျပစ္ဒဏ္ကေန လြတ္ၿငိမ္းဖို႔   အသနားခံလို႔ရပါေၾကာင္း၊ အသနားခံစာကို တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဆီ တင္ရမွာျဖစ္ပါေၾကာင္း၊ အသနားခံစာ ပယ္ခ်ခံရပါက  ေနာက္ထပ္စစ္ဘက္ အယူခံတရား႐ုံးဆိုတာ ရွိပါေၾကာင္း၊ အဲဒီတရား႐ုံးကို တင္ျပၿပီး အယူခံခြင့္ရွိပါေၾကာင္း၊ ယခုျဖစ္စဥ္မွာလည္း အသနားခံစာ တင္ျပတဲ့ အမႈအခင္းျဖစ္တဲ့ အေျခအေနျဖစ္ေၾကာင္း၊ ဒီအေျခအေနကလည္း ျပန္ၾကည့္ရင္  ႏိုင္ငံေတာ္ ကာကြယ္ေရးအတြက္ တာဝန္ထမ္းေဆာင္ ခဲ့တဲ့၊ ျဖစ္ပ်က္ခဲ့တဲ့ အေျခအေနမွာ ျပစ္မႈက်ဴးလြန္ခဲ့တာျဖစ္ၿပီး Court Martials မွ  ျပစ္ဒဏ္ခ်မွတ္ခဲ့ပါေၾကာင္း၊ ျပစ္ဒဏ္က်ခံရတာနဲ႔ ပတ္သက္ၿပီး Social Media ေတြမွာေတာင္ စာေရးသားေတာင္းဆိုတာ ေမတၱာရပ္ခံစာေတြ အမ်ားႀကီးရွိပါေၾကာင္း၊ ရဟန္းရွင္လူ ျပည္သူေတာ္ေတာ္မ်ားမ်ားက ေနၿပီး  သူတို႔က ျပည္သူလူထုရဲ႕ သားသမီးေတြ၊ တပ္မေတာ္သားေတြျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္ ထမ္းေဆာင္ေနရင္း ျဖစ္တဲ့အခါမွာ ဒီအျဖစ္ကို စဥ္းစားေပးဖို႔၊ ေဆာင္ရြက္ေပးဖို႔ တင္ျပလာပါေၾကာင္း၊ ဒါနဲ႔ပတ္သက္ၿပီး အလုံးစုံေသာ အေၾကာင္းအရာေတြ ဆင္ျခင္သုံးသပ္ရပါေၾကာင္း၊ ကာကြယ္ေရးတာဝန္ ထမ္းေဆာင္တဲ့အပိုင္းမွာ သစၥာရွိစြာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အေျခအေနေပၚမွာေရာ အလုံးစုံေသာ အေၾကာင္းတရားေတြ ထည့္သြင္းစဥ္းစားၿပီး စစ္စည္းကမ္းထိန္းသိမ္းေရး အပိုင္းကလည္း သူတို႔ျပစ္ဒဏ္ခ်မွတ္ေပးၿပီး ျဖစ္ပါေၾကာင္း၊ အေၾကာင္းအမ်ဳိးမ်ဳိး အေပၚမွာလည္း ျပစ္ဒဏ္ေလွ်ာ႔ေပါ့ေပးတာ ျဖစ္ပါေၾကာင္း၊ လက္လြတ္စပယ္ ေဆာင္ရြက္ခဲ့တာ မဟုတ္ပါေၾကာင္း၊ စစ္ဘက္တရားစီရင္ေရးနဲ႔   ပတ္သက္ၿပီး စစ္တရား႐ုံး ဖြဲ႕စည္းတဲ့ကိစၥေတြ၊  ဥပေဒနဲ႔ ပတ္သက္ၿပီး ျပစ္မႈ၊  ျပစ္ဒဏ္ကိစၥေတြဟာ စစ္ေရးခ်ဳပ္႐ုံးႏွင့္   စစ္ဥပေဒခ်ဳပ္႐ုံးတို႔ ရွိပါေၾကာင္း၊ စစ္ေရးခ်ဳပ္႐ုံးကေန တရားစီရင္ေရး ေဆာင္ရြက္ၿပီးေတာ့   ဥပေဒအပိုင္းနဲ႔ပတ္သက္ၿပီး စစ္ဥပေဒခ်ဳပ္႐ုံးက ေဆာင္ရြက္တာေတြ ရွိပါေၾကာင္း၊  စစ္ဥပေဒခ်ဳပ္႐ုံးမွာရွိတဲ့ အရာရွိအကုန္လုံးဟာ ဥပေဒပညာရွင္ေတြ ျဖစ္ပါေၾကာင္း၊ ဥပေဒပညာရွင္ေတြ ျဖစ္တဲ့အတြက္ စိစစ္ၿပီးေတာ့ ေနာက္ဆုံးစိစစ္ အႀကံျပဳခ်က္အေပၚမွာ ဥပေဒနဲ႔အညီ ေဆာင္ရြက္တာျဖစ္ပါေၾကာင္း၊ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ထင္ရွားတဲ့ ဥပမာတစ္ခု ေျပာခ်င္ပါေၾကာင္း၊ ရခိုင္ကိစၥနဲ႔ပတ္သက္ၿပီး ျဖစ္စဥ္အေပၚမွာ ေဝဖန္မႈေတြျဖစ္လာေၾကာင္း၊ ဒီအေပၚမွာလည္း    ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအးဝင္း ဦးေဆာင္တဲ့   စုံစမ္းစစ္ေဆးေရးအဖြဲ႕က ေျမျပင္မွာ ကြင္းဆင္း စစ္ေဆးခဲ့တာကို သတင္းထုတ္ျပန္ထားၿပီး ျဖစ္ပါေၾကာင္း၊ ကြင္းဆင္းစစ္ေဆးၿပီး ေတြ႕ရွိခ်က္ေတြအေပၚ Court Martials ေတြနဲ႔ တရားစီရင္ၿပီး ျပစ္ဒဏ္ေပးေၾကာင္း၊ ဒါနဲ႔ပတ္သက္ၿပီးေတာ့ မလုံေလာက္ေၾကာင္း၊ FFM ႏွင့္   ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ အစီရင္ခံစာေတြ၊ သုံးသပ္ခ်က္ေတြ ထြက္လာပါေၾကာင္း၊ ဒီအေပၚမွာေလ့လာ သုံးသပ္ၿပီး စစ္ဥပေဒခ်ဳပ္႐ုံးကေန ၎နဲ႔ ပတ္သက္ၿပီး Court of Inquiry လုပ္သင့္ပါတယ္ ဆိုၿပီးေတာ့   ဖြဲ႕စည္းစစ္ေဆးရန္ အႀကံျပဳခ်က္ေပးပါေၾကာင္း၊ အႀကံျပဳေပးတဲ့အတြက္ေၾကာင့္ ဗိုလ္ခ်ဳပ္ျမတ္ေက်ာ္ ဦးစီးတဲ့ Court of Inquiry ကိုဖြဲ႕စည္းၿပီး စစ္ေဆး ေဆာင္ရြက္မႈေတြ ေဆာင္ရြက္ေနပါေၾကာင္း၊ Court of Inquiry ကို ဥပေဒအရ လိုအပ္တဲ့ အႀကံဉာဏ္ေတြ ေပးဖို႔အတြက္ကိုလည္း ဗိုလ္ခ်ဳပ္ေသာင္းႏိုင္ ဒုတိယစစ္ဥပေဒခ်ဳပ္ ဦးေဆာင္တဲ့   ဥပေဒအႀကံေပး အဖြဲ႕ကိုပါ တစ္ခါတည္း  တြဲဖက္ဖြဲ႕စည္း၍ ေဆာင္ရြက္ခဲ့ပါေၾကာင္း၊   သူတို႔ လုပ္ေဆာင္ခ်က္ေတြ အေပၚမွာလည္း    သတင္းထုတ္ျပန္တာ အားနည္းတယ္လို႔ေျပာတာ၊ သတင္းထုတ္ျပန္တာ နည္းတယ္ဆိုတာ စစ္ေဆးေဆာင္ရြက္မႈ တစ္ခုလုံး Court of Inquiry တစ္ခုလုံး အစ/အဆုံး   အခ်က္အလက္ေတြ ျပန္ၿပီးၾကည့္ရတာလည္း လူေပါင္းရာခ်ီ၊ ေထာင္ခ်ီၿပီးေတာ့ ျပန္စိစစ္တာျဖစ္ပါေၾကာင္း၊    ရခိုင္ျပည္နယ္ သြားၿပီး ႏွစ္ႀကိမ္တိုင္တိုင္ လိုအပ္တဲ့ စစ္ေဆးမႈ  ေဆာင္ရြက္ခ်က္မ်ားကိုလည္း သတင္းထုတ္ျပန္ထားၿပီး   ျဖစ္ပါေၾကာင္း၊ တပ္မေတာ္သား တစ္ဦးက ျပစ္မႈတစ္ခုခုကို က်ဴးလြန္ ခဲ့တယ္ဆိုရင္   ၎က်ဴးလြန္တဲ့ ျပစ္မႈေတြ ေပၚေပါက္ဖို႔ ဒီအတိုင္းသြားရပါေၾကာင္း၊ တပ္မေတာ္သားမ်ားက ေန႔စဥ္လိုက္နာရတဲ့ စစ္စည္းကမ္းေတြ၊ တပ္မေတာ္ အက္ဥပေဒေတြ ရွိပါေၾကာင္း၊ ၎ဥပေဒေတြကို ခ်ဳိးေဖာက္တယ္ဆိုရင္ ပထမလုပ္ရတဲ့ အလုပ္မွာ Court of Inquiry  စုံစမ္းစစ္ေဆးေရး ခုံ႐ုံးဖြဲ႕၊ စုံစမ္းစစ္ေဆးေရးအဖြဲ႕က ဒီျဖစ္စဥ္ဟာ မွန္ကန္မႈရွိ/ မရွိ၊ ျဖစ္စဥ္မွာ ဘယ္သူပါဝင္မလဲ၊ ဒီပါဝင္သူေတြအထဲမွ ျပစ္မႈက်ဴးလြန္တဲ့သူက  ဘယ္သူေတြ ျပစ္မႈက်ဴးလြန္ျခင္း ရွိ၊မရွိ၊ တာဝန္ရွိသူက ဘယ္သူလဲ၊မရွိတဲ့ သူေတြက ဘယ္သူေတြလဲ၊ အဲဒီျပစ္မႈက်ဴးလြန္တဲ့ အေၾကာင္းရင္းက  ဘာလဲဆိုၿပီး ဒီျဖစ္စဥ္တစ္ခုလုံးကို စုံစမ္းစစ္ေဆးေရးခုံ႐ုံး Court of Inquiry ကေဖာ္ထုတ္ေပးရပါေၾကာင္း၊ ေဖာ္ထုတ္ၿပီးေတာ့ ေပၚေပါက္လာတဲ့ စုံစမ္းစစ္ေဆးေရး ခုံ႐ုံးအဖြဲ႕ရဲ႕  ေတြ႕ရွိခ်က္အေပၚမွာ ျပစ္မႈက်ဴးလြန္သူကို  စစ္တရား႐ုံး အဆင့္ဆင့္နဲ႔ စစ္ေဆးတာ ျဖစ္ပါေၾကာင္း၊ စစ္ဘက္တရားစီရင္ေရးနဲ႔  ပတ္သက္ၿပီး ေဆာင္ရြက္ေနတဲ့ဌာနႀကီး ႏွစ္ခုရွိေၾကာင္း၊ စစ္ေရးခ်ဳပ္႐ုံးနဲ႔ စစ္ဥပေဒခ်ဳပ္႐ုံးတို ႔ျဖစ္ေၾကာင္း၊ လုပ္ငန္းေတြအားလုံးကို ဥပေဒနဲ႔အညီ ထိန္းေက်ာင္းၿပီးေတာ့ ဥပေဒအႀကံျပဳခ်က္ေတြနဲ႔အညီ ေဆာင္ရြက္ေနတာျဖစ္ေၾကာင္း၊ တစ္ႏွစ္နဲ႔ျပန္လႊတ္လိုက္တဲ့ ကိစၥကေတာ့ ျဖစ္ေခါင့္ျဖစ္ခဲအမႈ၊   ရွားရွားပါးပါး ျဖစ္ေခါင့္ျဖစ္ခဲ  အေျခအေနျဖစ္ေၾကာင္း၊ကြၽန္ေတာ္တို႔က   အျခားႏိုင္ငံကိုသြားၿပီး က်ဴးလြန္တဲ့ အမႈလည္း  မဟုတ္ပါေၾကာင္း၊ အေျခအေနေတြ ႐ႈပ္ေထြးေနခ်ိန္၊ ARSA အဖြဲ႕ရဲ႕အၾကမ္းဖက္ တိုက္ခိုက္မႈေတြနဲ႔ အေျခအေနေတြ ႐ႈပ္ေထြးေနတဲ့အခ်ိန္မွာ  သူတို႔တာဝန္ ထမ္းေဆာင္ရင္းနဲ႔  ျဖစ္ခဲ့တဲ့ အေပၚ အဘက္ဘက္က အလုံးစုံေသာ အေၾကာင္းအရာေတြကို ထည့္သြင္းစဥ္းစားၿပီးမွ ျပစ္ဒဏ္ကို ေလွ်ာ႔ေပါ့ေပးတာဟာ ျဖစ္ေခါင့္ျဖစ္ခဲျဖစ္ပါေၾကာင္း၊ သာမန္အားျဖင့္ေတာ့ တပ္မေတာ္သား ေတြဟာ ကိုယ္က်ဴးလြန္တဲ့ ျပစ္မႈျပစ္ဒဏ္နဲ႔ ပတ္သက္ၿပီး ကင္းလြတ္ခြင့္ဆိုတာ မရွိပါေၾကာင္း၊ ၎နဲ႔ပတ္သက္ၿပီး ျပစ္ဒဏ္က်ခံရတဲ့သူေတြ အေပၚမွာလည္း တပ္မေတာ္ကေန ထုတ္ပယ္ခံရၿပီး ျဖစ္ပါေၾကာင္း၊ ျပစ္ဒဏ္ေလွ်ာ႔ေပါ့တဲ့ အပိုင္းက     တစ္ပိုင္းျဖစ္ပါေၾကာင္း၊ စစ္ဘက္တရားစီရင္မႈ အေျခအေနမ်ားဟာ ႏိုင္ငံတကာမွာလည္း အမ်ားစုယခုကဲ့သို႔ ေဆာင္ရြက္တာျဖစ္ေၾကာင္း၊ အေမရိကန္မွာလည္း ကြၽန္ေတာ္တို႔နဲ႔ အလားတူ စစ္တရား႐ုံးေတြ ရွိပါေၾကာင္း၊ ၎တို႔တြင္ စစ္တရား႐ုံး သုံးမ်ဳိးရွိတာျဖစ္ေၾကာင္း၊   ၿဗိတိသွ်၊ အိႏၵိယ၊ ပါကစၥတန္၊ အိုင္ယာလန္ စသည္ျဖင့္ က်န္တဲ့ႏိုင္ငံေတြမွာ   ေလ့လာၾကည့္ရင္ တပ္မေတာ္ရဲ႕ တရားစီရင္ေရးစနစ္ဟာ ႏိုင္ငံတကာ စံခ်ိန္၊ စံၫႊန္းေတြနဲ႔အညီ အလားတူက်င့္သုံးေနတဲ့ ပုံစံျဖစ္ပါေၾကာင္း  ေျဖၾကားခဲ့ပါသည္။       

ဆက္လက္ေဖာ္ျပပါမည္။

(Unicode Version)

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်၏ ဆောင်ရွက်ချက်များ၊ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း

ယမန်နေ့မှအဆက်

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ၂ဝ၁၉ ခုနှစ်  ဇွန် ၂၃ ရက် ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ   တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ၁၅ ဦးနှင့်  သတင်းမီဒီယာ ၂၂ ခုမှ သတင်းထောက် ၄၄ ဦး တက်ရောက် ခဲ့ကြပါသည်။

ဦးထက်နိုင်ဇော်(ဧရာဝတီသတင်းဌာန)

မေး။  ။လွှတ်တော်ထဲမှာ (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်ချက်  မူကြမ်းများဝေခဲ့ကြောင်း၊ လက်ရှိအာဏာရ ပါတီကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို  လွှတ်တော်လမ်းကြောင်းကနေ စတင်ကြိုးစားလာကြောင်း၊ တပ်မတော်ကလည်း ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ်ဆိုပြီး ရပ်တည်လာတော့ တစ်ဖက်က ဒီလမ်းကြောင်းကို အတင်းတွန်းတင်လာရင် နိုင်ငံရေး တည်ငြိမ်မှု ပျက်ပြားမှာကိုလည်း စိတ်ပူတဲ့သူတွေ ရှိကြောင်း၊   တကယ်လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တောက်လျှောက် ဆက်လုပ်လာမယ်ဆိုရင်   တပ်မတော်က ဘယ်လိုဆက်ပြီး  ရပ်တည်သွားမလဲ ဆိုတာ သိချင်ပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ကလည်း  ပြောကြားထားပြီး ဖြစ်ကြောင်း၊ မပြင်ရဘူးလို့ပြောထားတာ လုံးဝ မရှိပါကြောင်း၊ ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို ပြင်ဆင်ရမယ့် လမ်းကြောင်းအတိုင်း ဥပဒေနဲ့အညီ    ပြင်ဆင်ဖို့ပြောထားပြီး ဖြစ်ကြောင်း၊ ယခု ၄၅ ဦးကော်မတီနဲ့ ဆောင်ရွက်သောကိစ္စမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက  သဘောထား မှတ်ချက်ဆိုတာ ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ အချက်ပေါင်း ၃၇ဝဝ ကျော်ရှိသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အခြေခံဥပဒေဆိုတာ နိုင်ငံရဲ့ အသက်သွေးကြော ဥပဒေဖြစ်ကြောင်း၊ Mother Law ဖြစ်သည့်အတွက် ဒီအခြေခံ ဥပဒေကို သေသေချာချာ အချိန်ယူလေ့လာရေးဆွဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအပေါ်မှာ ပြင်ဆင်ဖို့လိုအပ်တဲ့   အချက်အလက်တွေကိုလည်း အခုလွှတ်တော်ထဲမှာ ဆောင်ရွက်ကြပါကြောင်း၊ ၎င်းမှာ ဥပဒေပြုပုဂ္ဂိုလ်များက အသေးစိတ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမှာဖြစ်ကြောင်း၊ လွှတ်တော်ထဲမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို စောင့်ကြည့်ပေးဖို့ ပြောကြားလိုပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးထက်နိုင်ဇော်(ဧရာဝတီသတင်းဌာန)

မေး။  ။ ဒါနဲ့ဆက်စပ်ပြီး ပြင်ဆင်ချက်တွေ ထွက်လာတဲ့အခါမှာ လူအများ စိတ်ဝင်စားတာက အာဏာရပါတီက လွှတ်တော်ထဲမှာ ပါဝင်တဲ့ တပ်မတော်သား ရာခိုင်နှုန်းကိုအဆင့်ဆင့် လျှော့ချသွားဖို့   သဘောထားပေးပါကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ်ကနေ ၂ဝ၂၅ ခုနှစ်မှာ ဘယ်လောက် ရာခိုင်နှုန်း၊ ၂ဝ၃ဝ ပြည့်နှစ်၊ ၂ဝ၃၅ ခုနှစ် တဖြည်းဖြည်း လျှော့ချသွားဖို့ သဘောထားမျိုး ပေးပါကြောင်း၊   တိုင်းရင်းသား ပါတီတချို့ကတော့    တပ်မတော်ရဲ့ ရာခိုင်နှုန်းကို ချက်ချင်းလျှော့ချထားဖို့ သဘောထားမျိုး ပေးပါကြောင်း၊ တပ်မတော်အနေနဲ့ ဘယ်လိုအချိန်မျိုးမှာ ထွက်ခွာဖို့ရှိပါသလား၊ ဥပမာ စီးပွားရေး တိုးတက်လာရင်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ် ဒီလိုအချိန်မျိုးမှာ ဆုတ်ခွာမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုးရှိပါသလား ဆိုတာ သိချင်ပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင်

အကြိမ်ကြိမ်   ပြောထားပြီးသားဖြစ်ပါကြောင်း၊ နိုင်ငံရဲ့နိုင်ငံရေး အခြေအနေ၊ တည်ငြိမ အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်နက်ကိုင်ပဋိပက္ခတွေ လုံးဝမရှိတော့သည့် အချိန်မျိုးကိုလည်း မျှော်လင့်ကြောင်း၊ ဒီအခြေအနေမျိုး ရောက်ပါစေလို့ ဆုတောင်းပါကြောင်း၊၎င်းနှင့်ပတ်သက်၍ လွှတ်တော်ထဲမှာ ပြင်ဆင်ဆောင်ရွက်ကြတဲ့   အခြေအနေဖြစ်သည့် အတွက် ဒီဆွေးနွေးမှုတွေက  အသေးစိတ် တော်တော်အချိန်ယူပြီး ဆွေးနွေးကြရမယ့် သဘောမျိုးလို့မြင်မိပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးအောင်သူရ (BBC သတင်းဌာန)

မေး။ ။ အပစ်ရပ်ထားသည့် ၇ လတာကာလ အတွင်း ကောင်းသည့် အချက်များနှင့် ဆိုး သည့်အချက်များကို သိရှိလိုကြောင်း၊ လက်မှတ်ရေးထိုးထားသည့် ၁ဝ ဖွဲ့အတွင်း PPST  နှင့် PPCMဆိုပြီး သဘောထား ကွဲနေကြောင်း၊ KNU အဖွဲ့အနေဖြင့် PPCM ကိုသွားလိုကြောင်း၊ တပ်မတော်အနေဖြင့် PPCM အပေါ်တွင် သဘောထား မည်ကဲ့သို့ရှိသနည်း၊ ယခုလိုသဘောထား ကွဲလွဲမှုနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သက်ရောက်မှု ရှိသလား မေးမြန်းခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

PPST နဲ့ PPCM ကိစ္စကို ဗိုလ်ချုပ်စိုးနိုင်ဦး က ရှင်းလင်းဖြေကြားမည် ဖြစ်ပြီး ပထမဦးဆုံး အပစ်ရပ် ၇ လတာ ကာလအတွင်း တပ်မတော်က အပစ်ရပ်စဲထားတဲ့ စစ်တိုင်း ၅ တိုင်း အခြေအနေကို သတင်းစာရှင်းလင်းပွဲတိုင်းမှာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌက ရှင်းလင်း ဆွေးနွေးပြီးဖြစ်ကြောင်း၊  နံပါတ်တစ်အချက်က ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲ မရှိသလောက်ဖြစ်ကြောင်း၊ ဒါကြောင့် IDP စခန်းတချို့ကို ကျေးရွာတွေ၊ သူတို့ နေရပ်ဌာနတွေကို ပြန်ပြောင်းဖို့အတွက် ပြန်လည်နေရာချထားခြင်း များကို ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ အပစ်ရပ်ထားတဲ့ နယ်မြေထဲမှာ ပထမဦးဆုံး အပစ်အခတ် ရပ်စဲ လိုက်သည့် အချိန်ကာလမှာ တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်မှု တော်တော်လေး နည်း သွားကြောင်း၊ သို့သော် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေမှာ RCSS/SSA အဖွဲ့နှင့် SSA (ဝမ်ဟိုင်းအဖွဲ့) ထိတွေ့တိုက်ခိုက်မှုရှိကြောင်း၊ သို့သော် အခုနောက်ပိုင်းနှစ်လနှင့် နောက်ပိုင်းမတိုင်ခင် ကာလတွင် RCSS/SSA အဖွဲ့နှင့်  SSA (ဝမ်ဟိုင်းအဖွဲ့) နှစ်ဖွဲ့ တွေ့ဆုံမှု လုပ်ခဲ့ကြောင်း၊ တွေ့ဆုံမှုလုပ်ခဲ့ပြီး နောက်ပိုင်းမှာလည်း အချင်းချင်း ထိတွေ့ တိုက်ခိုက်မှု တော်တော်လေး လျော့ကျသွားတာကို တွေ့ရကြောင်း၊ ဆိုလိုတာကတော့ ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲထားတဲ့ကာလအတွင်း  အပစ်ရပ်ထားတဲ့ စစ်တိုင်း ၅ တိုင်းတွင် သိသိသာသာနှင့် မရှိသလောက် လျှော့ချနိုင်ခဲ့ကြောင်း၊ လျှော့ချနိုင်ခဲ့တဲ့အတွက် အဓိက အကျိုးကျေးဇူး ခံစားရမှာတော့ ဒေသခံ တိုင်းရင်းသားပြည်သူလူထု ဖြစ်ကြောင်း၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် အရေးကြီးတာက လက်တွေ့ပြနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့ မပြနိုင်တဲ့ စိတ်ခံစားချက်တွေ ရှိကြောင်း၊ စိတ်ခံစားချက်တွေက ပိုအရေးကြီးတယ် ထင် ပါကြောင်း၊ ဥပမာ-ကရင်ပြည်နယ်ဟာ အရင်တုန်းက မိုင်းထောင်၊ မိုင်းဆွဲ၊ တိုက်ပွဲဖြစ်ပွား တာတွေ အများကြီးရှိကြောင်း၊ အခု ငြိမ်းချမ်းသွားတဲ့အချိန်မှာ အားလုံးက အပစ်အခတ် ရပ်စဲပြီး ကရင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အပစ် အခတ် မရှိတာ တော်တော်ကြာပြီဖြစ်ကြောင်း၊ ဒီလိုအချိန်မျိုးဖြစ်လာတဲ့ အချိန် ယခင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ မီဇိုင်းတောင်ကိစ္စ DKBA ခွဲထွက်အဖွဲ့မှ မီဇိုင်းတောင်ပေါ်မှာ သွားရောက်အခြေချတဲ့ အချိန်မှာ ဒေသခံပြည်သူလူထု အနေဖြင့် ငြိမ်းချမ်းရေးရဲ့အရသာ၊ ငြိမ်းချမ်းရေး၏ စိတ်ခံစားချက် သူတို့သိရှိလာတဲ့အခါမှာ ဒီသောင်းကျန်းမှုအပေါ်မှာ သူတို့မလိုလားမှုတွေ ဖြစ်တဲ့အတွက် သတင်းပေးခဲ့တာတွေ ရှိခဲ့ပါကြောင်း၊ ဒီလို မထောက်ခံတဲ့ အတွက် ဆက်လက်ရပ်တည်မှု မရနိုင်ကြောင်း၊ ကျွန်တော်တို့ လိုချင်တာက ဒီစိတ်မျိုးဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားတဲ့စိတ်ကို မွေးမြူနိုင်ခဲ့ပြီး ဒေသခံ ပြည်သူတွေရဲ့ အကျိုးခံစားခွင့်နှင့် ငြိမ်းချမ်းရေးကို ဒေသခံပြည်သူများက လိုလားတဲ့ မြင့်တက်လာမှုတွေ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်    ပိုပြီးအရေးပါလိမ့်မယ်လို့ ထင်ပါကြောင်း   ဖြေကြားခဲ့ပါသည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက ဆက်လက်ဖြေကြားရာတွင်

PPCM နှင့်ပတ်သက်ပြီး သီးခြားမှတ်ချက် ပေးစရာမရှိပါကြောင်း၊ PPCM နှင့် PPST သည် KNU အဖွဲ့အတွင်းဖြစ်ပွားသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ မီဒီယာများ အနေဖြင့် ပိုမိုသိရှိလိမ့်မည် ဖြစ်ပါကြောင်း၊ KNU အဖွဲ့မှ ပဒိုမန်းငြိမ်းမောင်နှင့်   ပဒိုစောတာဒိုမူးတို့ ပြောကြားခဲ့သည့် အချက်များကို ပြန်ကြည့်လျှင် ပိုမိုရှင်းလင်းမည်ဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် EAOs ၁ဝ ဖွဲ့အတွင်း PPST နှင့် PPCM တို့နှင့် ပတ်သက်ပြီး   ဦးခွန်ဥက္ကာ ပြောကြားထားသည့်အချက်များ ရှိပါကြောင်း၊ PPST နှင့် PPCM ပြဿနာကို EAOs ၁ဝ ဖွဲ့အတွင်း ရှင်းပြထားသည်များလည်း ရှိပါကြောင်း၊ အစိုးရနှင့် တပ်မတော်တို့အနေဖြင့်   NCA လမ်းကြောင်းအတိုင်း သွားနေခြင်းသာဖြစ်ကြောင်း၊ PPCM ကိစ္စရပ်သည် KNU အဖွဲ့အတွင်း ဖြစ်နေသည့် ကိစ္စရပ်ဖြစ်သည့်အပြင် EAOs ၁ဝ ဖွဲ့အတွင်း  ဖြစ်ပွားနေခြင်းသာဖြစ်ကြောင်း၊ အစိုးရ၊ တပ်မတော်တို့နှင့်  သက်ဆိုင်မှု မရှိပါကြောင်း၊ အစိုးရ၊ တပ်မတော်တို့ အနေဖြင့် NCA လမ်းကြောင်းအတိုင်းသာ သွားမည်ဖြစ်ပါကြောင်း၊ သီးခြား မှတ်ချက်ပေးရန် မရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးအောင်သူရ (BBC သတင်းဌာန)

မေး။ ။  Donald Trump နဲ့ KBC ဥက္ကဋ္ဌတွေ့တဲ့အခါ KBC ဥက္ကဋ္ဌက   တပ်မတော်အနေနဲ့ မြန်မာနိုင်ငံထဲမှာ ခရစ်ယာန်ဘာသာနဲ့ ပတ်သက်ပြီး    နှိပ်ကွပ်မှုတွေ ရှိနေတယ်လို့ ပြောခဲ့ပါကြောင်း၊  တပ်မတော်ရဲ့သဘောထားအမြင်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

အမေရိကန်သမ္မတနဲ့  KBC  ဥက္ကဋ္ဌ အပါအဝင်လေးဦးနှင့်    တွေ့ဆုံခဲ့မှုအား သိရပါကြောင်း၊    ပထမအချက် ပြောလိုသည်မှာ တပ်မတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊  တပ်မတော်ထဲမှာ   ကိုးကွယ်ရာ ဘာသာပေါင်းစုံ ရှိပါကြောင်း၊ ဒါ့ကြောင့် တပ်မတော်အနေနဲ့ ဘာသာရေး ဖိနှိပ်မှုမရှိပါကြောင်း၊ ဒုတိယအချက်မှာ     အဆိုပါအဖွဲ့ထဲမှာ ပါသည့် လဂျော်ဂမ်ဆိုင်း ဆိုသူမှာ သူပြောသည့်အတိုင်း မုံးကိုးတိုက်ပွဲတွင် သတင်းထောက်များအား လိုက်ပြ၍   ထောင်ကျတယ်ဆိုတာ မဟုတ်ကြောင်း၊ ဒီဒီနောင်လတ်နဲ့ လဂျော်ဂမ်ဆိုင်း တို့သည်   တိုက်ပွဲကာလအတွင်း    KIA အတွက် လက်နက်ခဲယမ်း သယ်ဆောင်ပေးခြင်း၊ တပ်သားသစ် စုဆောင်းပေးခြင်း၊ စက်သုံးဆီနဲ့ ရိက္ခာထောက်ပံ့ခြင်းများ  ပြုလုပ်ခဲ့တဲ့ သူများဖြစ်ကြောင်း၊ အဆိုပါ အချက်များအား စစ်ဆေးပေါ်ပေါက်ခဲ့ပြီး မတရားအသင်း ဥပဒေ ၁၇(၁)နဲ့ တရားစွဲခံရကြောင်း၊ တရားရုံး ထွက်ဆိုစစ်ဆေးချက်အရ ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ၊   ထောင်ဒဏ် ၂  နှစ်နဲ့ ၃ လ ကျခံခဲ့ရခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း ၂ဝ၁၈ ခုနှစ် ဧပြီလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသည့် သောင်းကျန်းသူများသာ ဖြစ်ကြောင်း၊ သောင်းကျန်းသူများ အနေနဲ့တွေ့ဆုံသည့်အခါမှာ ဖြစ်စဉ်တွေကို အမှန်အတိုင်း မပြောဘဲ မတရားဖမ်းဆီးခံရသယောင်၊    ဘာသာရေး နှိပ်ကွပ်မှုကြောင့် ဖမ်းဆီးခံရသယောင်   ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကို ဆန့်ကျင်ပုန်ကန်နေသူတွေကို ဘာသာရေး အရေခြုံပြီး Higth Light လုပ်ပြတာဟာ စဉ်းစားစရာဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ဦးမောင်မောင်ထွန်း(News Watch သတင်းဌာန)

မေး။  ။ လက်ရှိ Free Burma Ranger အဖွဲ့ဟာ ဘယ်မှာရောက်နေသလဲ၊ ဒါနဲ့ပတ်သက်ပြီးတော့ ထိတွေ့မှုတွေရှိသလား သိချင်ပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင်

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားစရာမရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးထက်နိုင်ဇော်(ဧရာဝတီသတင်းဌာန)

မေး။  ။ ရခိုင်အရေးကို အကြောင်းပြုပြီးတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် နှစ်ယောက်ကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာပိတ်တဲ့ အပေါ်မှာ တပ်မတော်က ဘယ်လိုသဘောထား ရှိသလဲ၊ နောက်ဆက်တွဲ ရခိုင်

အရေးကို အကြောင်းပြုပြီး  နိုင်ငံတကာက ဖိအားပေးမှုတွေ များလာကြောင်း၊ တပ်မတော်ကလည်း ခုံရုံးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးခေါင်းဆောင်တဲ့ ကော်မရှင်ဖွဲ့ပြီးတော့ သတင်းထုတ်ပြန်ချက်တွေက အားနည်းတယ်လို့ ထင်ပါကြောင်း၊ ဘယ်လို အရေးယူလဲဆိုတာ ဖော်ပြနိုင်ရင် နိုင်ငံတကာ ဖိအားတွေ လျော့မယ်လို့ ကျွန်တော်တို့ အကြံပြုပါကြောင်း၊ ဒါကြောင့် နိုင်ငံတကာ ဖိအားတွေ ကျော်လွှားနိုင်အောင်  တပ်မတော်အနေနဲ့ ဘယ်လိုလုပ်သွားမလဲ   သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင်

အမေရိကန်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အရာရှိကြီးနှစ်ဦးကို မိသားစုတွေနဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်တဲ့ Sanction မျိုးကို လုပ်ခြင်းသည် အမေရိကန်ပြည်တွင်း ဥပဒေအရ လုပ်တာကို ဘာမှပြောစရာ မရှိပါကြောင်း၊ ဒါပေမဲ့ လုပ်တဲ့ လုပ်ဆောင်ချက် အနေဖြင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တည်ဆောက်ထားတဲ့၊ တည်ထောင်ထားတဲ့ နိုင်ငံတော်ရဲ့ အစိတ်အပိုင်း၊ အဖွဲ့အစည်းဖြစ်ပါကြောင်း၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့   ပုဂ္ဂိုလ်တွေကလည်း ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ ဖြစ်ပါကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေကို  ဥပဒေက အပ်နှင်းထားတဲ့အတိုင်း  တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါကြောင်း၊တပ်မတော်က  နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်သလို ကျွန်တော်တို့နိုင်ငံဟာလည်း အချုပ်အခြာအာဏာ ရှိပါကြောင်း၊ အချုပ်အခြာအာဏာရှိတဲ့ လွတ်လပ်တဲ့ နိုင်ငံဖြစ်ကြောင်း၊ ကျွန်တော်တို့မှာ အစိုးရ၊ အစိုးရအဖွဲ့၊ ဥပဒေပြု လွှတ်တော်နှင့်  တရားစီရင်ရေး စနစ်တွေရှိပါကြောင်း၊ ပြည်တွင်းရေး အခြေအနေမှာ အချုပ်အခြာအာဏာပိုင်   အဖွဲ့အစည်း အသီးသီးထဲမှာမှ ဒီလိုမျိုး ပုဂ္ဂိုလ်တွေကို  ရွေးပြီးတော့ လုပ်တာဆိုပေမယ့်လည်း   နိုင်ငံတော်ရဲ့ အစိတ်အပိုင်း  ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဖြစ်လို့ နိုင်ငံ၊ အချုပ်အခြာအာဏာ၊  အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထုအပေါ် အနိုင်ကျင့်ပြီး လုပ်တဲ့၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီးတော့ ဆောင်ရွက်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ယူဆပါကြောင်း၊ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ အကြောင်းပြချက်ကလည်း  ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ပါကြောင်း၊  တပ်မတော်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း   နိုင်ငံသားအားလုံးနဲ့ အခြေခံ လူ့အခွင့်အရေး အားလုံးဟာ  အပြည်ပြည်ဆိုင်ရာ စံနှုန်း (Internation Norms) တွေနဲ့ ကိုက်ညီအောင် ရေးဆွဲထားပြီး နိုင်ငံသားအားလုံး လူ့အခွင့်အရေး တန်းတူရရှိအောင် ပြဋ္ဌာန်းပေးထားတဲ့ Rights and Responsibilities တွေရှိကြောင်း၊ ကျွန်တော်တို့နိုင်ငံမှာ   လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတဲ့  Norm  ကနိုင်ငံကြီးတွေ အနေဖြင့်  Double Standard လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး  ဒီလိုပုံစံမျိုး ဆောင်ရွက်နေတာ ရှိပါကြောင်း၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အများဆုံး ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာ  အဆုံးအမတွေ ရှိပါကြောင်း၊  အခြေခံအားဖြင့် ငါးပါးသီလဆိုတာလည်း ကျွန်တော်တို့ရဲ့ Value တွေဖြစ်ပါကြောင်း၊ တပ်မတော်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို လက်ခံတဲ့  အဖွဲ့အစည်း မဟုတ်ပါကြောင်း၊ တပ်မတော်က တပ်မတော် အက်ဥပဒေအပြင် နယ်ဘက်ဥပဒေတွေလည်း  လိုက်နာရပါကြောင်း၊   သတ်မှတ်ထားတဲ့  နိုင်ငံတကာ ဥပဒေတွေ လိုက်နာရတဲ့ အဖွဲ့အစည်းဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှမဟုတ်  နယ်ဘက်ဥပဒေ ချိုးဖောက်မှုတွေ၊   စစ်စည်းကမ်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေ၊ တပ်မတော် အက်ဥပဒေဆိုင်ရာ  ပြဋ္ဌာန်းချက်တွေ ချိုးဖောက်တယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီး Immunity ကင်းလွတ်ခွင့်ပေးခဲ့တယ်ဆိုတာ မရှိပါကြောင်း၊  ထင်ရှားတဲ့သာဓကတွေ ရှိပါကြောင်း၊   စစ်ဘက်တရားစီရင်ရေးနဲ့ ပတ်သက်လို့   လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ ကိစ္စတွေ၊ အင်းဒင်နဲ့ ပတ်သက်ပြီးပါဝင်ခဲ့တဲ့ တပ်မတော်သားတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ ကိစ္စကို  အားလုံးလည်း သိအောင် တပ်မတော်မှာ ကျင့်သုံးနေတဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး   ရှင်းလင်းချင်ပါကြောင်း၊ တပ်မတော်ရဲ့အက်ဥပဒေက ၁၉၅၉ ခုနှစ် ဥပဒေဖြစ်ပြီး ၁၉၆ဝ ပြည့်နှစ် ဇွန်လမှာ ပါလီမန်ကနေ ပြဋ္ဌာန်းခဲ့တာဖြစ်ပါကြောင်း၊ ၁၉၁၁ ခုနှစ် အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက ဗြိတိသျှတွေ အိန္ဒိယမှာ ကျင့်သုံးခဲ့တဲ့ ဥပဒေကို   ပြန်ပြီးရေးဆွဲထားတဲ့  ဥပဒေဖြစ်ပါကြောင်း၊ တပ်မတော်သားတွေအနေနဲ့ နယ်ဘက်ပြစ်မှုတွေ ကျူးလွန်တယ်ဆိုရင် တပ်မတော်မှာ  အက်ဥပဒေပုဒ်မ ၇၁ နဲ့ ၇၂ စစ်တရားရုံး အဆင့်ဆင့်ရှိပါကြောင်း၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၂ အရ တပ်မတော်သား တစ်ဦးအနေဖြင့် အရပ်သား တစ်ဦးကို လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု ကျူးလွန်ခြင်း၊ တန်းပြည့် စစ်မှုထမ်းချိန် ဒါမှမဟုတ် နယ်စပ်စစ်စခန်း တစ်ခုခုတွင်   ဒါမှမဟုတ် ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော် ပြင်ပတွင်ဖြစ်ပါက   စစ်တရားရုံးဖြင့်သာ စစ်ဆေးရမှာဖြစ်ပြီး အထက်ဖော်ပြပါ အမှုသုံးမျိုးကို အခြားနေရာ၊ အချိန်မှာ ကျူးလွန်ခဲ့တယ်ဆိုရင်     နယ်ဘက် တရားရုံးကို လွှဲပြောင်းပေးရမှာ ဖြစ်ပါကြောင်း၊ တန်းပြည့်စစ်မှုထမ်းချိန် ဆိုသည်မှာ       တပ်မတော် အက်ဥပဒေ ပုဒ်မ ၃ (က)အရ    ရန်သူနဲ့ ပြိုင်ဆိုင်   တိုက်ပွဲဆင်နွှဲနေသော အချိန်၊ တိုက်ပွဲဆင်နွှဲနေသော တပ်ဖွဲ့တစ်ဖွဲ့တွင် တွဲဖက်ထားတဲ့အချိန်၊ ထိုနည်းမဟုတ် ပါဝင်တဲ့အချိန် ရန်သူက လုံးဝသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော် လည်းကောင်း ပိတ်ပင်ထားတဲ့ အချိန်၊ တိုက်ပွဲဆင်နွှဲနေတဲ့ အချိန် သို့တည်းမဟုတ် စစ်ချီတက်ရာတွင် ပါဝင်နေတဲ့အချိန်၊ စစ်ကြောင်းသွားနေတဲ့ အချိန်၊ နိုင်ငံခြား နိုင်ငံတစ်ခုကို သိမ်းပိုက်ထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့မှာ  တွဲဖက်ထားတဲ့ အချိန်ဆိုတာကို တန်းပြည့် စစ်မှုထမ်းချိန်ဆိုပြီး သတ်မှတ်ထားပါကြောင်း၊ တန်းပြည့်စစ်မှုထမ်းချိန်မှာ     တပ်မတော်သား တစ်ဦးက နယ်ဘက်လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု စတဲ့ပြစ်မှုကို ကျူးလွန်တယ်ဆိုရင် စစ်တရားရုံးအနေနဲ့ တရားစီရင်ရတာဖြစ်ပါကြောင်း၊ တပ်မတော်သားတစ်ဦး ကျူးလွန်တဲ့ နယ်ဘက်ပြစ်မှုဟာ ရာဇဝတ်တရားရုံးကနေ စစ်ဆေးစီရင်ပြီးရင် ဖြစ်စေ၊ စစ်တရားရုံးက စစ်ဆေးစီရင်ရန် ဖြစ်စေ သတ်မှတ်ရွေးချယ်ရာမှာ အက်ဥပဒေ ပုဒ်မ ၁၂၈၊ ၁၂၉ ပါပြဋ္ဌာန်းချက်အရ စစ်တရားရုံးသို့ အခွင့်အာဏာရ အရာရှိနဲ့အတူ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့က ညွှန်ကြား ဆုံးဖြတ်နိုင်တယ်လို့ ဖော်ပြထားပါကြောင်း၊ စစ်ဘက်တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ စပ်လျဉ်းပြီး ပြောရမယ်ဆိုရင် နည်းဥပဒေ ၇၉ ၊ ၁၂၆အရ Closed Court လျှို့ဝှက်တရားခွင်မှာ ရုံးထိုင်ရန် ညွှန်ကြားထားတဲ့ ကိစ္စများမှအပ Opened Court လူသိရှင်ကြား တရားခွင်နဲ့ ရုံးထိုင် စစ်ဆေးစီရင် ရပါကြောင်း၊ နောက်တစ်ချက်က တပ်မတော်သား တစ်ဦးဦး ပြစ်မှုကျူးလွန်ရင် ရဲကဖမ်းထားမယ် ဒါမှမဟုတ် နယ်ဘက်တရားရုံးမှာ စီရင်နေတဲ့အချိန် တပ်မတော်သား တစ်ဦးဖြစ်တယ်ဆိုတာကို ပေါ်ပေါက်လာရင် တပ်မတော်ကို    ပြန်လွှဲပေးရပါကြောင်း၊ တပ်မတော်အက်ဥပဒေ ပုဒ်မ ၁ဝ၆ နဲ့ ၁ဝ၇ ပြီးရင်  နယ်ဘက်ဆိုင်ရာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄၉ ၊ တရားရုံးလက်စွဲ ပုဒ်မ ၅၁ဝ၊ မြန်မာနိုင်ငံရဲ လက်စွဲ (ဒုတိယတွဲ)မှာပါတဲ့ စာပိုဒ် ၁၇၃၅ တို့နဲ့အညီ တရားခံစစ်သည်ကို သူကျူးလွန်တဲ့ ပြစ်မှုအကြောင်းအရာကို ဖော်ပြ၍ တပ်မတော်ကိုပြန်လည် လွှဲပြောင်းပြီး  တပ်မတော်က စစ်ဆေးစီရင်ရတာ ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၃၁၉၊ ၃၄၃ တို့တွင် စစ်တရားရုံးများကို တပ်မတော်သားများအတွက် ဖွဲ့စည်းစီရင်ရန်နှင့် စစ်ဘက်တရားစီရင်ရေးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်ဟု   ဖော်ပြထားပါကြောင်း၊ တပ်မတော်အက်ဥပဒေ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ ပုဒ်မပေါင်း ၂၃၇ ခုပါကြောင်း၊ နည်းဥပဒေမှာ အပိုဒ်ပေါင်း ၂၃၆ ခု ပါကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ   ၂၉၁ မှာ နိုင်ငံ့ဝန်ထမ်းများဖြစ်တဲ့ တပ်မတော်သားများရဲ့ လုပ်ငန်း သဘောသဘာဝဟာ  ထူးခြားမှု ရှိတဲ့အလျောက်   တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာ   ဥပဒေများနှင့်အညီ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါကြောင်း၊ ဒီနေရာမှာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အကြီးအကဲဖြစ်တယ်ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါကြောင်း၊ Commander in Chief of Defense Services is the Supreme Commander of all Armed Forces ဒီလို အင်္ဂလိပ်လို ဖော်ပြထားတာဖြစ်ပါကြောင်း၊ အင်းဒင်ကိစ္စမှာလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့တဲ့ အခြေအနေကို ဆက်လက် ရှင်းပြမည်ဖြစ်ကြောင်း၊   အရင်တုန်းကလည်း  ရှင်းထားပြီးသားဖြစ်ပါကြောင်း၊ ဒီဥပဒေနှင့်အညီ  ဆောင်ရွက်တဲ့ အချိန်မှာ Court Martials စစ်တရားရုံး လေးမျိုးရှိပါကြောင်း၊ စစ်တရားရုံးလေးမျိုးမှာ အနိမ့်ဆုံးဖြစ်တဲ့ တပ်တွင်းစစ်တရားရုံး၊ နောက်သူ့ထက် အဆင့်မြင့်တဲ့ တိုင်းစစ်တရားရုံး၊အကျဉ်းစစ်တရားရုံးချုပ်နှင့် စစ်တရားရုံးချုပ်ဆိုပြီးတော့ ရှိပါကြောင်း၊ အခြေခံဥပဒေပုဒ်မ-၂၃၉ မှာလည်း စစ်ဘက်တရားရုံးများ ဆိုပြီးတော့ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါကြောင်း၊ စစ်တရားရုံးများ Court Martials မှ ပြစ်မှု၊ ပြစ်ဒဏ် စစ်ဆေးစီရင်ပြီးတော့ ပြစ်ဒဏ်ချမှတ်တဲ့ တပ်မတော်သားတွေ အကျဉ်းထောင်ရောက်ပြီဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆီကို သူတို့ကျခံတဲ့ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အသနားခံလို့ ရပါကြောင်း၊ ဒီချမှတ်ထားတဲ့ ပြစ်ဒဏ်ကို  လျှော့ပေးဖို့ လည်းကောင်း၊ ညှာတာပေးဖို့ လည်းကောင်း  စသည်ဖြင့် ပြစ်ဒဏ်ကျတဲ့ တပ်မတော်သားတစ်ဦးက နယ်ဘက်   အကျဉ်းထောင်မှာပဲဖြစ်ဖြစ်၊ကျန်တဲ့   အကျဉ်းထောင်မှာပဲဖြစ်ဖြစ် ပြစ်ဒဏ်ကျခံရပြီဆိုလျှင် ဒီပြစ်ဒဏ်ကနေ လွတ်ငြိမ်းဖို့   အသနားခံလို့ရပါကြောင်း၊ အသနားခံစာကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆီ တင်ရမှာဖြစ်ပါကြောင်း၊ အသနားခံစာ ပယ်ချခံရပါက  နောက်ထပ်စစ်ဘက် အယူခံတရားရုံးဆိုတာ ရှိပါကြောင်း၊ အဲဒီတရားရုံးကို တင်ပြပြီး အယူခံခွင့်ရှိပါကြောင်း၊ ယခုဖြစ်စဉ်မှာလည်း အသနားခံစာ တင်ပြတဲ့ အမှုအခင်းဖြစ်တဲ့ အခြေအနေဖြစ်ကြောင်း၊ ဒီအခြေအနေကလည်း ပြန်ကြည့်ရင်  နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင် ခဲ့တဲ့၊ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေမှာ ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး Court Martials မှ  ပြစ်ဒဏ်ချမှတ်ခဲ့ပါကြောင်း၊ ပြစ်ဒဏ်ကျခံရတာနဲ့ ပတ်သက်ပြီး Social Media တွေမှာတောင် စာရေးသားတောင်းဆိုတာ မေတ္တာရပ်ခံစာတွေ အများကြီးရှိပါကြောင်း၊ ရဟန်းရှင်လူ ပြည်သူတော်တော်များများက နေပြီး  သူတို့က ပြည်သူလူထုရဲ့ သားသမီးတွေ၊ တပ်မတော်သားတွေဖြစ်တဲ့အတွက် နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေရင်း ဖြစ်တဲ့အခါမှာ ဒီအဖြစ်ကို စဉ်းစားပေးဖို့၊ ဆောင်ရွက်ပေးဖို့ တင်ပြလာပါကြောင်း၊ ဒါနဲ့ပတ်သက်ပြီး အလုံးစုံသော အကြောင်းအရာတွေ ဆင်ခြင်သုံးသပ်ရပါကြောင်း၊ ကာကွယ်ရေးတာဝန် ထမ်းဆောင်တဲ့အပိုင်းမှာ သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေအနေပေါ်မှာရော အလုံးစုံသော အကြောင်းတရားတွေ ထည့်သွင်းစဉ်းစားပြီး စစ်စည်းကမ်းထိန်းသိမ်းရေး အပိုင်းကလည်း သူတို့ပြစ်ဒဏ်ချမှတ်ပေးပြီး ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုး အပေါ်မှာလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးတာ ဖြစ်ပါကြောင်း၊ လက်လွတ်စပယ် ဆောင်ရွက်ခဲ့တာ မဟုတ်ပါကြောင်း၊ စစ်ဘက်တရားစီရင်ရေးနဲ့   ပတ်သက်ပြီး စစ်တရားရုံး ဖွဲ့စည်းတဲ့ကိစ္စတွေ၊  ဥပဒေနဲ့ ပတ်သက်ပြီး ပြစ်မှု၊  ပြစ်ဒဏ်ကိစ္စတွေဟာ စစ်ရေးချုပ်ရုံးနှင့်   စစ်ဥပဒေချုပ်ရုံးတို့ ရှိပါကြောင်း၊ စစ်ရေးချုပ်ရုံးကနေ တရားစီရင်ရေး ဆောင်ရွက်ပြီးတော့   ဥပဒေအပိုင်းနဲ့ပတ်သက်ပြီး စစ်ဥပဒေချုပ်ရုံးက ဆောင်ရွက်တာတွေ ရှိပါကြောင်း၊  စစ်ဥပဒေချုပ်ရုံးမှာရှိတဲ့ အရာရှိအကုန်လုံးဟာ ဥပဒေပညာရှင်တွေ ဖြစ်ပါကြောင်း၊ ဥပဒေပညာရှင်တွေ ဖြစ်တဲ့အတွက် စိစစ်ပြီးတော့ နောက်ဆုံးစိစစ် အကြံပြုချက်အပေါ်မှာ ဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်ပါကြောင်း၊ ဒါနဲ့ပတ်သက်ပြီးတော့ ထင်ရှားတဲ့ ဥပမာတစ်ခု ပြောချင်ပါကြောင်း၊ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်အပေါ်မှာ ဝေဖန်မှုတွေဖြစ်လာကြောင်း၊ ဒီအပေါ်မှာလည်း    ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့   စုံစမ်းစစ်ဆေးရေးအဖွဲ့က မြေပြင်မှာ ကွင်းဆင်း စစ်ဆေးခဲ့တာကို သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးပြီး တွေ့ရှိချက်တွေအပေါ် Court Martials တွေနဲ့ တရားစီရင်ပြီး ပြစ်ဒဏ်ပေးကြောင်း၊ ဒါနဲ့ပတ်သက်ပြီးတော့ မလုံလောက်ကြောင်း၊ FFM နှင့်   နိုင်ငံတကာ အဖွဲ့အစည်းများမှ အစီရင်ခံစာတွေ၊ သုံးသပ်ချက်တွေ ထွက်လာပါကြောင်း၊ ဒီအပေါ်မှာလေ့လာ သုံးသပ်ပြီး စစ်ဥပဒေချုပ်ရုံးကနေ ၎င်းနဲ့ ပတ်သက်ပြီး Court of Inquiry လုပ်သင့်ပါတယ် ဆိုပြီးတော့   ဖွဲ့စည်းစစ်ဆေးရန် အကြံပြုချက်ပေးပါကြောင်း၊ အကြံပြုပေးတဲ့အတွက်ကြောင့် ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့ Court of Inquiry ကိုဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်မှုတွေ ဆောင်ရွက်နေပါကြောင်း၊ Court of Inquiry ကို ဥပဒေအရ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးဖို့အတွက်ကိုလည်း ဗိုလ်ချုပ်သောင်းနိုင် ဒုတိယစစ်ဥပဒေချုပ် ဦးဆောင်တဲ့   ဥပဒေအကြံပေး အဖွဲ့ကိုပါ တစ်ခါတည်း  တွဲဖက်ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပါကြောင်း၊   သူတို့ လုပ်ဆောင်ချက်တွေ အပေါ်မှာလည်း    သတင်းထုတ်ပြန်တာ အားနည်းတယ်လို့ပြောတာ၊ သတင်းထုတ်ပြန်တာ နည်းတယ်ဆိုတာ စစ်ဆေးဆောင်ရွက်မှု တစ်ခုလုံး Court of Inquiry တစ်ခုလုံး အစ/အဆုံး   အချက်အလက်တွေ ပြန်ပြီးကြည့်ရတာလည်း လူပေါင်းရာချီ၊ ထောင်ချီပြီးတော့ ပြန်စိစစ်တာဖြစ်ပါကြောင်း၊    ရခိုင်ပြည်နယ် သွားပြီး နှစ်ကြိမ်တိုင်တိုင် လိုအပ်တဲ့ စစ်ဆေးမှု  ဆောင်ရွက်ချက်များကိုလည်း သတင်းထုတ်ပြန်ထားပြီး   ဖြစ်ပါကြောင်း၊ တပ်မတော်သား တစ်ဦးက ပြစ်မှုတစ်ခုခုကို ကျူးလွန် ခဲ့တယ်ဆိုရင်   ၎င်းကျူးလွန်တဲ့ ပြစ်မှုတွေ ပေါ်ပေါက်ဖို့ ဒီအတိုင်းသွားရပါကြောင်း၊ တပ်မတော်သားများက နေ့စဉ်လိုက်နာရတဲ့ စစ်စည်းကမ်းတွေ၊ တပ်မတော် အက်ဥပဒေတွေ ရှိပါကြောင်း၊ ၎င်းဥပဒေတွေကို ချိုးဖောက်တယ်ဆိုရင် ပထမလုပ်ရတဲ့ အလုပ်မှာ Court of Inquiry  စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဖြစ်စဉ်ဟာ မှန်ကန်မှုရှိ/ မရှိ၊ ဖြစ်စဉ်မှာ ဘယ်သူပါဝင်မလဲ၊ ဒီပါဝင်သူတွေအထဲမှ ပြစ်မှုကျူးလွန်တဲ့သူက  ဘယ်သူတွေ ပြစ်မှုကျူးလွန်ခြင်း ရှိ၊မရှိ၊ တာဝန်ရှိသူက ဘယ်သူလဲ၊မရှိတဲ့ သူတွေက ဘယ်သူတွေလဲ၊ အဲဒီပြစ်မှုကျူးလွန်တဲ့ အကြောင်းရင်းက  ဘာလဲဆိုပြီး ဒီဖြစ်စဉ်တစ်ခုလုံးကို စုံစမ်းစစ်ဆေးရေးခုံရုံး Court of Inquiry ကဖော်ထုတ်ပေးရပါကြောင်း၊ ဖော်ထုတ်ပြီးတော့ ပေါ်ပေါက်လာတဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ရဲ့  တွေ့ရှိချက်အပေါ်မှာ ပြစ်မှုကျူးလွန်သူကို  စစ်တရားရုံး အဆင့်ဆင့်နဲ့ စစ်ဆေးတာ ဖြစ်ပါကြောင်း၊ စစ်ဘက်တရားစီရင်ရေးနဲ့  ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ဌာနကြီး နှစ်ခုရှိကြောင်း၊ စစ်ရေးချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့ဖြစ်ကြောင်း၊ လုပ်ငန်းတွေအားလုံးကို ဥပဒေနဲ့အညီ ထိန်းကျောင်းပြီးတော့ ဥပဒေအကြံပြုချက်တွေနဲ့အညီ ဆောင်ရွက်နေတာဖြစ်ကြောင်း၊ တစ်နှစ်နဲ့ပြန်လွှတ်လိုက်တဲ့ ကိစ္စကတော့ ဖြစ်ခေါင့်ဖြစ်ခဲအမှု၊   ရှားရှားပါးပါး ဖြစ်ခေါင့်ဖြစ်ခဲ  အခြေအနေဖြစ်ကြောင်း၊ကျွန်တော်တို့က   အခြားနိုင်ငံကိုသွားပြီး ကျူးလွန်တဲ့ အမှုလည်း  မဟုတ်ပါကြောင်း၊ အခြေအနေတွေ ရှုပ်ထွေးနေချိန်၊ ARSA အဖွဲ့ရဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ အခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ  သူတို့တာဝန် ထမ်းဆောင်ရင်းနဲ့  ဖြစ်ခဲ့တဲ့ အပေါ် အဘက်ဘက်က အလုံးစုံသော အကြောင်းအရာတွေကို ထည့်သွင်းစဉ်းစားပြီးမှ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတာဟာ ဖြစ်ခေါင့်ဖြစ်ခဲဖြစ်ပါကြောင်း၊ သာမန်အားဖြင့်တော့ တပ်မတော်သား တွေဟာ ကိုယ်ကျူးလွန်တဲ့ ပြစ်မှုပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ကင်းလွတ်ခွင့်ဆိုတာ မရှိပါကြောင်း၊ ၎င်းနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကျခံရတဲ့သူတွေ အပေါ်မှာလည်း တပ်မတော်ကနေ ထုတ်ပယ်ခံရပြီး ဖြစ်ပါကြောင်း၊ ပြစ်ဒဏ်လျှော့ပေါ့တဲ့ အပိုင်းက     တစ်ပိုင်းဖြစ်ပါကြောင်း၊ စစ်ဘက်တရားစီရင်မှု အခြေအနေများဟာ နိုင်ငံတကာမှာလည်း အများစုယခုကဲ့သို့ ဆောင်ရွက်တာဖြစ်ကြောင်း၊ အမေရိကန်မှာလည်း ကျွန်တော်တို့နဲ့ အလားတူ စစ်တရားရုံးတွေ ရှိပါကြောင်း၊ ၎င်းတို့တွင် စစ်တရားရုံး သုံးမျိုးရှိတာဖြစ်ကြောင်း၊   ဗြိတိသျှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အိုင်ယာလန် စသည်ဖြင့် ကျန်တဲ့နိုင်ငံတွေမှာ   လေ့လာကြည့်ရင် တပ်မတော်ရဲ့ တရားစီရင်ရေးစနစ်ဟာ နိုင်ငံတကာ စံချိန်၊ စံညွှန်းတွေနဲ့အညီ အလားတူကျင့်သုံးနေတဲ့ ပုံစံဖြစ်ပါကြောင်း  ဖြေကြားခဲ့ပါသည်။       

ဆက်လက်ဖော်ပြပါမည်။

Recent News